Pages

Saturday, August 16, 2008

လွမ်းအိုးကွဲ

ညက တိတ်နေချိန်မှာ
အလွမ်းတွေ တပွင့်ပြီးတပွင့် ပွင့်လိုက်တာ
အိပ်မက်ခင်းကြီး ဖြစ်သွားတယ်
သူနဲ့ ဝေးနေတုန်းမှာပေါ့။

ငါဟာ ကြွေကျသွားနိုင်ပါတယ်။
လမ်းလျှောက်တာတောင် ဖွဖွ လှမ်းနေရ
ဆံပင်ကို လိုအပ်မှ ညှပ်တော့တယ်
လက်သည်းကို လိုအပ်မှ ညှပ်တော့တယ်
စိတ်ရှိတိုင်း လွမ်းချင်တာတောင် ချိုထားလို့
အားအင်တွေ ငါသိုထားခဲ့
ငါ့ရဲ့ ခံစားချက်တွေကို တရားနဲ့ ဖြေခဲ့တယ်။
သူ့နားကပ်ပြီး
တိုးတိုးပြောပြမယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။

ယောဟန်အောင်
ကာလ မသိရ

7 comments:

Moe Cho Thinn said...

ကဗျာလေးက ကောင်းလိုက်တာ..
ဒါမျိုးတွေ ဖြစ်ဖူးတယ်၊ ဖြစ်တတ်ပါတယ်..

ပို့စ်လေးတွေ ပြန်တင်လို့ ကျေးဇူးပါ။ နေ့တိုင်းလာဖတ်နေမိလို့ပါ။
အရင်က ကွန်မန့်ရေးတတ်တာ ၂ပတ်လောက်ပဲ ရှိသေးလို့ ခြေရာ မချန်ခဲ့လိုက်တာပါ။

မေငြိမ်း said...

အင်းး တကယ်ကတော့ ကျမဖတ်ချင်တာ..ပြီးတော့ ရေးချင်တာ အဲလို ကဗျာတွေ....။

ပုရစ် said...

ဆံပင်ကိုလိုအပ်လို့ညှပ်ချင်တာတောင် တခါတခါပိုက်ဆံပြတ်တဲ့ရက်ခံသွားယင်
ဆံပင်နဲနဲရှည်သွားတာလည်းရှိတယ်အကိုရေ့
(ကဗျာအတွက်ကျေးဇူးတင်ပါတယ်)

thorn musem said...

လွမ်းအိုးကွဲ ကဗျာကတော့.....
ရင်ထဲကို ဒိုင်းကနဲ ဘဲကိုယောရေ..။

MANORHARY said...

ကောင်းလိုက်တဲ့ကဗျာ
ရင်ကိုထိချက်ပြင်းတယ်
ပြင်း...လွန်း...တယ်...

သက်ဝေ said...

သူ့နားကပ်ပြီး
တိုးတိုးပြောပြမယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့...

ကဗျာလေးက အရမ်းချစ်စရာကောင်းတယ်...
ကျေးဇူးပါ...

မသင်းသင်း said...

တော်လှန်ရေးသမားတစ်ဦးကရေးတဲ့ကဗျာ
ခံစားချက်ပါလို့လားမသိ
ကြည်နူးလွမ်းမောဖွယ်ရာ
“ငါ့ရဲ့ခံစားချက်တွေကို တရားနဲ့ဖြေခဲ့တယ်”
တဲ့
အစ်ကိုယောဟန်ရေ 2008ခုနှစ်ကဗျာကို 2009'Dec မှ ဖတ်ခွင့်ရလို့ ခုမှပဲ ရေးရပါတယ်။ ကဗျာကောင်းလေးတစ်ပုဒ်က အလွမ်းတွေ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်စေပါတယ်။

Recent Comments