Friday, November 30, 2007
နောက်ထပ်တမိုင်ခရီးအလို Chris De Burgh
“တမိုင်သာပဲ လိုပါတော့သတဲ့”
ကျနော်တို့ ပြည်ပနေသူတွေလည်း အိမ်အပြန်၊ မိသားစုတွေ စုဆုံစည်းရဖို့ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြတာပါပဲ။
ဒုက္ခသည်စခန်းက ပြည်သူတွေကလည်း အိမ်အပြန် ငြိမ်းချမ်းရေးကို တောင့်တနေကြတာပဲပေါ့။
ကျနော်တို့လည်း တမိုင်မျှသာ ခရီးအလိုပဲလား? ခရစ္စမတ်သီချင်းတွေ နားထောင်နေတယ်ဆိုတဲ့ ကိုရဲအတွက် အထူးပေါ့ဗျာ။
DJ Yaw
နောက်ထပ်တမိုင်ခရီးအလို
ခရစ္စ ဒီ ဘာ့ဂ်
တောင်ကြားလွင်ပြင်မှာ နှင်းတွေလွှမ်း တိတ်ဆိတ်လို့
ရထားက နောက်ထပ်ခရီးတမိုင်သာ လိုတော့တယ်
လွမ်းရတဲ့ ချစ်သူလေးက ဘူတာမှာစောင့်နေလေရဲ့
သူစောင့်နေခဲ့..
ခုတော့ အလင်းရောင်တွေက အောက်မြေပြင်မှာ ၀င်းပ
ငါ့အိမ်ရှိရာ ကျေးလက်ရွာကလေးကို မြင်နေရ
ငါချစ်တဲ့ ဒေသတွေကို ပြန်မြင်ရတော့မယ်
ကြာခဲ့လှပေါ့ ...
ခုတော့ အိမ်ရောက်ဖို့ တမိုင်သာလိုတော့တယ်။
ချစ်ခင်ကြတဲ့ သူတွေ အိမ်ပြန်လာတော့ အားလုံးမြူးရွှင်လန်းကြွ
အားလုံးရထားပေါ်က ဆင်းသွားကြတော့... ငါတယောက်ထဲ ဆက်ရပ်နေမိ
သူမ မျက်နှာကလေးကို အရိပ်အောက်မှာ မြင်လိုက်ရ
ဝင်းပတဲ့ မျက်နှာနဲ့ ငါ့ဆီပြေးလာနေတယ်။
ခုတော့ အလင်းရောင်တွေက ကမ္ဘာတခွင်လုံး တောက်ပထွန်းလင်းနေခဲ့
ယောက်ျားလေးတိုင်း၊ မိန်းကလေးတိုင်းအတွက် မှော်ဆန်ဖွယ်ည
လူကြီးအားလုံးက ငြိမ်းချမ်းရေးကို မျှော်လင့်နေခဲ့ကြ..
ခရစ္စမတ်အကြို ဒီညမှာ... ငါတို့အားလုံးက ငြိမ်းချမ်းရေးကို တောင့်တအိပ်မက် မက်နေခဲ့ကြတယ်
ခုတော့ တို့တွေ အိမ်နဲ့ နီးခဲ့လေပြီ... တမိုင်ခရီး အလိုသာ...
တို့တွေ အိမ်နဲ့ နီးခဲ့လေပြီ... တမိုင်ခရီး အလိုသာ...
အိမ်နဲ့ နီးခဲ့လေပြီ... တမိုင်ခရီး အလိုသာ...
ယောဟန်အောင် ဘာသာပြန်ဆိုသည်။
One More Mile To Go
Chris de Burgh
When the valley's quiet with the snow,
And the train has one more mile to go,
To the station where my love will be,
She waits for me, she waits for me;
Now the lights are shining down below,
And I see the village that's my home,
And I see all the places that I love,
It's been so long, been away so long,
And I'm nearly home, one more mile to go;
There is joy for loved ones coming home,
And everyone has gone, I'm standing here alone,
But in the shadows I can see her face,
She comes to me, she's here for me;
And now a light is shining round the world,
It's a magic night for every boy and girl,
'Cos it's the time that all men dream of peace,
On Christmas eve, we dream of peace,
And we're nearly home, one more mile to go,
Yes we're nearly home, one more mile to go,
And we're nearly home, one more mile to go.
Saturday, November 24, 2007
လွတ်မြောက်ရာလမ်း ခရစ္စ ဒီ ဘာ့ဂ်
ခရစ္စ ဒီ ဘာ့ဂ်
ပြူတင်းတံခါးကို ဖြတ်လာတဲ့လေ
ငါကို ရိုက်ခတ်သွားရဲ့
သူက နွေကုန်သွားပြီ
ဆောင်းက အမှောင်ရိပ်နောက်မှာ စောင့်နေပြီဆိုတာ
မုန်တိုင်းမိုးသည်းနဲ့ စောင့်နေပြီဆိုတာ ပြောခဲ့တယ်...။
ငါက အိုမင်းလှပေါ့
ငါ့အရိုးတွေလည်း ချိနဲ့
ငါ့မှာ ပိုင်ဆိုင်တာဆိုလို့ သားတယောက်ပဲ ရှိတော့တယ်
သူက လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ ထွက်သွားလေရဲ့
ငါ့နှလုံးကိုပါ ယူသွားခဲ့..
ငါ့ဘ၀တသက်တာလုံး
ဒီမြေကိုချစ်ခဲ့
ငါ့လက်နဲ့ ထွန်ယက်ခဲ့
အစေ့တွေ မြေထဲရှိစဉ်မှာ ဒီလွတ်မြောက်ရေးက
မိုးစက်တွေ သယ်လာပေးမှာလား....
ဒီလွတ်မြောက်ရေးက ငါ့နာကျဉ်ခံစားရမှုတွေ သက်သာစေပြီး
သားကို ပြန်ခေါ်ခဲ့ပေးမှာလား...။
ငါရပ်နေရာ ကျောက်ဆောင်အောက်က
သူတို့ ရွက်လွှင့်ထွက်ခွါသွားတာ
ငါမြင်ခဲ့ရတယ်..
ပင်လယ်က မိုးမဆုံးဒေါသတွေ လျှံနေသလိုပဲ
လွတ်မြောက်ရေးဆီ သွားရာလမ်းမှာ
လူအများကျဆုံးခဲ့ကြရ
ကျောက်ဆောင်တွေပေါ်မှာ အသက်ငင်ကြရ...
ငါ့ဘ၀တသက်တာလုံး
ဒီမြေကိုချစ်ခဲ့
ငါ့လက်နဲ့ ထွန်ယက်ခဲ့
အစေ့တွေ မြေထဲရှိစဉ်မှာ ဒီလွတ်မြောက်ရေးက
မိုးစက်တွေ သယ်လာပေးမှာလား....
ဒီလွတ်မြောက်ရေးက ငါ့နာကျဉ်ခံစားရမှုတွေ သက်သာစေပြီး
သားကို ပြန်ခေါ်ခဲ့ပေးမှာလား...။
လွန်ခဲ့တဲ့ ညနှောင်းပိုင်းက
ကမ္ဘာကြီးတခုလုံး အိပ်မောကျနေစဉ်
ငါ့သားငယ်ကို အိပ်မက်ထဲ မြင်နေခဲ့တယ်
သူက လှမ်းအော်နေရဲ့
တောနက်ထဲ လမ်းပျောက်နေလို့
နှင်းတွေက သည်းသည်းကျလာ..
မြေပေါ်မှာ ကျနေခဲ့တယ်...
ယောဟန်အောင် ပြန်ဆိုသည်။
Road to Freedom
Written by Chris de Burgh
I feel the wind blowing through my doorway,
It's telling me that the summer's gone,
And the winter waits in shadow, waiting with the storm;
I am old and my bones are weary,
And my son he is all I have,
But he has gone to fight for freedom, leaving with my heart;
All my life I have loved this land, worked it with my hands,
But can this freedom send the rain when seed is in the ground,
Can this freedom heal the pain and bring my boy back to me again?
Oh oh oh....
I watched them sail from the rocks below me,
'Twas like the sea in its endless rage,
Many fall on the road to freedom, dying on the stones;
All my life I have loved this land, worked it with my hands,
But can your freedom send the rain when seed is in the ground,
Can your freedom heal the pain and bring my boy back to me again?
Oh oh oh....
Late last night, as the world was sleeping, I dreamed my boy,
He was calling out, 'cos he was lost in some dark forest, and
Snow was falling down, falling on the ground......ooh.....
မဖြူဖြူသင်းအတွက် ဂုဏ်ပြုသီချင်းတပုဒ်
မဖြူဖြူသင်းဖခင် ကောင်းရာသုဂတိလားပါစေ...
ပြိုကွဲနေကြရတဲ့ မိသားစုတွေ၊ ဘ၀တွေလည်း ပြန်လည်ပေါင်းစည်းနိုင်ကြပါစေ...
ယောဟန်အောင်
ဝိဉာဉ်
ခရစ္စ ဒီ ဘာ့ဂ်
http://www.youtube.com/watch?v=budGGgpXd6Y
ငါ အရင်က လင်းယုန်ငှက်ပေါ့
ခုတော့ ငါ မပျံနိုင်တော့ဘူး။
ငါ အရင်က ခြင်္သေ့ပေါ့
ခုတော့ ငါမပြေးနိုင်တော့ဘူး။
ငါ အရင်က မြစ်တစင်းပေါ့
ခုတော့ ခမ်းခြောက်လို့။
မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။
ငါက နေထွက်လာတာကို ပုံစံတထောင်နဲ့မြင်နေရတယ်
နွေမုန်တိုင်းတွေရဲ့ ထူးဆန်းအံ့သြဖွယ်တွေကိုလည်း တွေ့နေရ
မိုးထိပ်ဖျားလုနေတဲ့ တောင်တွေကိုလည်း ငါကြည့်နေရ
မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။
ငါ့အတွက် မငိုကြွေးပါနဲ့
ငါကြယ်တွေနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ လေပြေနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ မိုးရေစက်တွေနဲ့အတူ ရှိနေပါတယ်။
မကြာခင်မှာ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားတဲ့အခါ
ငါ့မှာ ကလေးတွေရှိပါတယ်... သူတို့ကြီးပြင်းလာတာကို မြင်နေရ
ငါ့မှာ ဥယျာဉ်တခုရှိပါတယ်... ဒါက ကမ္ဘာကြီးတခုလုံးပေါ့
ငါတို့ လက်ဗလာနဲ့လာကြတယ်.. ငါတို့ ဘယ်လိုထွက်သွားကြမှာလဲ
မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ နေမင်းနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ လေနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ ကြယ်တွေနဲ့အတူ ရှိနေပါတယ်။
မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။
ငါ အရင်က လင်းယုန်ငှက်ပေါ့
ခုတော့ ငါ မပျံနိုင်တော့ဘူး။
ခုတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါပြီ။
ယောဟန်အောင် ဘာသာပြန်သည်။
Spirit
Chris de Burgh
I was an eagle but I cannot fly,
I was a lion, but I run no more,
I was a river, but the river's dry,
And soon the spirit is coming to take me home;
I've seen the sunrise in a thousand ways,
I've seen the wonder of a summer storm,
I've seen a mountain that touched the sky,
And soon the spirit is coming to take me home;
Do not cry for me - I am with the stars,
Do not cry for me - I am in the wind,
Do not cry for me - I am with the rain,
And soon the spirit is coming to take me home;
I have my children, I have seen them grow,
I have a garden that is all the world,
We come with nothing, that's how we'll go,
And soon the spirit is coming to take me home;
Do not cry for me - I am with the sun,
Do not cry for me - I am in the wind,
Do not cry for me - I am with the stars,
And soon the spirit is coming to take me home;
I was an eagle, but I cannot fly,
And now the spirit has come to take me home.
Wednesday, November 21, 2007
လွမ်းနေတယ်....
ခရစ္စ ဒီ ဘာ့ဂ်
ငါ မင်းကို လွမ်းနေတယ်...
ငါ နှင်းဆီပန်းတွေလည်း ရှိနေပြီ
ငါ ၀ိုင်ပုလင်းလည်း ရှိနေပြီ
ကံကောင်းထောက်မချင်တော့
သူမလည်း အချိန်မီ ရောက်လာတော့မယ်..
ဒီနေရာတွေက တို့သွားနေကျ နေရာတွေ
ရိုမန်တစ်ဆန်တဲ့ တေးသွားတွေနဲ့ မီးရောင်မှိန်မှိန်
ပြီးတော့ မင်းက တံခါးဝမှာ လာရပ်ခဲ့၊ ငါ အံ့သြသွားခဲ့ရ
မင်းကမေးတယ်
ဒါတွေက (ပန်းတွေ၊ ၀ိုင်တွေ) ဘာလုပ်ဖို့လဲတဲ့..
ဒါတွေက ငါက မင်းအတွက် အရိုးသားဆုံး စီစဉ်ထားတဲ့ကိစ္စတွေပါ
ငါ မြတ်နိုးရတဲ့ မိန်းမပျို မင်း အတွက်
ဒီကိစ္စကတော့ မင်း သိသင့်ပါတယ်။
ဘာလဲဆိုတော့
.... ငါ မင်းကို လွမ်းနေတယ်လေ...
စကားလုံးတွေနဲ့ ဖော်မပြတတ်အောင်ပဲ
ငါက နေ့စဉ်နေ့တိုင်း ဒါကိုပဲ တွေးနေမိ
ငါတို့ ငြင်ငြင်သာသာ တူတူကခဲ့ကြတဲ့နေရာတွေ..
ငါ ပြောခဲ့တယ်..
ငါ အခု မင်းကိုတွေ့ပြီ
လက်လွှတ်ဆုံးရှုံး မခံနိုင်တော့ဘူး။
ငါတို့ လုပ်ခဲ့ကြတဲ့ ကိစ္စတွေမှာ
အကြောင်းပြချက် ထွေထွေထူးထူးရယ်လို့ မရှိခဲ့ကြပါဘူး
စကား တလုံး၊ နှစ်လုံးနဲ့လည်း
လူတယောက်အသည်းကို ကွဲစေနိုင်တာပဲ
တောင်းပန်ရမယ်ဆိုလည်း
ငါ တသက်လုံးတောင်းပန်နိုင်ပါရဲ့
ကိုယ်က ချစ်ရတဲ့သူမဟုတ်လား....
မင်းက ဒီလိုမှ ဖြစ်မယ်ဆိုရင်လည်း
ငါက အရူးတယောက်လို
မင်းရှေ့မှာ ဒူးထောက်ပြီး (တောင်းပန်နိုင်ပါရဲ့)
ငါက မင်းကို လှတယ်လို့ ထင်နေတဲ့အချိန်မှာ
တခြားတယောက်ကလည်း ဒီလိုပဲ တွေးနေမှာပဲ
အဲသည်တော့ တခုတည်းသောနည်းကတော့
မင်းကို ပြောချင်တယ်...
.... ငါ မင်းကို လွမ်းနေတယ်လေ...
စကားလုံးတွေနဲ့ ဖော်မပြတတ်အောင်ပဲ
ငါက နေ့စဉ်နေ့တိုင်း ဒါကိုပဲ တွေးနေမိ
ငါတို့ ငြင်ငြင်သာသာ တူတူကခဲ့ကြတဲ့နေရာတွေ..
ငါ ပြောခဲ့တယ်..
ငါ အခု မင်းကိုတွေ့ပြီ
လက်လွှတ်ဆုံးရှုံး မခံနိုင်တော့ဘူး။
ငါ အခု မင်းကိုတွေ့ပြီ
လက်လွှတ်ဆုံးရှုံး မခံနိုင်တော့ဘူး။
.... ငါ မင်းကို လွမ်းနေတယ်လေ...
ဒါလင်
.... ငါ မင်းကို လွမ်းနေတယ်လေ...
ယောဟန်အောင် ဘာသာပြန်သည်။
Missing You
Chris de Burgh
I've been missing you...
I've got the roses, I've got the wine,
With a little luck she will be here on time,
This is the place we used to go,
With romantic music and the lights down low,
And as you stand there amazed at the door,
And you're wondering what all this is for,
It's just a simple thing from me to you,
The lady that I adore, 'cos there's something,
That you should know, it's that
I've been missing you, more than words can say,
And that I've been thinking about it every day,
And the time we had just dancing nice and slow,
And I said now I've found you,
I'm never letting go;
There is no reason to the things that we do,
You can break a heart with just a word or two,
And take a lifetime to apologise,
When the one you love's in front of your eyes,
And I will fall to my knees like a fool,
If it's the only way of getting through,
You see if I think you are beautiful,
Someone else is going to feel it too,
So there's only one thing to do, tell you that
I've been missing you, more than words can say,
And that I've been thinking about it every day,
Well tonight's our night for dancing nice and slow,
Because now I've found you, I'm never letting go,
No, now I've found you, I'm never letting go;
I've been missing you... I've been missing you...
I've been missing you... I've been missing you, darling...
ဒါမျိုးလေးတွေလည်း ရှိပါသေးတယ်။ Chris de Burg: Lady in Red
ခရစ္စ ဒီ ဘာ့ဂ်
ဒီညလိုမျိုး မင်းလှပနေတာ ငါမမြင်ခဲ့ဖူးရ
ဒီလို တောက်ပြောင် ထွန်းပနေတာမျိုး မမြင်ဖူးခဲ့ရ
အခုလိုမျိုး ယောက်ျားသားတိုင်းက မင်းအနား
ရှိနေလိုကြတာမျိုး ငါမကြုံဖူးခဲ့ရ..
သူတို့က မင်းဆီက စိတ်ကူးယဉ်ဖွယ် ချစ်ခွင့်အရေး မျှော်လင့်နေကြ
ငါ့ကို အခွင့်အရေးတ၀က်မျှသာပဲ ပေးပါ
ငါ မင်းဝတ်လာတဲ့ ၀တ်စုံကိုလည်း ထူးဆန်းအံ့သြနေရ
မင်းဆံစတွေပေါ်က ရောင်ပြန်တွေကလည်း
ငါ့မျက်လုံး ကျိန်းစပ်စေပေါ့
ငါ့ကို ကန်းသွားစေခဲ့။
အနီရောင်ဝတ်စုံနဲ့ မိန်းမပျို
ငါနဲ့ တွဲကနေရဲ့
ဘယ်သူမှလည်း ရှိမနေ၊
မင်းနဲ့ ငါနှစ်ဦးသာ
ဒီလိုမျိုးသာ ငါ ဖြစ်ချင်နေတာ
ဒီလို အလှလေးက ငါ့အနားရှိနေတာကို မယုံရဲ
မင်းကို ဒီညမြင်ရတာမျိုး ငါတသက်မေ့ရနိုင်မှာ မဟုတ်တော့ဘူး။
ဒီညလိုမျိုး မင်းကျက်သရေရှိနေတာ ငါမမြင်ခဲ့ဖူးရ
ဒီလို တောက်ပြောင် ထွန်းပနေတာမျိုး မမြင်ဖူးခဲ့ရ
မင်းက တကယ့်အံ့သြဖွယ်ပါ..
အခုလိုမျိုး ယောက်ျားသားတိုင်းက မင်းအနား
ရှိနေလိုကြတာမျိုး ငါမကြုံဖူးခဲ့ရ..
မင်းက ငါ့ဘက်ကို လှည့်ပြုံးပြလိုက်တော့
ငါ အသက်ရှုရပ်သွားခဲ့...
ငါ့တသက်တာ ဒီလို လုံးဝချစ်သွားမိတာမျိုး
မခံစားဖူးခဲ့ရ.. ဒီညလိုမျိုးပေါ့။
အနီရောင်ဝတ်စုံနဲ့ မိန်းမပျို
ငါနဲ့ တွဲကနေရဲ့
ပါးချင်းအပ်လို့ ...
ဘယ်သူမှလည်း ရှိမနေ၊
မင်းနဲ့ ငါနှစ်ဦးသာ
ဒီလိုမျိုးသာ ငါ ဖြစ်ချင်နေတာ
ဒီလို အလှလေးက ငါ့အနားရှိနေတာကို မယုံရဲ
မင်းကို ဒီညမြင်ရတာမျိုး ငါတသက်မေ့ရနိုင်မှာ မဟုတ်တော့ဘူး။
မင်းကို ဒီညမြင်ရတာမျိုး ငါတသက်မေ့ရနိုင်မှာ မဟုတ်တော့ဘူး။
အနီရောင်ဝတ်စုံနဲ့ မိန်းမပျိုရယ်...
ငါ ချစ်တယ်...
ယောဟန်အောင် ဘာသာပြန်သည်။
The Lady In Red
Chris de Burgh
I've never seen you looking so lovely as you did tonight,
I've never seen you shine so bright,
I've never seen so many men ask you if you wanted to dance,
They're looking for a little romance, given half a chance,
And I have never seen that dress you're wearing,
Or the highlights in your hair that catch your eyes,
I have been blind;
The lady in red is dancing with me, cheek to cheek,
There's nobody here, it's just you and me,
It's where I want to be,
But I hardly know this beauty by my side,
I'll never forget the way you look tonight;
I've never seen you looking so gorgeous as you did tonight,
I've never seen you shine so bright, you were amazing,
I've never seen so many people want to be there by your side,
And when you turned to me and smiled, it took my breath away,
And I have never had such a feeling,
Such a feeling of complete and utter love, as I do tonight;
The lady in red is dancing with me, cheek to cheek,
There's nobody here, it's just you and me,
It's where I want to be,
But I hardly know this beauty by my side,
I'll never forget the way you look tonight;
I never will forget the way you look tonight...
The lady in red, the lady in red,
The lady in red, my lady in red,
I love you...
Tuesday, November 20, 2007
Chris de Burgh, The Revolution
ဒီသီချင်းက ၃- ပုဒ်ပါ။ အခုတော့ တပုဒ်ထဲအဖြစ် သီဆိုထားတာပါ။ တခုက တော်လှန်ရေးမစခင် အခြေအနေ၊ နောက်တော့ တော်လှန်ရေးနဲ့ ချိုမြိန်တဲ့ လွတ်လပ်မှု ဒီလို (၃) ပုဒ် ရှိနေပါတယ်။ အခုတော့ တပေါင်းထဲ သူက ဆိုထားလိုက်တယ်။
ချိုမြိန်တဲ့ လွတ်မြောက်ရေးလည်း ဖြစ်လာပါစေဗျာ။
တော်လှန်ရေး
ခရစ္စ ဒီ ဘာ့ဂ်
နိုးထလော့ လူငယ်တွေ
ပြူတင်းမှာ အလင်းတစတွေ့နေရပြီ
တယောက်ယောက်က တံခါးခေါက်သံကြားနေရ
လမ်းပေါ်မှာလည်း အသံတွေ
ခြေထောက်တွေ အပြင်းနှင်သွားခဲ့ကြ
သူတို့က စကားတခွန်းကို တီးတိုးပြောသွားကြခဲ့ .... “တော်လှန်ရေး”
လူကြီးတွေလည်း တောင်ကြားလွင်ပြင်ထဲက ဆင်းလာခဲ့
သဘောင်္ရှည်တွေလည်း ကမ်းနားဆိုက်လာခဲ့ပြီ
သူတို့က
ညအမှောင်ထဲ
မီးဒုတ်တွေကို ကိုင်လို့
လေညှင်းသံလို တီးတိုးပြောလာကြ....“တော်လှန်ရေး”
ငါ့သေနတ်ကိုကိုင် ငွေစအနည်းငယ်ဆွဲလို့ထွက်လာ
ပင်လယ်ကမ်းစပ်မှာ တို့တွေစုရုံးလို့ တိုက်ကြတော့မယ်
နှစ်ပေါင်းများစွာ
မျက်ရည်ပေါင်းများစွာ (တို့တွေ နစ်နာခံစားခဲ့ကြရ)
တို့တကြိမ်ရှုံးခဲ့ရတဲ့အတွက်
အခုတော့ အကြွေးကို ပြန်ဆပ်ရတော့မယ်
တို့အမြောက်သံတွေ လေမှာဟိန်းလို့ ကြွေးကြော်သွားကြ...“တော်လှန်ရေး”
ကြည့်နေကြ...
စောင့်နေကြ... အဆင်သင့်လို့ အချက်ပြတဲ့အထိ
အခုတော့ တို့ဆီမှာ လူများစွာ စုဆုံလာခဲ့ကြပြီ
အလင်းရောင်ကို မမြင်ခဲ့ကြသူတွေ...
ငါတို့က ဒီမြေပေါ်က လူထုတွေ
တောင်ကုန်းတိုင်း၊ တောင်တန်းတိုင်းက လူထုတွေ
အားလုံးကြားစေအောင် ပို့ဆောင်ကြရမယ်
အခုအချိန်က တို့ရဲ့အတွက်ပေးလာခဲ့ပြီ
ပစ်ကြပေတော့...
ပစ်ကြ...
ပစ်...
အမှောင်ထုကို အကာအကွယ်ယူလို့
တို့တွေကို ကျောက်တောင်တွေဆီ ရောက်တဲ့အထိ ချီတက်ကြရအောင်
တို့တွေက စည်းကိုဖြတ်လို့ ကျော်ဝင်ကြမယ်
ပြီးတော့ တို့မြေကို ခိုးဆိုးလုယူခဲ့သူတွေကို လက်စားပြန်ချေကြမယ်
ငါတို့ကို ချိုးနှိမ်ဖိနှိပ်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွက် ...
သူတို့ကို မျက်လုံးကြားထဲ မှန်အောင် ပစ်စို့
ပစ်ကြပေတော့...
ပစ်ကြ...
ပစ်...
သူတို့ ကမ္ဘာဆုံးအောင်မြင်ကြစေတော့...
အာရုံဦးနဲ့အတူ မျောပါသွားခဲ့
အာရုံဦးနဲ့အတူ မျောပါသွားခဲ့
ငါကြည့်ပါရစေ...
လွတ်မြောက်သူတို့ရဲ့ မြေ..သည်ဌာနေ
အရာအားလုံးဟာ ပြောင်းလဲသွားခဲ့၊
ချိုမြိန်တဲ့ လွတ်မြောက်ရေး
ငါတို့ လက်ထဲမှာ လက်ဆုပ်ပိုင်ပိုင်
ချိုမြိန်တဲ့ လွတ်မြောက်ရေး
သည်ဟာက အစီအစဉ်တခုရဲ့ တကဏ္ဍပဲလား
ဒါမှမဟုတ် တို့ရဲ့စိတ်ခံစားရမှုပေလား။
မြင်းတွေနဲ့ လူတွေ
ကွင်းထဲမှာ မြင်းတွေနဲ့ လူတွေ
သူတို့ အရှုံးမပေးခဲ့ကြ
လူအများလည်း
ဒီနေရာအတွက်
အသက်စွန့်လွှတ်သွားခဲ့ကြရတယ်...
ငါတို့ မမေ့ပါဘူး
သူတို့ဆောင်ရွက်ခဲ့မှုတွေအတွက်
ငါတို့ အမြဲတမ်း မမေ့ပါဘူး။
အချိန် ရောက်လာပါလိမ့်မယ်
အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်...
ငါတို့ သူတို့ကို ဘယ်တော့မှ မမေ့ပါဘူး။
ယောဟန်အောင် ဘာသာပြန်သည်။
The Revolution
Chris de Burgh
Wake up boys, there's a light at the window,
I can hear someone knocking on the door,
There are voices in the street,
And the sound of running feet,
And they whisper the word - "Revolution!"
There are men coming down from the valleys,
There are tall ships lying off the coast,
And they carry the light,
In the dark of the night,
Like a whisper in the wind - "Revolution!"
Bring my gun and a handful of silver,
By the sea we will gather for the fight,
It's been so many years, so many tears,
We have lost once before,
Now we'll settle the score,
When our cannons will roar - "Revolution!"
Watch, and wait, get ready for the sign,
There are many here among us now,
Who have not seen the light,
We must send the word to all the people in the land,
Go to every hill and mountain,
For the time is now at hand,
To light a fire!
Light a fire,
Light a fire!
Let us march the road up the rocky hill tonight,
Under cover of the darkness,
We will slip behind the lines,
And we will take the men who have stolen our land,
For the years of domination,
Hit them right between the eyes,
And light a fire!
Light a fire,
Light a fire,
They will see through the world!
Liberty
Roll away the dawn,
Roll away the dawn, and let me see,
The land of the free,
Has anything changed at all;
Sweet liberty,
Sweet liberty is in our hands,
It's part of the plan,
Or is it a state of mind?
Horses and men,
Horses and men are on the field,
They didn't yield,
Many have fallen here;
Never forget,
Never forget what they have done,
The time will come,
When it will change again,
Never forget!
Chris de Burgh, Snow of New York
နယူးယောက်ရဲ့ နှင်းများ
ခရစ္စ ဒီ ဘာ့ဂ်
ငါက မင်းကို မနက်ခင်း နေလင်းအလာမှာ တွေ့နေရ
နေက ဖြည်းဖြည်းချင်းတက်လာနေ
ငါတို့ ညက တညလုံးပြောခဲ့ကြပြီ။
ပြောစရာလည်း မရှိတော့
ငါကတော့ ဆက်နေရမယ်၊ မင်းက ဖြောင့်ဖြောင့်သာ သွားပါ။
မင်းဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ
မိုးထဲ ရေထဲကြုံလည်း မိတ်ဆွေအဖြစ် လက်တွဲခဲ့ကြပေါ့။
ခုတော့ နယူးယောက်ရဲ့ နှင်းတွေကြားထဲမှာ မင်းခံစားချက်တွေ အေးခဲခဲ့ရင်
နှလုံးကိုဖွင့် ငါ့ကို တွေးလိုက်ပါ သူငယ်ချင်း။
ဆုံးရှုံးခဲ့ကြရသူတွေ
ကျရှုံးရသူတွေ
လုံးဝ မအောင်မမြင်ဖြစ်ခဲ့ကြရသူတွေ..
နောက်တော့ သူတို့ယုံကြည်မှုအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသူတွေ
ဒီလူတွေက မင်းတို့ ငါတို့လို လူတွေပါ။
ငါ့အိပ်မက်ထဲမှာ
မင်းနဲ့ငါ
ကမ်းစပ်တခုမှာ လမ်းလျှောက်ခဲ့ကြ
သဲသောင်စပ်မှာ ခြေရာအစုံ ထင်ခဲ့ကြတယ်။
သဲပေါ်မှာ ခြေရာတစုံပဲ တင်ကျန်ရစ်တဲ့အချိန်က
အဲဒါ မင်းငါ့ကို ထမ်းပိုးခဲ့တဲ့ အချိန်ပါ။
မင်းဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ
မိုးထဲ ရေထဲကြုံလည်း မိတ်ဆွေအဖြစ် လက်တွဲခဲ့ကြပေါ့။
ခုတော့ နယူးယောက်ရဲ့ နှင်းတွေကြားထဲမှာ မင်းခံစားချက်တွေ အေးခဲခဲ့ရင်
နှလုံးကိုဖွင့် ငါ့ကို တွေးလိုက်ပါ သူငယ်ချင်း။
နယူးယောက်ရဲ့ နှင်းတွေထဲ လမ်းပျောက်တဲ့အခါ
(မင်းနှလုံးသားတွေ အေးခဲလာတဲ့အခါ)
နှလုံးကိုဖွင့် ငါ့ကို တွေးလိုက်ပါ သူငယ်ချင်း။
နှလုံးကိုဖွင့် ငါ့ကို တွေးလိုက်ပါ သူငယ်ချင်း။
ယောဟန်အောင် ဘာသာပြန်သည်။
The Snows Of New York
Chris de Burgh
I can see you now by the light of the dawn,
And the sun is rising slow,
We have talked all night, and I can't talk anymore,
But I must stay and you must go;
You have always been such a good friend to me,
Through the thunder and the rain,
And when you're feeling lost in the snows of New York,
Lift your heart and think of me;
There are those who fail, there are those who fall,
There are those who will never win,
Then there are those who fight for the things they believe,
And these are men like you and me;
In my dream we walked, you and I to the shore,
Leaving footprints by the sea,
And when there was just one set of prints in the sand,
That was when you carried me;
You have always been such a good friend to me,
Through the thunder and the rain,
And when you're feeling lost in the snows of New York,
Lift your heart and think of me;
When you're feeling lost in the snows of New York,
Lift your heart and think of me,
Lift your heart and think of me.
No Borderline, Chris de Burgh
အခုတလော စာသိပ်မရေးချင်၊ တောင်တောင်အီအီ၊
ကဗျာတွေ ဟိုတို့ထား.. သည်တို့ထား၊ ဒါပေမယ့် ကျနော်ကြိုက်တဲ့ သီချင်းလေးတပုဒ်တော့ ဝေငှချင်နေမိတယ်။ အိုင်ယာလန်နိုင်ငံက သူပုန်ထနေသူတွေရဲ့အကြောင်း၊ သူတို့ရဲ့ ရင်ကွဲဖွယ် အချစ်၊ စစ်၊ ခံစားမှုတွေပါ။
ခရစ္စ ဒီ ဘာ့ဂ်
ငါ ဘူတာမှာရပ်လို့
ရထားစောင့်နေစဉ်
ငါ့ကို နယ်စပ်ကို သယ်ဆောင်သွားမယ့်
ငါ့ချစ်သူနဲ့ ဝေးရာကို ဆောင်ယူသွားမယ့် (ရထားစောင့်နေစဉ်)
စစ်မျက်နှာကို သွားမယ့်
စစ်သားတအုပ်ကို တွေ့နေရရဲ့
သူတို့ထွက်သွားမှာကိုတောင် စောင့်ကြည့်မနေနိုင်လောက်အောင်
ငါ ဖြစ်နေခဲ့ရ...
ကျေးလက်တွေကို ဖြတ်ခဲ့တော့
ငါ့ မျက်လုံးမှာ မျက်ရည်တွေဝဲလာ
ငါတို့က နယ်စပ်ကိုသွားနေခဲ့ကြ
ငါက အသက်ကိုလည်း မှုမထားခဲ့
မနက်ခင်းရဲ့ မိုးရေတွေအောက်
သူမကိုတွေ့လိုက်ရ
ငါတို့နောက်တကြိမ် ခွဲခွါကြဖို့
နှုတ်ဆက်ရလေဦးတော့မယ်...
ငါ့နှလုံးတွေ ကွဲကြေပါရဲ့
ငါ ဘာလုပ်ရမယ်ဆိုတာလည်း ငါသိနေခဲ့
ငါ သူနဲ့ဆက်နေချင်သေးပေမယ့်
ငါ့နိုင်ငံကလည်း တောင်းဆိုနေလေရဲ့
ငါက ဘက်ကိုပြန်ပြတ်သားသားရွေးခဲ့ပြီ
တယောက်ယောက်တော့ ဆုံးရှုံးရလေတော့မယ်..
ငါ့ကို မမေ့လိုက်ပါနဲ့..
တချိန်ပြန်လာတဲ့အထိ ငါ့ကို စောင့်နိုင်မှာလား မေးချင်ပါရဲ့
နယ်စပ်မျဉ်းတွေ မရှိတော့တဲ့နေ့အထိပေါ့...
နယ်စပ်က အစောင့်စစ်သားကို ဖြတ်လို့
သူမလက်ထဲကို လျှောက်လာစဉ်
ခံစားချက်မရှိသလိုသာ ဟန်ဆောင်ခဲ့ရ
လူကတော့ ထွက်ပြေးချင်လို့သာ နေမိ
ဒါပေမယ့် ဒီကလေးတွေ၊ ငါလုံးဝမသိလေခဲ့တဲ့ လူငယ်လေးတွေ
စစ်ပွဲထဲမှာ လူသားတွေက အသိဉာဏ်ကို ဘယ်လိုရှာတွေ့နိုင်ကြပ...
ငါ့နှလုံးတွေ ကွဲကြေပါရဲ့
ငါ ဘာလုပ်ရမယ်ဆိုတာလည်း ငါသိနေခဲ့
ငါ သူနဲ့ဆက်နေချင်သေးပေမယ့်
ငါ့နိုင်ငံကလည်း တောင်းဆိုနေလေရဲ့
ငါက ဘက်ကိုပြန်ပြတ်သားသားရွေးခဲ့ပြီ
တယောက်ယောက်တော့ ဆုံးရှုံးရလေတော့မယ်..
ငါ့ကို မမေ့လိုက်ပါနဲ့..
တချိန်ပြန်လာတဲ့အထိ ငါ့ကို စောင့်နိုင်မှာလား မေးချင်ပါရဲ့
နယ်စပ်မျဉ်းတွေ မရှိတော့တဲ့နေ့အထိပေါ့...
နယ်စပ်မျဉ်းတွေ မရှိတော့တဲ့နေ့အထိပေါ့...
နယ်စပ်မျဉ်းတွေ မရှိတော့တဲ့နေ့အထိပေါ့...
ယောဟန်အောင် ဘာသာပြန်သည်။
Lyrics: Chris De Burgh - BORDERLINE lyrics
I'm standing in the station,
I am waiting for a train,
To take me to the border,
And my loved one far away;
I watched a bunch of soldiers heading for the war,
I could hardly even bear to see them go;
Rolling through the countryside,
Tears are in my eyes,
We're coming to the borderline,
I'm ready with my lifes,
And in the early morning rain, I see her there,
And I know I'll have to say goodbye again;
And it's breaking my heart, I know what I must do,
I hear my country call me, but I want to be with you,
I'm taking my side, one of use will lose,
Don't let go, I want to know
That you will wait for me until the day,
There's no borderline, no borderline;
Walking past the border guards,
Reaching for her hand,
Showing no emotion,
I want to break into a run,
But these are only boys, and I will never know
How men can see the wisdom in a war...
And it's breaking my heart, I know what I must do,
I hear my country call me, but I want to be with you,
I'm taking my side, one of us will lose,
Don't let go, I want to know
That you will wait for me until the day,
There's no borderline, no borderline,
No borderline, no borderline...
[ BORDERLINE lyrics found on http://www.completealbumlyrics.com ]