Pages

Showing posts with label SURAPEEPAN CHATRAPORN. Show all posts
Showing posts with label SURAPEEPAN CHATRAPORN. Show all posts

Wednesday, August 9, 2017

ခေါင်းလောင်းရဲ့ အခြားအသံ (Un autre son de cloche)

တစုံတရာ ရှိကိုရှိနေရမယ်
ဒီစကြာဝဠာမှာ
အချိန် (Time) ရဲ့အတိုင်းအတာကြား ပျောက်ဆုံးသွားတဲ့
တစုံတရာ ရှိကိုရှိနေရမယ်
ကိုလံဘတ်စ်နဲ့ ယူလီဆိစ် (Ulysses) တို့ မဖော်ထုတ်နိုင်ခဲ့တဲ့ တစုံတရာ
ဂရိနဲ့ အာရပ်နက္ခတ်ပညာရှင်တွေ ရှာဖွေမတွေ့ခဲ့တဲ့ တစုံတရာ
ကမ္ဘာ့ကိုးကွယ်မှုတွေကို စတင်တည်ထောင်သူတွေ ဟောပြောဖို့မေ့ခဲ့တဲ့ တစုံတရာ
အာကာသ အမှောင်ထုနယ်ဝန်းထဲ ပျောက်ဆုံးသွားတဲ့ တစုံတရာ

လူသားမျိုးနွယ်ရဲ့ အကွဲအဟတွေအကြား
အမှားတချို့တော့ ရှိကိုရှိနေရမယ်
ရေလွှမ်းမှုထဲ ပျောက်ဆုံးသွားတဲ့အရာ
နောဧသင်္ဘောကြီးထဲ မသိမ်းဆည်းခဲ့တဲ့ တစုံတရာ
သမ္မာကျမ်းဟောင်းထဲ မှတ်တမ်းမတင်ခဲ့တဲ့ တစုံတရာ
နိုစတြာဒိန်းမတ်က ကြိုမမြင်ခဲ့တဲ့ တစုံတရာ

ဒီကမ္ဘာမြေပေါ်မှာ နားလည်မှုတစုံတရာ လွဲခဲ့ရမယ်
ကမ္ဘာ့လူဦးရေ ဒေတာဘေ့စ်ထဲ တစုံတရာ ပျောက်ရှခဲ့ရမယ်
ပလေတို မမျှော်မှန်းခဲ့တဲ့ တစုံတရာ
နစ်ရှေး (Nietzsche) မဖော်ပြခဲ့တဲ့ တစုံတရာ
အိန်းစတိန်း မတွက်ချက်ခဲ့တဲ့ တစုံတရာ
ပျောက်ဆုံးနေတဲ့ တစုံတရာ …




အရှေ့တောင်အာရှ စာရေးဆရာဆုရ ဆူရပ်ပီပန် ချတ်တရာပွန် (SURAPEEPAN CHATRAPORN) ၏ ထိုင်းကဗျာ

Recent Comments