Pages

Showing posts with label Nandini. Show all posts
Showing posts with label Nandini. Show all posts

Wednesday, August 30, 2017

ခရီးသွားများရဲ့ အိုအေစစ် (Travellers oasis)

သူမရဲ့ ညိုမှောင်တဲ့ ဆံပင်တွေကြား
မျက်စေ့ကန်းသွားခဲ့ 
ပျားအုံရဲ့ ပျားရည်ရောင် သူမမျက်ဝန်းတွေထဲ
သူခုန်ချခဲ့တဲ့ ဆွဲဆောင်နှစ်လိုဖွယ် ရေကန်များရဲ့
ရောင်ပြန်တွေကို ကာကွယ်ဖို့
သူက သူတို့အရိပ်တွေကြားထဲ
ခိုနေခဲ့တယ်။ 
ဝိဉာဉ်နှစ်ခုရဲ့ ဂီတတို့
တိတ်ဆိတ်နေတဲ့ အခိုက် 
လျှို့ဝှက်ချက်တွေ သော့ခတ်သိမ်းဆည်းရာ
ပန်းတို့ထံ ပျားတွေက တဝီဝီဝဲပျံနေ 
ခရီးသွားတို့ရဲ့ ဆန္ဒအလိုကျ
သူမနှုတ်ခမ်းများက ကခုန်ခဲ့ 
သူကိုယ်တိုင် မတည်ငြိမ်သက်နိုင်တဲ့
ခရီးသွားတို့ရဲ့ အိုအေစစ်ပေပဲ။ 

Nandini (နန်ဒီနီ)၊ သြဂုတ်လ ၂၀၁၄ ခုနှစ်။ 

Recent Comments