Pages

Friday, November 30, 2007

နောက်ထပ်တမိုင်ခရီးအလို Chris De Burgh

ဒီဇင်ဘာ ခရစ္စမတ်လည်း နီးလာပြီ။ မိသားစုတွေ ပြန်စုဆုံကြ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တနှစ်တာ အတွေ့အကြုံတွေကို စမြုံ့ ပြန်ကြပေါ့။ ခရစ္စမတ် ခေါင်းလောင်းသံတွေကို ကြားရတိုင်း ငြိမ်းချမ်းရေးခေါင်းလောင်းသံလို့ပဲ ထင်မိခဲ့တယ်။ ခရစ္စ ဒီ ဘာ့ဂ်ကလည်း ချစ်သူလေးမျှော်နေတဲ့ အိမ်အပြန် အိုင်ယာလန်ငြိမ်းချမ်းရေးကို အိပ်မက်မက်နေခဲ့ပုံရတယ်။
“တမိုင်သာပဲ လိုပါတော့သတဲ့”

ကျနော်တို့ ပြည်ပနေသူတွေလည်း အိမ်အပြန်၊ မိသားစုတွေ စုဆုံစည်းရဖို့ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြတာပါပဲ။
ဒုက္ခသည်စခန်းက ပြည်သူတွေကလည်း အိမ်အပြန် ငြိမ်းချမ်းရေးကို တောင့်တနေကြတာပဲပေါ့။
ကျနော်တို့လည်း တမိုင်မျှသာ ခရီးအလိုပဲလား? ခရစ္စမတ်သီချင်းတွေ နားထောင်နေတယ်ဆိုတဲ့ ကိုရဲအတွက် အထူးပေါ့ဗျာ။

DJ Yaw


နောက်ထပ်တမိုင်ခရီးအလို
ခရစ္စ ဒီ ဘာ့ဂ်



တောင်ကြားလွင်ပြင်မှာ နှင်းတွေလွှမ်း တိတ်ဆိတ်လို့
ရထားက နောက်ထပ်ခရီးတမိုင်သာ လိုတော့တယ်
လွမ်းရတဲ့ ချစ်သူလေးက ဘူတာမှာစောင့်နေလေရဲ့
သူစောင့်နေခဲ့..


ခုတော့ အလင်းရောင်တွေက အောက်မြေပြင်မှာ ၀င်းပ
ငါ့အိမ်ရှိရာ ကျေးလက်ရွာကလေးကို မြင်နေရ
ငါချစ်တဲ့ ဒေသတွေကို ပြန်မြင်ရတော့မယ်
ကြာခဲ့လှပေါ့ ...
ခုတော့ အိမ်ရောက်ဖို့ တမိုင်သာလိုတော့တယ်။

ချစ်ခင်ကြတဲ့ သူတွေ အိမ်ပြန်လာတော့ အားလုံးမြူးရွှင်လန်းကြွ
အားလုံးရထားပေါ်က ဆင်းသွားကြတော့... ငါတယောက်ထဲ ဆက်ရပ်နေမိ
သူမ မျက်နှာကလေးကို အရိပ်အောက်မှာ မြင်လိုက်ရ
ဝင်းပတဲ့ မျက်နှာနဲ့ ငါ့ဆီပြေးလာနေတယ်။

ခုတော့ အလင်းရောင်တွေက ကမ္ဘာတခွင်လုံး တောက်ပထွန်းလင်းနေခဲ့
ယောက်ျားလေးတိုင်း၊ မိန်းကလေးတိုင်းအတွက် မှော်ဆန်ဖွယ်ည
လူကြီးအားလုံးက ငြိမ်းချမ်းရေးကို မျှော်လင့်နေခဲ့ကြ..
ခရစ္စမတ်အကြို ဒီညမှာ... ငါတို့အားလုံးက ငြိမ်းချမ်းရေးကို တောင့်တအိပ်မက် မက်နေခဲ့ကြတယ်
ခုတော့ တို့တွေ အိမ်နဲ့ နီးခဲ့လေပြီ... တမိုင်ခရီး အလိုသာ...
တို့တွေ အိမ်နဲ့ နီးခဲ့လေပြီ... တမိုင်ခရီး အလိုသာ...
အိမ်နဲ့ နီးခဲ့လေပြီ... တမိုင်ခရီး အလိုသာ...

ယောဟန်အောင် ဘာသာပြန်ဆိုသည်။

One More Mile To Go
Chris de Burgh

When the valley's quiet with the snow,
And the train has one more mile to go,
To the station where my love will be,
She waits for me, she waits for me;

Now the lights are shining down below,
And I see the village that's my home,
And I see all the places that I love,
It's been so long, been away so long,
And I'm nearly home, one more mile to go;

There is joy for loved ones coming home,
And everyone has gone, I'm standing here alone,
But in the shadows I can see her face,
She comes to me, she's here for me;
And now a light is shining round the world,
It's a magic night for every boy and girl,
'Cos it's the time that all men dream of peace,
On Christmas eve, we dream of peace,
And we're nearly home, one more mile to go,
Yes we're nearly home, one more mile to go,
And we're nearly home, one more mile to go.

No comments:

Recent Comments