Pages

Saturday, November 24, 2007

မဖြူဖြူသင်းအတွက် ဂုဏ်ပြုသီချင်းတပုဒ်

ကျောင်းသားခေါင်းဆောင်၊ NLD အဖွဲ့ဝင်တဦးဖြစ်ပြီး၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို စေတနာအပြည့်နဲ့ ကူညီနေတဲ့ မဖြူဖြူသင်း ဖခင်ဆုံးသွားကြောင်း သတင်းတွေကို ကြားရပါတယ်။ ဒီဖခင်ရဲ့ ဈာပနကိုတောင် မဖြူဖြူသင်း မတက်နိုင်ရှာ ဖူး ဆိုတဲ့ ကြေကွဲဖွယ် သတင်းတွေလည်း ကြားရပါရဲ့။ ဒီသီချင်းလေးနဲ့ မဖြူဖြူသင်းကို ဂုဏ်ပြုပါရစေ။ ဒီသီချင်းထဲမှာ ပါတဲ့ သူက နိဗ္ဗာန်ရောက်သွားပြီး ကိုယ့်သားသမီးတွေကို ပြန်ကြည့်နေတဲ့၊ ကြယ်တွေနဲ့အတူ ရှိနေတဲ့၊ သားသမီးတွေအိမ်ကို ပြန်လာတဲ့သူတယောက် အကြောင်းပါ။ ဆိုသူကတော့ Chris de Burgh ပါပဲ။

မဖြူဖြူသင်းဖခင် ကောင်းရာသုဂတိလားပါစေ...
ပြိုကွဲနေကြရတဲ့ မိသားစုတွေ၊ ဘ၀တွေလည်း ပြန်လည်ပေါင်းစည်းနိုင်ကြပါစေ...

ယောဟန်အောင်


ဝိဉာဉ်
ခရစ္စ ဒီ ဘာ့ဂ်

http://www.youtube.com/watch?v=budGGgpXd6Y

ငါ အရင်က လင်းယုန်ငှက်ပေါ့
ခုတော့ ငါ မပျံနိုင်တော့ဘူး။
ငါ အရင်က ခြင်္သေ့ပေါ့
ခုတော့ ငါမပြေးနိုင်တော့ဘူး။
ငါ အရင်က မြစ်တစင်းပေါ့
ခုတော့ ခမ်းခြောက်လို့။
မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။

ငါက နေထွက်လာတာကို ပုံစံတထောင်နဲ့မြင်နေရတယ်
နွေမုန်တိုင်းတွေရဲ့ ထူးဆန်းအံ့သြဖွယ်တွေကိုလည်း တွေ့နေရ
မိုးထိပ်ဖျားလုနေတဲ့ တောင်တွေကိုလည်း ငါကြည့်နေရ
မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။

ငါ့အတွက် မငိုကြွေးပါနဲ့

ငါကြယ်တွေနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ လေပြေနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ မိုးရေစက်တွေနဲ့အတူ ရှိနေပါတယ်။

မကြာခင်မှာ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားတဲ့အခါ
ငါ့မှာ ကလေးတွေရှိပါတယ်... သူတို့ကြီးပြင်းလာတာကို မြင်နေရ
ငါ့မှာ ဥယျာဉ်တခုရှိပါတယ်... ဒါက ကမ္ဘာကြီးတခုလုံးပေါ့
ငါတို့ လက်ဗလာနဲ့လာကြတယ်.. ငါတို့ ဘယ်လိုထွက်သွားကြမှာလဲ
မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။

ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ နေမင်းနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ လေနဲ့အတူ ရှိနေပါတယ်
ငါ့အတွက် မငိုကြွေးပါနဲ့
ငါဟာ ကြယ်တွေနဲ့အတူ ရှိနေပါတယ်။

မကြာခင်မှာတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါလိမ့်မယ်။
ငါ အရင်က လင်းယုန်ငှက်ပေါ့
ခုတော့ ငါ မပျံနိုင်တော့ဘူး။
ခုတော့ ၀ိဉာဉ်က ငါ့ကို အိမ်ပြန်ခေါ်သွားပါပြီ။

ယောဟန်အောင် ဘာသာပြန်သည်။


Spirit
Chris de Burgh

I was an eagle but I cannot fly,
I was a lion, but I run no more,
I was a river, but the river's dry,
And soon the spirit is coming to take me home;

I've seen the sunrise in a thousand ways,
I've seen the wonder of a summer storm,
I've seen a mountain that touched the sky,
And soon the spirit is coming to take me home;

Do not cry for me - I am with the stars,
Do not cry for me - I am in the wind,
Do not cry for me - I am with the rain,

And soon the spirit is coming to take me home;
I have my children, I have seen them grow,
I have a garden that is all the world,
We come with nothing, that's how we'll go,
And soon the spirit is coming to take me home;

Do not cry for me - I am with the sun,
Do not cry for me - I am in the wind,
Do not cry for me - I am with the stars,

And soon the spirit is coming to take me home;
I was an eagle, but I cannot fly,
And now the spirit has come to take me home.

No comments:

Recent Comments