အနှစ် ၂၀
ကမ္ဘာပတ်ပြီး ငါပြန်လာတယ်
ငါ့နိုင်ငံတော် အိမ်မက်ထဲက ကွယ်ပေါ့
ရှာမတွေ့လေတော့ဘူး။
အနှစ် ၂၀
ဒူးမထောက်ချင်လို့ ထွက်သွားတဲ့မြေမှာ
လက်အုပ်ချီနေကြတာ
ငါ အဖြေမရှိလေတော့ဘူး။
အနှစ် ၂၀
မျက်မှန်ပါဝါထူ
ဆံပင်ဖြူလို့ ဒဏ်ရာအနာတရတွေနဲ့
အမေကတော့ သူရဲ့ ရင်သွေးလေးလို့ ထင်နေတုန်း
အနှစ် ၂၀
ပေါင်းတဲ့သူတော့ များလာတယ်
စကားပြောနိုင်သူ နည်းလာတယ်။
အတွေးလည်းခေါင်လာတယ်
အနှစ် ၂၀
ဘာမှ မလုပ်ခဲ့တာတော့ မဟုတ်ဘူး
ဒီလမ်းကိုခင်းတာ ကျောက်တတုံးမဟုတ်..
တကျင်းလည်း ဖြစ်ခဲ့နိုင်တယ်။
အနှစ် ၂၀
ခိုနားရာ အိမ်ကိုရှာတယ်
သစ္စာကို ရှာတယ်
သမ္မာပါလကို ရှာတယ်
ဒီအရာတွေကပဲ ရှားပါးလေရော့သလားကွယ်။
ယောဟန်အောင်
သြဂုတ် ၁၆၊ ၂၀၀၈။
5 comments:
ကျနော်ကတော့ ဆံပင်တွေဖြူလာခဲ့တာပဲ
ဘာပဲဖြစ်ဖြစ် အမည်းတွေတော့ နည်းလာပြီလားလို့
ဒီကဗျာလေး ခံစားသွားပါတယ် ကိုအောင်သူငြိမ်း ။
ဒီအနှစ် နှစ်ဆယ်ကဗျာကို နာကျင်စွာ ကောင်းကောင်း ခံစားလို့ ရခဲ့တယ်။
မိုးချိုသင်း
ကဗျာလေး ဖတ်သွားတယ် အစ်ကို။ နောက်ဆုံးအပိုဒ်က ရင်ထဲမှာ ပဲ့တင်နေတယ်ဗျာ။
ကိုယောရေ တင်ထားတာ ကြာနေပေမဲ့ လာဖတ်သွားပါတယ်။
အခု ကဗျာနဲ့ အောက်က စာ ဆက်စပ်မယ် ထင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ ကိုယော လိုချင်တဲ့ ဘဝမျိုးကို အမြန်ဆုံး ရောက်ပါစေလို့
Post a Comment