နံနက်ခင်းတခုမှာ နိုးထလာတော့
အစာအိမ်က ဟာနေတယ်..
ငါ့ကိုငါမေး
ငါက ဘယ်သူ့ကို ဝေငှဖို့ ရှိပါသေးသလဲ...
ရင်ထဲမှာလည်း ဟာနေတယ်..
ငါ့ အိပ်မက်တွေ မပြီးသေးဖူးထင်ရဲ့။
ခေတ်ကျပ်ကြီးပါကွဲ့
လွမ်းတဲ့အခါတောင် လောက်ငှအောင် မလွမ်းနိုင်ဘူး
နှင်းဆီနည်းနည်း၊ ၀ိုင်နည်းနည်းလောက်နဲ့သာ
မီးရောင်မှိန်ပြ အဲသည်လိုညနေကို ပြန်လွမ်းနေရ
အမှတ်ရစရာတွေကို တခုချင်း တခုချင်း ထုတ်နေရတယ်..
ညကလည်း ရှည်ကြာတယ် မဟုတ်လား
ခုတော့
ဆုတောင်းတာလည်း ချွေတာနေရ
စကားတွေကိုလည်း ချွေတာနေရ
ဝေးနေစဉ်ကာလမှ ထိရှတတ်ကြတယ်တဲ့...
စိတ်သွားတိုင်း ကိုယ်မလွမ်းနိုင်တဲ့ဘ၀ပါ။
သူနဲ့ဝေးလို့
အေးတဲ့ညတွေ
စီးဆင်းတဲ့ မြစ်ရေတွေကတောင်
ချွေတာနေသလား ထင်ရ
အအေးလက်သည်း ကြမ်းတမ်းချွန်မြ
နေရောင်က စူးရှ
လူတွေက မာန်စောင်နေကြပြီး
ကမ္ဘာကြီးမှာလည်း အချင်းချင်းသတ်နေကြ
သတင်းတွေမှာလည်း အသက်တွေက ပေါနေသလား
ထင်ရတယ်။
လမ်းထွက်ပါတယ်...
ဘဏ်ထဲမှာလည်း
ကိုယ်ကျပ်အင်္ကျီတွေနဲ့
ကုန်တိုက်မှာလည်း
လူတွေက ကိုယ်ကျပ်အင်္ကျီတလွှားလွှားနဲ့
ဈေးဝယ်နေကြ
ခါးစည်းကြိုးတွေ မြဲမြဲ စည်းထားကြပါကွဲ့
ခေတ်ကျပ်ကြီးမှာ လက်ဗလာ အကာအကွယ်မဲ့နေလို့တော့ မဖြစ်နိုင်ဘူး။
သူဟာ ငါ့ရဲ့ကိုယ်ကျပ်အင်္ကျီပါကွဲ့
အမြဲငါ သူနဲ့ လုံခြုံနေခဲ့တယ်။
လှုပ်ရှားမှုတိုင်း
အသက်ရှုသံတိုင်း
နေ့တနေ့တိုင်း နေ့တနေ့တိုင်း
ရင်ကိုနွေးစေ သွေးလေလုံခြုံတယ်
မိခင်တွေက ရင်သွေးကို ကာကွယ်မှုပေးသလိုပေါ့။
သူ့အကြောင်းအတွေးမှာ စွမ်းအားဖြစ်စေလို့
တော်သေးတာပေါ့
ငါလည်း ချပ်ဝပ်မိန်ညိုရလာသလို
တင်းကျပ်တဲ့ ပွေ့ဖက်မှုမှာ
သူ့ရင်ခွင် ငါ.. ငြိမ်းချမ်းရေးကို ရခဲ့တယ်။
မျှော်လင့်ချက် အသစ်တွေရခဲ့တယ်။
မင်းနှလုံးအိမ်က
ငါ့ထာဝရအိမ် ဘ၀အဓိပ္ပါယ်ရှိ တည်ငြိမ်စေတယ်လေ။
ယောဟန်အောင်
၅ ဇန် ၂၀၀၉။
10 comments:
သူဟာ ငါ့ရဲ့ကိုယ်ကျပ်အင်္ကျီပါကွဲ့
အမြဲငါ သူနဲ့ လုံခြုံနေခဲ့တယ်။
လှုပ်ရှားမှုတိုင်း
အသက်ရှုသံတိုင်း
နေ့တနေ့တိုင်း နေ့တနေ့တိုင်း
ရင်ကိုနွေးစေ သွေးလေလုံခြုံတယ် တဲ့..
အဲဒီအပုဒ်လေး heart အထိဆုံးပဲ။ ဟုတ်ပါလေ့..ကိုယောရေ့..။
ဆြာယော ချွေချွေတာတာ ရေးတတ်တဲ့ အချစ်ကဗျာ တပုဒ်ပါကလား...း)
လွမ်းတဲ့အခါတောင်လောက်င အောင်မလွမ်းနိုင်ဘူး
တဲ့လား ဆြာယောရယ်။ ဘာပဲပြောပြော...
အမြဲငါသူနဲ့လုံခြုံခဲ့တယ်..
ဆိုတဲ့အပိုဒ်လေးကတော့
you make me crazy!!!!!!!!!!! :(
အချစ်ထဲမှာ ခေတ်ကိုထည့်
ခေတ်ထဲမှာ အချစ်ကိုထည့်
ပြီးတဲ့အခါ ကိုယ်ကျပ်အင်္ကျီကိုဝတ်
ကဗျာတွေကို ပီပီပြင်ပြင်ရေးခြစ်တဲ့ ဆြာယောရေ...
ရုပ်သဘောတွေထဲက..သဂိ င်္ါရ ရသလေးကို တွဲစပ် ခံစားသွားပါတယ်။ လှပတဲ့ နောက်ထပ် ကဗျာတပုဒ်ပါ။
ကဗျာဆရာ...တဖြည်းဖြည်း
လူသားဆန်လာပြီ.......း)........
ခုမှ ပဲ...ကိုယ့်နှလုံးသား...ကိုယ် ပြန်ကြည့်တော
့ တာ ထင်ရဲ့.....
ကိုဆောင်းယွန်းလ ....ဆီ comment တွေ့ ကတည်းက
ထင်တော့ထင်သား...း)..
အချစ်ကဗျာ တစ်ပုဒ်လောက်တော့ ဖတ်ရတော့မယ် ..လို့........း)...
ရေးပါအုံး ရှင့်...
ကဗျာလေး က ဖတ်ရတာ
ကြည်နူးစရာ ကောင်းတယ်...
အဆင့်မြင်မြင့် မော်ဒန် အချစ်ကဗျာလေး...
ကျမတို့ ရေးဖို့ မစွမ်း နိုင်တာမျိုး လေး တွေ.....း)..
ခုတလော အစ်ကို့ ကဗျာလေးတွေ ဆက်တိုက်ဖတ်ရလို့  ဝမ်းသာမိတယ်။
Ko Yaw,
I like this poem. :)
ဆြာယော ... ဘလော့ဂ်တော်မှာ စကားပြေ စီရင်တာလဲ ကောင်း ကဗျာတော် စီရင်တာလဲ ကောင်း ....ကောင်းမှ ကောင်းပဲဗျို့......
ဒီတစ်ခေါက်တော့ လာရကျိုးနပ်သွားပြီ ကဗျာတစ်ပုဒ်စားသုံး ရလို့
ဒီလိုကဗျာလေးတွေ ဖတ်ရရင် ငါတစ်ယောက်တည်းမဟုတ်ဘူးပဲဆိုပြီး
ရင်မောတတ်တဲ့ အဖော်ရလို့ အပူမျှပေးလိုက်ရသလိုပဲ
Post a Comment