Pages

Wednesday, February 11, 2009

အိပ်မက်

သန်းတကောင်က
တနေ့ကျရင် နွားတကောင်လုံးဝယ်စားလိုက်ဖို့
စိတ်ကူးယဉ်လို့နေတယ်။

ပင်လယ်သံက ဆူညံလွန်းလှ
ဖိအားပေးခါမှ တော်ရာကျတော့မယ်လို့
စမ်းချောင်းလေးက ပြောတယ်။

အဖိုးကြီးတွေကတော့
ဒီမိုကရေစီကို မြင်ရ နေရကျိုးနပ်ပါပြီတဲ့။

မေမေ့သားကတော့
စင်တာကလော့ နောက်တခါအလာ ပေးနိုင်အောင်
စာရှည်တစောင်ရေးပို့ထားတယ်
"လူ့အခွင့်အရေးကြေညာစာတမ်း" လေ...။

ယောဟန်အောင်
ဖေ ၁၁၊ ၂၀၀၉

10 comments:

ဆောင်းယွန်းလ said...

ဆြာယောရဲ့ ကဗျာတောထဲမှာ
မျောသွားလေတယ်ဗျာ..ကောင်းလိုက်တဲ့ကဗျာလေး..

pandora said...

"A goal is a dream with a deadline." (Napoleon Hill)

We need to set a deadline and make dreams come true.

Anonymous said...

"We need to set a deadline and make dreams come true."

What did u mean Pandora? Don't say too much. It makes me laugh. By the way, what do u do?

Moe Cho Thinn said...

မဖြစ်နိုင်ဘူးလို့ မပြောရက်နိုင်တာကိုက အိပ်မက်ပဲ ထင်ပါရဲ့လေ။

kay said...

ကဗျာအဆန်းလေး နောက်တပုဒ် ဖတ်သွားပါတယ် ဆြာယော။

Anonymous said...

yan ma phyit kya par nak!

ATN said...

ဘာမှ ထပ် မပြောချင်တော့ဘူး...
မောနေပြီ...

pandora said...

:)

Dear Anonymous,

I am saying anything in general (could be personal too) based on that quote.

When I am glad that u could find something laughable, I also need to say sorry if u misinterpreted my rush comment.

Cheers,

Pan

Kaung Kin Ko said...

အဖိုးကြီးတွေလို နှလုံးသွင်းကြည့်လိုက်မယ်။ ဒီတစ်သက် လူဖြစ်ရကျိုး နပ်ပါ့မလားး-(

MANORHARY said...

ဘာပြောရမှန်းမသိပါဘူး ကဗျာဆြာရယ်..

Recent Comments