အဲသည်မှာ
ပြိုကျနေရဲ့
ကောင်းကင်တခု
ရင်အုံဆီ မခိုလှုံနိုင်တော့ဘူး။
အဲသည်မှာ
တိမ်ကောနေရဲ့
မြစ်တမြစ်
ပင်လယ်ဆီ မစီးဝင်နိုင်တော့ဘူး။
ပြိုလဲသွားတယ်
စုံးစုံးမြုပ်သွားတယ်
"ရသ" စင်တာကြီးတခု။
ပြာညိုပြာမည်းတွေ မထွက်ဘူး
သွေးစိမ်းရှင်ရှင်တွေ မထွက်ဘူး
အတုံးလိုက် အတစ်လိုက်တွေပဲ ထွက်လာတယ်
အစိမ်းလိုက် အတောင့်လိုက်တွေပဲ ထွက်လာတယ်။
သေကုန်ကြပေါ့။
ကဗျာတွေ၊ ၀တ္တုတွေ
အက်ဆေးတွေ၊ အိပ်မက်တွေ
ရှိရှိသမျှ
အနုရသ သုခုမတွေ။
ပြန်ပေးပါ့ ငါ့ ထပ်ခိုးလေး
ပြန်ပေးပါ့ ငါ့ သိုက်မြုံလေး
ပြန်ပေးပါ့ ငါ့ ခိုလှုံရာလေး။
မြစ်တမြစ်ဟာ
ခေတ်ကို အခါခါ ဖြတ်စီးရင်း
ခေတ်လို အမှောင်မှာ နစ်နေရတာ
(မတတ်သာဘူး)
လက်ပိုက် ကြည့်နေရတယ်။ ။
အောင်မော်ဦး
ဇန်န၀ါရီ၊ ၁၆၊ ၂၀၀၈။
1 comment:
feeling flows to the deeper part of my heart..
Thanks for sharing
TTR
Post a Comment