Pages

Thursday, January 17, 2008

ဗုံးတွေကွဲတယ်

ဘနာဇီယာဘူတို ဗုံးခွဲ လုပ်ကြံ
ခံလိုက်ရသတဲ့
ကျနော် ပခုံးတွန့်ပြလိုက်တယ်။
သူကလည်း ကံကို ဆိုးပါတယ်။

အီရတ်မှာ အပတ်လိုက် ဆက်တိုက်ပဲ
ဗုံးထပ်ကွဲပြန်သတဲ့
ကျနော်ပခုံးတွန့်ပြလိုက်တယ်
ဒါ သတင်းမှ မဟုတ်တာ။

အိမ်သာထဲမှာ ဗုံးတွေကွဲသတဲ့
ကျနော်ပခုံးတွန့်ပြလိုက်တယ်။
လုပ်တဲ့သူ ကျနော်သိတယ်။
ဒီရောဂါ မသေးဘူးပဲ
အာဏာမြဲမယ် ထင်နေသေးတယ်။

ဗုံးခွဲရင်တော့ ခွဲပါ
လူတွေသေတာတော့ မကောင်းဘူး
ကျနော် ပခုံးတွန့်ပြလိုက်တယ်
ကျနော်လည်း ဘုရားသခင်မှ မဟုတ်တာ။

ကျနော်မှာလည်း မျက်ရည်ယိုဗုံး ကွဲသွားတယ်။
သူများတွေက ပခုံးတွန့်ပြကြမှာပေါ့
ခံရတာတောင်နည်းသေး။
အဲဒီ ဘလော့ကိုပဲ အားအားယားယား သွားရေးနေတယ်။

ယောဟန်အောင်

1 comment:

Kaung Kin Ko said...

ကဗျာလေး ခံစားသွားပါတယ်ခင်ဗျာ။

Recent Comments