Pages

Thursday, December 27, 2007

မြေပြန့်အလွမ်း

ကမ္ဘာကြီးရဲ့
ဆံပင်များ
ဖြီးသင်ထားလိုက်ပုံနဲ့
အစွမ်းကုန် ပြန့်ပြူးတဲ့ ကွင်းပြင်ကျယ်
မြစ်တွေနဲ့ ဆင်ချယ်ထား
တောင်ကုန်းတခုအပေါ် တွားတက်ခဲ့ပြီး
အပေါ်စီး မြင်ရပုံ

ငါ..
ကလေး အရင်လို
ခုန်ပေါက် အော်ဟစ်မိပေါ့။

အချစ်စိတ်နဲ့
ဖိတ်လျှမ်းကြည်နူးနေမိ
သည်ကွင်းပြင်တွေဟာ
ငါ့ဇာတိပေါ့
ငါ့ဇာတိပေါ့။

ကောင်းကင်ကို ကျဉ်းကျဉ်းပဲမြင်ရ
ရှိုနဲ့ တောင်ကြားတွေက
အသက်၀၀ ရှူဖို့နဲ့
လူဖြစ်ခွင့်ရဖို့
ထိုးဖောက်လို့ လာခဲ့ပြီလေ
နီကျင် အရုဏ်ဦး
ပန်းတွေပွင့်ဖူး
တေးသံလူးလွန့်
မြေပြန့်ပြူးဆီ
ဧရာဝတီဆီ ချီတက်မယ်။

တိမ်တွေ ပြိုဆင်းလာပုံနဲ့
တောင်တွေ မြင့်တက်လာပုံ
ကောင်းကင်တုန်လှုပ်နေတော့တယ်။

အုပ်ဖွဲ့ငှက်တွေ
လေဆန်ပျံသန်း
မြေပြန့်အလွမ်း နာကျင်နေတဲ့
အေကေရိုင်ဖယ် ကိုင်ထားသူ
လူငယ်တစ်ယောက်ဟာ
“ဧရာဝတီ” သီချင်းကို
မပျင်းတမ်းပေါ့
ထပ်ကျော့ သီဆိုနေလေရဲ့။

ယောဟန်အောင်
ဒီကဗျာကို ဒေါင်းအိုးဝေစာစောင်မှာ ဖော်ပြခဲ့တယ်။ ရေးတာက ၁၉၉၆ ခုနှစ်လို့ ထင်တယ်။

3 comments:

ကောင်းကင်ကို said...

ဘဝ နဲ့  ရင်းပြီး မှ ထွက်လာတဲံ ကဗျာလေးကို လာခံစားသွားပါတယ်။ မြင်ကွင်းကို မြင်ယောင်လာမိတယ်ဗျာ။

Saung Yune La (aka) Way said...

အုပ်ဖွဲ့ငှက်တွေ
လေဆန်ပျံသန်း
မြေပြန့်အလွမ်း နာကျင်နေတဲ့
အေကေရိုင်ဖယ် ကိုင်ထားသူ
လူငယ်တစ်ယောက်ဟာ
“ဧရာဝတီ” သီချင်းကို
မပျင်းတမ်းပေါ့
ထပ်ကျော့ သီဆိုနေလေရဲ့။
ခံစားရတယ်ဗျာ. တချိန်တုန်းကအတိတ်ကိုလည်းပြန်မြင်
ယောင်မိတယ်ဗျ..ကိုယောဟန်အောင်ရဲ့ကဗျာကိုဖတ်ရင်း
ပေါ့

Aung Tha Nge said...

အကြိမ်ပေါင်းမြောက်များစွာ ခံစားခဲ့ဖူးတဲ့ ကဗျာပါ၊ အခုတခါထပ်ခံစားလည်း အဲဒီအလွမ်းတွေက နာကျင်နေဆဲပါ၊ အနှစ်နှစ်ဆယ် ကြာပါပြီ ကိုယော၊

Recent Comments