Pages

Friday, October 13, 2017

မင်းအချစ်က ကြီးမြတ်စွ (You Are Great In Love)

မင်းအချစ်က ကြီးမြတ်စွ
မင်းက ရဲတင်းတယ်၊
ငါ့ခြေလှမ်းတိုင်းက ရှက်ရွံ့နေတာပေါ့၊
ငါမင်းကို မကောင်းတာဘာမှ မလုပ်ပါဘူး၊ 
ဒါပေမယ့် ကောင်းတာလုပ်ပေးနိုင်ဖို့လဲ ခက်ခဲလှတယ်၊
ကြည့်ရတာ မင်းက
ငါ့ကို တောတခုထဲက
ခြုံတွေလဲနေတဲ့ လူသွားလမ်းလေးထဲခေါ်ဆောင်သွား
အခု ငါတို့က ခါးအမြင့်ရှိတဲ့ ပန်းရိုင်းတွေကြား အမြင့်ကိုတက်နေပြန်တယ်၊
ဘာပန်းတွေမှန်း
ငါမသိနိုင်ပေဘူး။
အတိတ်အတွေ့အကြုံတွေလည်း မကယ်မကူနိုင်၊
ငါ ဘာလုပ်ရမှန်း
မသိဘူး၊ ဘယ်လိုလုပ်ရမှန်း မသိဘူး။
မင်းက ပင်ပန်းနေပြီ၊
ငါပွေ့ခေါ်သွားဖို့ မင်းကတောင်းဆိုတယ်၊
ငါ့လက်ထဲ ရောက်နေခဲ့ပေါ့။
'မြင်လား၊

ကောင်းကင်က ပြာလိုက်တာ၊ 
ကြားလား
တောထဲမှာ ဘာငှက်တွေများလဲ၊ 
ကောင်းပြီ၊ မင်းက ဘာကိုစောင့်နေတာလဲ၊ 
ကောင်းပြီလေ… 
ငါ့ကို သယ်ဆောင်သွားပါ'
ဆိုတော့ ငါမင်းကို ဘယ်ကိုသယ်ဆောင်သွားရမှာလဲ ...


ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၅၃ ခုနှစ်။
Translated by Albert C. Todd 

No comments:

Recent Comments