Pages

Friday, October 13, 2017

နောက်ဆုံး ယုံကြည်မှု (Final Faith)

ငါတို့ဟာ တွန့်လိမ်ဖောက်ပြန်လွန်းလို့ 
ငါတို့တယောက်ချင်းကို ကယ်တင်ဖို့ မရှိတော့ဘူး.. ဆိုတာ ဖြစ်နိုင်သေးရဲ့လား၊  
တောင်ပံတပ်တဲ့ ဒုံးပျံတွေခေတ်မှာမှ
အိုင်ဒီယာတွေကလည်း တောင်ပံမဲ့နေတာလား။ 

မသန်စွမ်းနေတဲ့ ဘုဇပတ်ပင်တွေ 
နောက်ဆုံးမြစ်အပေါ် ကိုင်းညွတ်ဖို့ ဖြစ်နိုင်သေးရဲ့လား၊  
သူ့ရဲ့ ဆူပွက်နေတဲ့ ရေမှာ
နောက်ဆုံးလူသားကို မြင်ရလိမ့်မှာပေါ့။

စိန့် ဘာဆေးလ် (Saint Basil) ရဲ့ဟာ ဖြစ်ဖြစ်၊ နိုတာဒိမ်း (Notre Dame) ဖြစ်ဖြစ်
နောက်တကြိမ် ခေါင်းလောင်းထိုးသံကြီး ဖြစ်နိုင်သေးရဲ့လား၊ 
ငါတို့ရဲ့ နောက်ဆုံးလှေခါးထစ်တွေပေါ်က
နျူထရွန်ဒြပ်မှုန် ရေမြုပ် ပန်းထွက်ဦးမလား။

ဒါပေမယ့် အဲဒီဂြိုဟ်၊ ချယ်ရီပင်များ၊
ငှက်များ နဲ့ ကြက်များ သေကြေပျက်စီးကြလိမ့်မယ်၊
ငါတော့ မယုံကြည်ဘူး၊ ဒီမယုံကြည်မှုက
ငါ့ရဲ့ နောက်ဆုံးယုံကြည်မှုပဲ။

မျှော်စင်များမှာ ဦးခေါင်းခွံပြီး ဦးခေါင်းခွံ
နောက်တကြိမ် စုပုံတော့မှာ မဟုတ်ဘူး။ 
နောက်ဆုံး နျူရင်ဘတ်ခုံရုံးက
စစ်ပြီးမှမဟုတ်၊ စစ်မတိုင်ခင် ငါတို့ဆီ ချဉ်းကပ်လာမှာ။

ကမ္ဘာမြေပေါ်က နောက်ဆုံးစစ်သားက 
သူ့ပခုံးစလွယ်ကို ချောင်းတခုထဲ ပစ်ချလိုက်မှာပဲ၊ 
ပြီးတော့၊ ပုစဉ်းပျံက အဲဒီအပေါ် ဘယ်လောက်ငြိမ်းချမ်းစွာ
ထိုင်နေတာ ကြည့်နေလိမ့်မယ်။

လိမ်ညာကောက်ကျစ်မှုတွေအားလုံး အဆုံးသတ်ရမှာပဲ၊
ငါတို့ဟာ မိသားစုတွေပါ ဆိုတာ- လူတွေအားလုံး နားလည်လာလိမ့်မယ်၊
နောက်ဆုံးအစိုးရက
သူ့ဘာသာ ဖျက်သိမ်းလိုက်မှာပဲ။

နောက်ဆုံး ခေါင်းပုံဖြတ်သူက
သွားမဲ့မဲ့ သူ့ပါးစပ်ကိုဖြဲလို့
နောက်ဆုံး ပိုက်ဆံကို မြိုချလိမ့်မယ်
ရသာမွန် စားကောင်းသောက်ဖွယ်တခုလို ပုန်းလျှိုးကွယ်လျှိုးနဲ့ပေါ့။

နောက်ဆုံးလက်ကျန် ငကြောက်အယ်ဒီတာက
ထာဝရ ပျက်ကိန်းဆိုက်မှာပဲ။
သူဖျက်ဆီးခဲ့တဲ့ အရာရာတိုင်းဆီက
အစီအစဉ်အလိုက် ဇာတ်ကွက်တွေကိုဖတ်ဖို့လား။ 

နောက်ဆုံးလက်ကျန် ဗျူရိုကရက်ကတော့
အနားယူပြီ၊ တိတ်နေပြီ။ 
နောက်ဆုံး ရာဘာတံဆိပ်တုံးနဲ့
သူ့ အစာပြွန်ကတော့ လစာပေးငွေတွေနဲ့ ပြည့်နေပေါ့။

နောက်ဆုံးနှစ်များမှာ ကမ္ဘာမြေက
အကြောက်တရားမရှိရအောင် ပြောင်းသွားမယ်။
နောက်ဆုံး ကြီးမြတ်တဲ့ ကဗျာဆရာကို
ဘယ်တော့မှ မွေးဖွားလာမှာ မဟုတ်ပေဘူး။

ယက်ဂ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
========
Saint Basil's Cathedral မော်စကိုမြို့၊ ရင်ပြင်နီရှိ ဘုရားရှိခိုးကျောင်းကြီး။
Notre Dame Cathedral ပါရီမြို့ရှိ အလယ်ခေတ် ဘုရားရှိခိုးကျောင်းကြီး။


No comments:

Recent Comments