Pages

Saturday, October 7, 2017

တဝက်တော့ မယူဘူး (No, I'll not take half)

ဟင်အင်း၊ ဘာကိစ္စမဆို ငါက တဝက်တော့ မယူဘူး၊ 
ငါ့ကို ကောင်းကင်တခုလုံးပေးပ။ ဝေးကွာလှမ်းတဲ့ ကမ္ဘာမြေ၊
ပင်လယ်များ၊ မြစ်များနဲ့ တောင်တန်း၊ နှင်းတောင်ပြိုကျမှုတွေ
ဒါတွေအားလုံး ငါ့ဟာတွေပေါ့၊ ဒီထက်လျော့လို့ ငါလက်မခံနိုင်ဘူး။

ဟင်အင်း၊ ဘဝကြီးရေ… မင်းကငါ့ကို အစိတ်အပိုင်းတခုနဲ့တော့ မမြူဆွယ်နိုင်ဘူး၊
အကုန်ရရင်ရ၊ မရရင် ဘာမှ မလိုချင်ဘူး။ ငါက ဒါကိုထမ်းပိုးနိုင်တာပေါ့။
ငါက ပျော်ရွှင်မှုတွေကို တဝက်တပျက် မလိုချင်ပေါင်
ဒါမှမဟုတ် ဝမ်းနည်းပူဆွေးရမှုတွေလည်း တဝက်တပျက်မလိုချင်ဘူး။

ခုတိုင် ငါ့မှာ ခေါင်းအုံးတခု ဝေမျှဖို့ ရှိသေးတယ်၊
အဲဒီမှာ ပါးချင်းညင်သာ ဖိကပ်ကြမယ်
အကူအကယ်မဲ့တဲ့ ကြယ်တခုလို၊ ကြွေကျတဲ့ကြယ်တခုလို၊
မင်းရဲ့လက်က လက်တချောင်းထဲ၊ လက်စွပ်တခု ခပ်မှိန်မှိန်လင်းနေ။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၆၃ ခုနှစ်။

Translated by George Reavey

No comments:

Recent Comments