Pages

Monday, October 2, 2017

အမှတ်တရ ပစ္စည်း (Memento)

ခုဘဝရဲ့ အမှတ်ရစရာတခုလို
ဓာတ်ရထား၊ နေလုံး၊ စာကလေးများ၊
ပြီး၊ သာမိုမီတာများလို ဆူကန်ထွက်လာတဲ့
တိုက်ခိုက်ရုန်းကြွတဲ့ မချုပ်တီးနိုင်မှု
ပြီး၊ ဘဲတွေက စက္ကူလိုပါးလှပ်နေတဲ့ နောက်ဆုံးရေခဲလွှာ အက်ကြောင်းအထက်
တနေရာရာမှာ တဂတ်ဂတ် မြည်နေတာကြောင့်၊
ပြီး၊ ကလေးတွေက ခါးခါးသည်းသည်း ငိုယိုနေတာကြောင့်၊
(ကလေးဘဝများဟာ သိပ်ချိုမြိန်တာ သတိရပါ)
ပြီး၊ မူးယစ်နေတဲ့ တလျှပ်လျှက်လင်းလက် ကြယ်ရောင်များကြောင့်
လစန္ဒာအသစ်က မြူးပျော်အော်ဟစ်လို့၊  
ပြီး၊ ခြေအိပ်ရှည်တခုက ဒူးခေါင်းမှာ နည်းနည်း တဖျစ်ဖျစ်မြည်နေ၊
ရွှေတွေက နေရောင်အောက် တချွင်ချွင်မြည်နေလို့
ဘဝရဲ့ အမှတ်ရစရာတခုလို
ပြီး၊ သစ်ပင်ကိုယ်ထည်များမှာ အစေးရှိနေတာကြောင့်
ပြီး၊ ငါက ငါ့ဘဝတော့ပြီးပါပြီလို့ တွေးပြီး 
ရူးသွပ်မိုက်မဲစွာ မှားယွင်းကောက်ယူမိတာကြောင့်
ဘဝရဲ့ အမှတ်ရစရာတခုလို
မင်းက ခြေအိပ်စွပ်ထားတဲ့ ခြေထောက်များနဲ့ ငါ့ဆီဝင်လာခဲ့။
 
မင်းဝင်လာတာက- သိပ်နောက်မကျပါဘူး။ သိပ်မစောပါဘူး။
အချိန်မှန်ပါပဲ။ ငါ့လိုပါပဲ။
သင်္ချိုင်းထဲကလို၊ သတိရစရာ မှတ်ဉာဏ်များထဲက
အပြုံးတခုနဲ့၊ ငါ့ကို အမြစ်ကဆွဲထုတ်။

ပြီး၊ ငါနောက်တကြိမ် ဆေးရောင်ဆိုးထားတဲ့ မြင်းများကြား
ပတ်ချာလှည့်ပြေး
ဘဝရဲ့ အမှတ်ရစရာတခုနဲ့
သတိရစရာ မှတ်ဉာဏ်အားလုံးကို
ပျော်ပျော်ကြီး လဲလှယ်တယ်။
 

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို
၁၉၇၄ ခုနှစ်။

Translated by Arthur Boyars amd Simon Franklin

No comments:

Recent Comments