Pages

Wednesday, October 4, 2017

အာပင် (Irpen)

'အာပင်'က တောင်ပိုင်းနဲ့ နွေဥတုရဲ့
အမှတ်ရစရာများ...
- ဘီ၊ ပါစတာညက်
တခါက ငါမင်းကို ကတိတွေအများကြီး ပေးခဲ့တယ်
ဘာမှ ပြန်မပေးနိုင်၊
ငါ မင်းကိုဆင်းရဲစေခဲ့။
ငါက တို့တွေအပြာထဲမှာ၊ သစ်ရွက်တွေကြားမှာ
မြက်ခင်းစိမ်းပေါ်မှာ ကတိတွေပေးခဲ့၊
ခေါင်းချင်းဆိုင်လို့၊
အေးတဲ့ ချယ်ရီသီးများက တို့တဦးချင်းရဲ့ ပါးစောင်ထဲမှာ
ငြိမ်ဆိတ်မှုက ကောက်ရိုးတွေရဲ့ ပျင်းရဖွယ်အနံ့များရ။
ငါတို့ 'အာပင်' ကို လာချင်ခဲ့တယ်၊
ပျင်းရိလေးတွဲ့၊ တဝက်တပျက် အိပ်မောကျလို့
ဒီမှာ အဲဒီချောက်ကမ်းပါးပေါ်မှာ၊ ဒါမှမဟုတ် သစ်ငုတ်တိုပေါ်မှာ။
သိမ်မွေ့နူးညံ့တဲ့ ဝရမ်းပြေးက
ဂေးလီပန်းတွေ (gillyflowers) နဲ့ သစ်တောအကြောင်း ရေးတယ်၊
သူ ဒီကိုထွက်ပြေးလာခဲ့တုန်းကပေါ့ ...
ဒါပေမယ့် ဒီနေ့တော့ တရားခုံရုံးတခုကနေ
သမိုင်းအတွက် ရှက်စရာကနေ
လွတ်မြောက်စရာ မရှိ 
တိမ်များက အဆုံးမသတ်နိုင် ပေါက်ကွဲ
ရက်စက်ကြမ်းကြုတ်စွာ၊
ငြိမ်းချမ်းရေးနဲ့ ဇိမ်ကျမှုတွေအားလုံး ဆေးကြောချပစ်
မင်းနဲ့ ငါ တို့တွေအပြာထဲမှာ၊ သစ်ရွက်တွေကြားမှာ
မြက်ခင်းစိမ်းပေါ်မှာ
ခေါင်းချင်းဆိုင်လို့...
ငဖားတွေက သူတို့ရဲ့ ဘို့ရှ် (borscht) ဆွတ်ပြုပ်ကို ပလုပ်ပလောင်းမြိုချ
သူတို့ ဗိုက်တွေက ပူဖောင်း၊
နာမည်ကျော် ဝေဖန်ဆရာတဦးက
ငါ့ပခုံးများကို ထိလုနီး ချည်းကပ်လာ
ဒါပေမယ့် သူပခုံးတွေကို မပုတ်နိုင်သေးဘူး၊
' အခုတော့ မင်းက ငါ အမြဲတမ်း
လိုချင်ခဲ့ပါတဲ့ပုံပဲ။
မင်းက မြှောက်ပင့်လုံး ငါးမျှားချိတ်ကို မမြိုချခဲ့ဘူး
ပြည်သူ့အရေးနဲ့ ဆိုင်ရင်တော့ မင်းက ပြင်းပြင်းထန်ထန် ထွက်ပြောတယ် ...'
မင်းရဲ့ မျက်လုံးထဲမှာ ဖီဆန်စက်ဆုပ်ခြင်းနဲ့ အရှက်ကို ငါမြင်တယ်
သူ့ရဲ့ ချီးမြှောက်မှုနဲ့
ငါ မင်းကိုဖျက်ဆီးခဲ့တယ်။

မယုံပါနဲ့ -
ငါ အဲသလို မဟုတ်ရပါဘူး
ငါ အဲသလို မဟုတ်ရပါဘူး
ငါ အဲသလို မဟုတ်ရပါဘူး
ငါ လွယ်လွယ်ပဲ အစိတ်စိတ်အမွှာမွှာ ကြေကွဲ
ရေကြီးမှုထဲက ဖောင်တခုလို၊
ဒီဝေဖန်မှုတွေက လိမ်ညာနေကြတာပါ၊
အဓိပ္ပါယ်မရှိတာတွေ နားမထောင်နေပါနဲ့
သူက ငါ့ဆီပျံလာတဲ့ ဘော်လုံးတွေလိုပါပဲ
ဒါပေမယ့် ငါမဟုတ်ဘူး၊
ဒါပေမယ့် မင်းပြောတယ်၊
' မဟုတ်ဘူး၊
မင်းက အဲသလိုပဲ၊
မင်းက ဖောင်တခု မဟုတ်ဘူး
ခေတ်တခုရဲ့ ပိုးလိုမွေးသထားတဲ့ သစ်သီးပဲ
လူတိုင်းရဲ့ အကြိုက်ဆုံး
စံပြ သားတယောက် ...'
ပြီး၊ မင်းရဲ့ လှပတဲ့အကြည့်တချက်က မခံရပ်နိုင်အောင် ရက်စက်တယ်၊

မင်းကပြောတယ်
ဆန်းသစ်တဲ့ခေတ်က မင်းနဲ့သွေးသားတော်စပ် မိခင်လိုပဲတဲ့၊
မိခင်က သေရာပါဒဏ်ရာ ရစေနိုင်သလား၊
ကျိုးပဲ့စေနိုင်သလား၊
မြင်းတကောင်လို
သူတို့က ကော်လာတခုနဲ့ ငါ့ကို ထိန်းကျောင်းချုပ်ကိုင်တယ်၊
ကြာပွတ်နဲ့ ရိုက်နှက်
ဘွတ်ဖိနပ်ကို ကြိတ်မှိတ်ခံရ၊
ဒါပေမယ့် ဒီနေ့တော့ သူတို့က ဂျင်းပေါင်မုန့်ကို ငါ့ဆီ ရက်ရက်ရောရော ပစ်ပေးတယ်။
အပိုင်းအစတိုင်းက ငါ့ကို
ကြာပွတ်လိုနာစေတယ်၊
အကြမ်းထည် ဆောင်းဦးမြူခိုးတွေက စုတ်ယူနေတဲ့ စိမ့်ညွန်တွေလို တွယ်ဖက်ထားတယ်၊
ငဖားတွေက ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ကက်ဖဲ (ဒိုမီနို) ဆော့ကစားနေကြတယ်၊
ကျေးလက်အရပ်တွေက ငတ်မွတ်ဆာလောင်နေခဲ့
သစ်တို့ ရှားပါးလာနေ
ဒါတောင် အာကာသယာဉ်မှူးတို့က နိဗ္ဗာန်ဆီ ပျံသန်းနေကြတုန်းပဲ၊
ငါက မင်းကို ပိုကြောက်မက်စေရအောင် ဆင်းရဲစေခဲ့တယ်၊
ငါက ငါ့ဝိဉာဉ်နဲ့ မင်းကိုဆင်းရဲစေခဲ့တယ်
ငါ့ကို ခွင့်လွှတ်ပါ။ ငါ မင်းကို ကတိတွေအများကြီး ပေးခဲ့တယ်။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၆၁ ခုနှစ်။
Translated by Albert C. Todd and James Ragan 

Irpin  ယူကရန်း ကီးယက်ဗ်ခရိုင်၏ ညာဖက် အာပင်မြစ်နံဘေးရှိမြို့။ ကီးယက်ဗ်မြို့တော် အပိုင်ထဲတွင် ကျရောက်သည်။


Borscht အရှေ့ဥရောပ နိုင်ငံအချို့ (ယူကရိန်း၊ ရုရှား၊ ပိုလန်၊ ဘဲလာရုစ်၊ လစ်သူအားနီးယန်း၊ ရိုမေးနီးယန်းတို့တွင် လူကြိုက်များသည့် အချဉ်အရသာ ဆွတ်ပြုတ်တမျိုး။ 

No comments:

Recent Comments