Pages

Monday, October 23, 2017

ဖော်မပြနိုင်လောက်အောင် (The Inexpressible)

ဖော်မပြနိုင်လောက်အောင် ဖြစ်ရတဲ့ကိစ္စမျိုး ငါလိုချင်တယ်၊ 
ရိုင်းရိုင်းပျပျပေါ့၊ ငါက ဘုရင်မတယောက် မရှိဘဲ မီးနဲ့ကစားတယ်။

ငါ့ဘုရင်မရဲ့ ကျိုးကြောင်းဆင်ခြေက၊ မြင်းစီးသူရဲ နိုက်ရဲ့ ခွာများ အောက်မှာပဲ
ဒီမီးကို လွှတ်ပေးလိုက်ရတာ ဘယ်လောက်များ ပျော်စရာ ကောင်းပါသလဲ။ 

မဖြီးမသင် ညမှာ ဘယ်လို မီးတောက်တွေလဲ
ဖယောင်းတိုင်ကလိုမျိုး၊ မင်းလို သွယ်သွယ်လျလျဆီက၊ 

ဒီလို အကုသိုလ် အိုင်ဒီယာမျိုးကို
မင်းက ဘယ်လို ထွန်းညှိခဲ့တာလဲ။

ငါ ထွန့်ထွန့်လူး၊ ဒါပေမယ့် ငါအော်ဟစ်တာက ငါ့အသားတွေ အတိသုခဖြစ်လို့။
သင်းကွဲယုံကြည်သူကို မီးတောက်က လွှတ်ပေးခဲ့ပါပြီ။

ဂူလ်ရစ်ရှီ (Gul'ripshi)၊
နယူးယောက်၊ ပါရီ၊ မဲဒရစ်တို့က မီးတောက်များထဲမှာ
ပြီး၊ ငါချစ်ခင်ရတဲ့သူက အဲဒီထဲမှာ လောင်ကျွမ်းလို့။

ဒါပေမယ့် အဲဒီ သင်းကွဲယုံကြည်သူတို့ရဲ့ မီးကနေ
မီးတောက်တွေက ဆင်းရဲသား တကောင်ရဲ့ ခေါင်မိုးဆီ ခုန်ကူးသွားတယ်၊

သင်းကွဲယုံကြည်သူ အားလုံးတို့က
ငရဲမှာ အမြဲထာဝရ ကျခံမှာမို့ လောင်ကျွမ်းလို့။  

အမှန်တရားဆိုရရင်တော့၊ အနီးအနားက တယောက်ယောက်ရဲ့ မြင်ကွင်းကို
မင်းက မီးတင်ရှို့ချိန်  
ဘယ်တော့မှ အမှန်တရားဖြစ်မှာ မဟုတ်ဘူး၊ လိမ်ညာမုသားပဲ ဖြစ်မှာ။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by Lawrence Ferlinghetti with Anthony Kahn 


ဂူလ်ရစ်ရှီ (Gul'ripshi)- ဂျော်ဂျီယာနိုင်ငံမှ ဒေသတခုအမည်။ 

No comments:

Recent Comments