အိမ်အပြန်
ပြည်တော်ပြန်ရဖို့ သေချာသလောက် ရှိသွားပြီဆိုတော့ ကျနော်ရင်ခုန် စိတ်လှုပ်ရှားနေတယ်။
အထူးသဖြင့် အိမ်ပြန်ခရီးဟာ
ဘယ်လိုရှိမယ်ဆိုတာ မှန်းဆတွေးနေမိတယ်။ တကယ်တော့ အိမ်ကထွက်ပြေးလာခဲ့တာ ကြာပါပြီ။ ကြာဆို ၂၄-နှစ် တိုင်ရှိခဲ့ပြီပဲ။ တချိန်တည်းမှာပဲ (ကိုယ့်အိမ်ပြန်တယ်ဆိုပေမယ့်) မမြင်ရတဲ့ နယ်မြေစိမ်းတခုထဲကို သွားရမယ့် ခရီးစဉ်တခုလို အလုပ်တွေလည်း များလှတယ်။ အန္တရာယ်ကြုံလာနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် အထွေထွေ
ရွေးကောက်ပွဲပြီးလို့ အရပ်သားတပိုင်း အစိုးရတက်နေပါပြီ။ အရပ်သားအစိုးရသစ် သမ္မတဦးသိန်းစိန်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေ ပြန်လာနိုင်ကြောင်းလည်း တရားဝင်ဖိတ်ထားပြီးပါပြီ။ ဒီအရင်က အချို့ပြန်ခဲ့ကြသူတွေလည်း ပြဿနာမတွေ့ခဲ့ ကြရသလောက်ပါပဲ။ နောက်ပြီး အစိုးရထဲက တာဝန်ရှိတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဘန်ကောက်ကို ငြိမ်းချမ်း
ရေးဆွေးနွေးပွဲတွေအဖြစ် လာရောက်ကြတဲ့ ခရီးစဉ်တွေမှာလည်း ကျနော်တို့နဲ့ ပြောထားဆိုထား၊ ဆက်ဆံမှုတွေကလည်း တစုံတရာ ရှိထားပြီးပါပြီ။ အကယ်၍ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတယ် ဆိုရင်ဖြင့် ပိုလို့ ခိုင်သွားပါပြီ။ တချိန်တည်းမှာပဲ ပြည်တွင်းက ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ မြန်မာအီးဂရက်စ် (Egress) ခေါင်းဆောင်တွေကလည်း ကျနော်တို့အပြန်ခရီးအတွက် ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်ထားကြပါတယ်။ သိပ်တော့စိတ်ပူစရာ မရှိလှဘူးပေါ့။ ဒါပေမယ့်
မြန်မာပြည်ကို အပြန်ခရီးဟာ အပြီးအပိုင် အိမ်ပြန်ခရီးလား၊ ဒါမှမဟုတ်ရင် ခဏတဖြုတ် လှည့်လည်ကြည့်ရှု လေ့လာရေးခရီး ေ
လောက်ပဲလား ဆိုတာ ကျနော်ကိုယ်တိုင် သေချာမဆုံးဖြတ်နိုင်သေးပါဘူး။

မြန်မာပြည်ကို ပြည်တော်ပြန်ခရီးဖြစ်လာလိမ့်မယ်ဆိုတာ ဒီမတိုင်ခင် ကာလ အနည်းငယ်ကတည်းက ကျနော်တို့အဖွဲ့ဆီကို
သတင်းကြိုပြောထားခဲ့ပါတယ်။ အဖွဲ့ဆိုတာကတော့ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးမှု (Vahu Development Institute) အဖွဲ့ပါ။ ချင်းမိုင်တက္ကသိုလ်မှာ အခြေစိုက်ပြီး၊ ရပ်ရွာဖွံ့ဖြိုးရေးသင်တန်းတွေကို လုပ်နေခဲ့တယ်။ မြန်မာနိုင်ငံထဲက လူမှုအဖွဲ့ အစည်း၊ နယ်ပယ်အသီးသီးက လူငယ်၊ ခေါင်းဆောင်တွေကို ချင်းမိုင်ကိုဖိတ်ကြား၊ သင်တန်းတွေ လုပ်နေခဲ့ပါတယ်။ သင်တန်းတွေသာမက
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်း၊ ဟောပြောမှု၊ ပြည်တွင်း-ပြည်ပ ချည်းကပ်စည်းရုံးမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာတော့ ၂၀၀၆ ခုနှစ်ကစတင်လို့ ဗဟုဖောင်ဒေးရှင်းအနေနဲ့ တရားဝင် မှတ်ပုံတင်ထားခဲ့ပါတယ်။ တကယ်
တော့ ဗဟုဖောင်ဒေးရှင်းကိုယ်၌က အစိုးရဆန့်ကျင်ရေး သဘောမျိုးထက်၊ နိုင်ငံတည်ဆောက်ရေး (Nation building) အတွေးအခေါ်ဘက်ကို အားပြုပြောင်းလဲခဲ့တာ ကြာပါပြီ။ ကျနော်သတင်းကြိုရတယ်ဆိုတဲ့ နေရာမှာ အဲဒီအချိန်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ကျနော်ခေတ္တပြန်ရောက်နေတဲ့အချိန် အင်တာနက်က တဆင့် ပြည်တွင်းက မိတ်ဆွေတွေက သတင်းပို့လာခဲ့ပါတယ်။ "ခင်ဗျားတို့ ပြန်ရတော့မယ်၊ ပြင်ထားပါ" တဲ့။ အထူးသဖြင့်တော့ အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါနေတဲ့၊ အဲဒီအချိန်တုန်းကတော့ မြန်မာအီးဂရက်စ်အဖွဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောလာတာပါ။

မနက်ခင်းတခုမှာ အင်တာနက်ဖွင့်လိုက်တော့ အခုသတင်းကို တွေ့ပါတယ်။ ကျနော့်ခေါင်းထဲ
လှုပ်ရှားနေသလို၊ ထိုင်ရမလို ထရမလို ဖြစ်နေခဲ့ပါတယ်။ တကယ်ပြန်ရတော့မှာလား။ မြန်မာနိုင်ငံအခြေအနေကို
ဟိုးနောက်ဖက် ၁၀-နှစ်လောက် ပြန်ဆုတ်ကြည့်ပါ။ သူတို့ ဗဟုအဖွဲ့ ဖွဲ့စည်းချိန် ၂၀၀၆ ခုနှစ်လောက်မှာ
မြန်မာနိုင်ငံအခြေအနေက တောကြီးမျက်မည်း အမှောင်ထဲမှာလိုပါပဲ။
ဘာမှ မဖြစ်ရင် ဘာမှမဖြစ်ဘူး၊ တခုခု ဖြစ်တယ်ဆိုရင်တော့ ထောင်ထဲရောက်သွားနိုင်တယ်။ ချင်းမိုင် တက္ကသိုလ်၊ လူမှုသိပ္ပံဌာန (Social sciences faculty) နဲ့အတူ သူတို့သင်တန်းတွေ စ-စီစဉ်တော့ အတော်လေး စွန့်စားခဲ့ကြ ရပါတယ်။ သင်တန်းကာလ အအတွက် သူတို့က ဒီဇိုင်းဆွဲပါတယ်။ ၃-လလောက်ကြာမယ်။ မြန်မာနိုင်ငံ လူမှုကဏ္ဍအသီးသီး က လူငယ်ခေါင်းဆောင်တွေကို သင်တန်းပေးမယ်။ ဒီသင်တန်းသားတွေကို စုစည်းဖို့ ကိုခိုင်ဝင်း (ယခု Sandi Management School and Local Consultancy) က တာဝန်ယူပါတယ်။ သူကလည်း ဗဟုအဖွဲ့မှာ ဝန်ထမ်းတယောက် အနေနဲ့ ပါဝင်လာပါတယ်။ ဘယ်လိုသင်တန်းသားတွေ

ပါဝင်လာမှာလဲ။
သူတို့အတွက် ပတ်စ်ပို့၊ ဗီဇာ၊ လေဆိပ်အဝင် အထွက် ပြဿနာရှိမှာလား၊ စိတ်လှုပ်ရှားနေခဲ့ကြရဖူးပါတယ်။
သင်တန်းပို့ချမယ့် ခေါင်းစဉ်ကိုရွေးချယ်တဲ့အခါမှာလည်း သိပ်ပြီး နိုင်ငံရေးမဆန်တဲ့ ခေါင်းစဉ်ကို
ချင်းမိုင်တက္ကသိုလ်နဲ့ သေချာညှိနှိုင်း ရွေးချယ်ခဲ့ကြရပါတယ်။ အခုသင်တန်းဟာ နိုင်ငံရေး
ပို့ချမှာမဟုတ်။ ဖွံ့ဖြိုးရေးသာ။ ပို့ချသူဆရာတွေဟာ တချိန်က သူပုန်ဟောင်းတွေ ဖြစ်ခဲ့ပေမယ့်လည်း၊
အခု သင်တန်းက တရားဝင်တယ်၊ ချင်းမိုင်တက္ကသိုလ်က ပို့ချတာ၊ အောင်လက်မှတ်ပေးမှာ။ စသည်ဖြင့်
ပြင်ဆင်ကြရပါတယ်။
ချင်းမိုင်တက္ကသိုလ်နဲ့ ထိုင်းပညာရေးစနစ်ကတော့ ပြောင်းလဲနေခဲ့ပါပြီ။ ကျနော်တို့ ချင်းမိုင်တက္ကသိုလ်ကို စတွေ့ဖူးချိန်၊ (ကျနော်တို့ သူပုန်ထ စစ်သွေးကြွစဉ်ကာလ) ၁၉၉၀ ခုနှစ်များမှာတော့ ချင်းမိုင်တက္ကသိုလ်က ခပ်သေးသေး၊ ပျင်းရိဖွယ်တောရိပ်ထဲက
ကျောင်းကလေးပါပဲ။ နောက်ပိုင်းမှာ ၁၉၈၉-၉၁ ဆဌမအကြိမ်မြောက် အမျိုးသား အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးရေးအစီအစဉ်
ပြီးနောက်မှာတော့ အဆင့်မြင့်ပညာရေးအတွက် ပုဂ္ဂလိက တက္ကသိုလ်တွေကို ပိုပြီးလွတ်လပ်စွာ ခွင့်ပြုခဲ့သလို၊ အစိုးရ
တက္ကသိုလ်တွေကိုလည်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ လုပ်ပိုင်ခွင့်တွေ ပြဌာန်းပေးလိုက်ပါတယ်။ ပုဂ္ဂလိက တက္ကသိုလ်တွေနဲ့ အစိုးရ
တက္ကသိုလ်တွေ အပြိုင်းအယိုင်း ပြိုင်ဆိုင်မှုတွေ စတင်လာခဲ့ကြပါတယ်။ တက္ကသိုလ်တွေမှာလည်း နိုင်ငံတကာနဲ့ ပူးပေါင်း
ချိတ်ဆက်မှုကို စပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြပါတယ်။
ကျနော်တို့က တောထဲကနေ တတိယနိုင်ငံကိုထွက်၊ (ကံကောင်းထောက်မစွာ) စာသင်ခွင့်ရခဲ့ကြပါတယ်။ ကျောင်းပြီးလို့ ပြန်လာတဲ့အချိန်ကျတော့ ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးဌာနတွေက အတော်ခရီးရောက်နေပါပြီ။ သက်ဆိုင်ရာ မဟာဌာနကြီးတွေမှာ ပြင်ပနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စာချွန်လွှာ (MoU) လက်မှတ်ထိုးတာတွေ သီးခြားလွတ်လပ်စွာ လုပ်နိုင်ကြပါပြီ။ ဒီလိုနဲ့ လူမှုသိပ္ပံဌာနက မဟာဌာနမှူးနဲ့ ပြောဆိုဆွေးနွေးကြပါတယ်။ ချင်းမိုင်က ပါမောက္ခကလည်း မြန်မာနိုင်ငံကို သံယောဇဉ်ရှိတယ်၊ တခုခု ကူညီပေးချင်တယ်။ ဒါပေမယ့် ဘယ်လိုကူညီပေးရမှန်း မသိဘူး၊ ပညာရေးအရ ကူညီပေး တာဟာ အကောင်းဆုံးလို့ သူမှတ်ယူပါတယ်။ အကယ်၍ မြန်မာနိုင်ငံမှာ တချိန် လူမှုသိပ္ပံဌာနမျိုးထောင်မယ်ဆိုရင် သူက တတ်အားသ၍ ကူညီပေးချင်တဲ့သူပါ။ ဒီလိုနဲ့ ပူးတွဲပြီး လုပ်ငန်းတွေ စဖြစ်ကြပါတယ်။ နောက်ပိုင်း ထိုင်းမှာ ဖောင်ဒေးရှင်း အဖြစ် မှတ်ပုံတင်ပြီးတဲ့အခါ ဘန်ကောက်မြို့၊ ဆိုကွန်ဗစ် ၄၂ လမ်း၊ 42 Tower မှာ ရုံးခမ်းဖွင့်ဖြစ်ကြပါတယ်။
အဲဒီအချိန် ၂၀၀၆ ခုနှစ်လောက်က မြန်မာနိုင်ငံပြန်ရဖို့ဆိုတာ အိပ်မက် ခပ်ဝါးဝါးပဲ ရှိနိုင်တဲ့ကာလပါ။ တခါ ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင် သံဃာလှုပ်ရှားမှုတွေ ဖြစ်လာတော့ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးနှိပ်ကွပ်မှုတွေက အသစ်တကြိမ် ပြန်စလာခဲ့ပါတယ်။ နိုင်ငံရေးအရ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကလည်း နောက်တကျော့ပြန်ဖြစ်လာပါတယ်။ အသစ်စက်စက် စစ်အစိုးရရဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေးအပေါ် အရေးယူမှု တွမ်လန်းတို့စ် အက်ဥပဒေ (Tom Lantos JADE Act) မြန်မာနိုင်ငံကနေ ကျောက်မျက်တွေ

မဝယ်ယူရေးဥပဒေ၊ တဦးချင်း ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု တွေ ပြန်ဖြစ် လာပါတယ်။ အိမ်ပြန်ရဖို့
အိပ်မက်ကို ဆိုင်းငံ့ထားခဲ့ရပါတော့တယ်။ ခုတော့ အိမ်ပြန်ရမယ်ဆိုပါတယ်။
ကျနော်တည်းခိုနေတဲ့ VOA သတင်းဌာန၊ အယ်ဒီတာ ကိုသားညွန့်ဦးကို အိမ်ပြန်ရတော့မယ်ဆိုတဲ့ သတင်း ပြောပြဖြစ်ပါတယ်။

"တကယ် ပြန်ရမလား၊ မသိဘူး၊ ပြန်ရမယ်ဆိုတော့လည်း မတင်မကျ၊ ချီတုံချတုံနဲ့ဗျ"
"အင်းလေ… သတိတော့ ထားပေါ့။ အခြေအနေက သိပ်အကောင်းကြီး မဟုတ်သေးဘူးထင်တာပဲ"
ကိုသားညွန့်ဦးက ပြန်ပြောပာပါတယ်။
"ကျနော်တို့လည်း ဥက္ကဋ္ဌမော်ပြောဖူးတဲ့ နဂါးချစ်တဲ့ ဘုရင်ကြီးလို ဖြစ်နေပြီလား
မသိပါဘူးဗျာ။" ကျနော်က ညည်းပြီး ပြောမိတယ်။
"ဒီလိုဗျ၊ ဥက္ကဋ္ဌမော် ပြောဖူးတဲ့ တရုတ်ဘုရင်ကြီး ဇာတ်လမ်းတခု ရှိတယ်။
သူက နဂါးကို သိပ်ချစ်တယ်ပေါ့ဗျာ။ နန်းတော် တခုလုံး နဂါးရုပ်ထုတွေနဲ့ ဆင်သထားတယ်။ ပလ္လင်မှာလည်း
နဂါး၊ ကျန် ပရိဘောဂ၊ အသုံးဆောင်တွေလည်း နဂါးရုပ်ထု တွေနဲ့ပေါ့။ တနေ့မှာ တကယ့် နဂါးနဲ့
တိုက်တိုက်ဆိုင်ဆိုင် တွေ့တော့တာပဲဗျ။ နဂါးက ဘုရင်ကြီးရှေ့မှာ ကိုယ်ထင်ပြတယ်။ ဒီအခါ
ဘုရင်ကြီးမှာ ကြောက်လိုက်ရတာ၊ နဂါးကို မချစ်နိုင်တော့ဘူးဗျ။ အဲသည်ပုံပြင်ပဲ။ ခုလည်း
တကယ်ပြန်ရမယ်ဆို တော့ ချီတုံချတုံနဲ့ရယ်"… ဒီလို ပြောပြီး ရယ်မောဖြစ်ကြတယ်။
အမေရိကန်ကနေ ထိုင်းကို ပြန်ရောက်လာတဲ့အထိ ကျနော်တို့ပြန်ဖို့ အစီအစဉ် တိတိကျကျ မဖြစ်လာသေးဘူး။ အမေရိကန်ကို

ပြန်ပြန် သွားနေရတယ်ဆိုတာလည်း ကျနော်က ဟိုမှာ နိုင်ငံရေး ခိုလှုံခွင့်ယူထားတာ၊
အမေရိကန် ခရီးသွားလက်မှတ်လေးနဲ့
ကမ္ဘာလှည့်နေရတာ။ တချိန်မြန်မာနိုင်ငံ ပြန်ရနိုးနဲ့ အမေရိကန် နိုင်ငံသားတော့ မလျှောက်ဖြစ်သေးဘူး။ ခရီးသွားလက်မှတ်က
ပတ်စ်ပို့နဲ့ မတူဘူး။ နိုင်ငံတိုင်းအတွက် ဗီဇာလိုတယ်။ အချို့နိုင်ငံတွေက ပိတ်ပင်ကန့်သတ်တာမျိုးလည်း ရှိတတ် တယ်။ ဥပမာဆိုရင် ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံမှာ စင်္ကာပူက မြန်မာနိုင်ငံသားတွေ စုစည်း ဆုတောင်းတာတွေ ရှိပြီးတဲ့နောက်၊ အမေရိကန်က ပတ်စ်ပို့မဟုတ်တဲ့ ခရီးသွားလက်မှတ်ကိုင် မြန်မာနိုင်ငံသားတွေကို စင်္ကာပူက နိုင်ငံဝင်ခွင့် ဗီဇာပိတ်ပင်ခဲ့တယ်။ နိုင်ငံမဲ့တယောက်ရဲ့ ဒုက္ခကို ကျနော်တို့ကောင်းကောင်း ခံစားဖူးခဲ့ကြတာပေါ့။
ဒီလိုနဲ့ သမ္မတသစ် ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေကို ဖိတ် ကြားပြီး၊ မိန့်ခွန်းပြောတဲ့နေရာမှာ ပြည်ပရောက်နေတဲ့ ယခင်မြန်မာနိုင်ငံသားဟောင်းတွေ ပြစ်မှုကြီးကြီး ကျူးလွန်ထားတာ မရှိရင် တိုင်းပြည်ပြန်လာနိုင်တယ်၊ ပြုပြင်ပြောင်းလဲမှုတွေကို ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ သက်ညှာစဉ်းစားမယ် ဆိုတာမျိုး ပြောခဲ့တယ်။ ဒါပေမယ့် ဒီမိန့်ခွန်းနောက်ပိုင်းမှာ တိတိကျကျ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်တွေ လိုက်မလာဘူး။ နိုင်ငံထဲမှာလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကျန်နေသေးတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုလည်း

သေချာရလဒ် မပေါ်သေးဘူး။ ပြန်လာချင်သူတွေက လူမှုရေးဗီဇာ
(social visa) ပဲ လျှောက်လို့ရမယ်၊ ၂၈ ရက်သာပဲ တိုင်းပြည်ထဲ နေခွင့်ရှိမယ်ဆိုတာတွေ
ပြောဆိုသံ ကြားနေရတယ်။ ဒီလိုဗီဇာခွင့်ပြုချက် ကိုလည်း နေပြည်တော်က စောင့်ရမယ်ဆိုတာမျိုး
သတင်းတွေရှိနေတယ်။ ကျနော်တို့ ပြန်ဖို့က သိပ်မသေချာလှသေးဘူး။
ဒါပေမယ့် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာတော့ ကျနော်တို့ဗဟုအဖွဲ့က ခေါင်းဆောင်တွေအတွက် နည်းနည်းပိုလို့ အိမ်ပြန်ရေး
သေချာလာခဲ့တယ်။ ဘယ်လို ပြန်လာမယ်ဆိုတာ သေချာ စီစဉ်မှုတွေ ဖြစ်လာတယ်။ တိတိကျကျပြောရရင် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့။ ဒါပေမယ့် ဗဟုအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဇော်ဦး (နောက်ပိုင်း သမ္မတဦးသိန်းစိန် စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦး) က ၂၀၁၁ သြဂုတ်လကတည်းက မြန်မာနိုင်ငံကို ပြန်ဖူးတယ်။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ လူမှု-စီးပွား ဖိုရမ်ကို တက်ခဲ့ဖူးတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် နေပြည်တော်မှာ ကျင်းပတဲ့ ဖိုရမ်တခုမှာ စာတမ်းတင် ဖတ်ကြားခွင့်ရခဲ့
တယ်။ အဲသည်မတိုင်ခင်ကလည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးကိစ္စတွေမှာလည်း သူက တခေါက်
ပြန်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်း တချို့နဲ့အတူ ကူခဲ့ဖူးတယ်။ ပြောရရင်တော့ မြန်မာပြည်ပြန်တဲ့ အတွေ့အကြုံ သူ့မှာ ရှိနေပြီ။
ကိုဇော်ဦးပြန်လာရင် သူပြောသမျှ အတွေ့အကြုံကို သူတို့နားထောင်ရတယ်။
"ဟာဗျာ… တခါက ကျနော်က ဝတ်ကောင်းစားလှနဲ့ ဖိနပ်အကောင်းနဲ့ ထွက်လာတာ၊ ဆူးလေ မြို့တော်ခန်းမရှေ့မှာ ရေတွေ
မြုပ်တော့ ဖိနပ်လည်း ပစ်ရပါလေရော… အဝတ်အစားတွေလည်း ညစ်ပတ်ပေါ့ဗျာ…" ဒီလိုမျိုး ညည်းတွားသံကိုလည်း ကြားရဖူးတယ်။ အခု ပြန်မယ်ဆိုတော့ အဖွဲ့အလိုက် ပြင်ဆင်ကြရတယ်။ ဘာကိစ္စတွေလုပ်မယ်၊ အရေးပေါ် အခြေအနေ ဘယ်လို ဖြစ်နိုင် တယ်… ပြောဆိုစည်းဝေးကြရတယ်။
"ကျနော်တို့ အိမ်ပြန်ကြတဲ့အခါ မျှော်မှန်းထားဖို့ ကိစ္စ ၃-ခုကို ကျနော့်အတွေ့အကြုံအရ သတိပေးချင်ပါတယ်။ ဖလှယ် တာပေါ့ဗျာ" ကိုဇော်ဦးက ပြောတယ်။

"ပထမတခုက … ခင်ဗျားတို့ အကြောင်းသင့်လို့ အစိုးရ အစည်းအဝေး စင်မြင့်ပေါ်ရောက်တဲ့အခါ
အချို့ လူကြီးတွေ၊ အရာရှိတွေက မြင်လိမ့်မယ်။ 'ဒီကောင်တွေက ဘာတွေလဲ၊ မိုးကျရွှေကိုယ်တွေ'
လို့ မြင်တာခံရမယ်။ ဘာဖြစ်လို့ ဒီစင်မြင့် ပေါ်ရောက်နေရသလဲပေါ့။ တခါ ကျနော်တို့ ဒီမိုကရေစီ
လုပ်ဖော်ကိုင်ဖက်တွေက မလွတ်ကြသေးဘူးဗျ။ NLD ပါတီက လည်း ၂၀၁၀ ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။
အဲသည်တော့ ကျနော်တို့က အစိုးရနဲ့ ပေါင်းတာလား၊ 'အစိုးရလူတွေလား' လို့ မြင်တာ ခံကြရမယ်။
ကိုယ့်ရဲဘော် ရဲဘက်ချင်းလည်း သံသယရှိတာ ခံရမယ်။ နောက်တခုကတော့ ပြည်တွင်းက ပညာ ရှင်တွေပဲ။
သူတို့က လက်တွေ့မြေပြင်ပေါ်မှာ သူတို့ရှိတယ်။ မြန်မာပြည်အခြေအနေကို သူတို့သာ ကွင်းထဲမှာ
အသိဆုံးလို့ မြင်ကြတယ်။ ကျနော်တို့ကတော့ ပြည်ပက လာတဲ့သူတွေ၊ ဘာမှ သိတာမဟုတ်ဘူး။ မြန်မာပြည်နဲ့
ဝေးတာကြာပြီ… အဲသလိုမျိုး ဆက်ဆံတာလည်း ခံရမယ်…ဒါတွေကို သတိပေးချင်တာပါ" ကိုဇော်ဦးက
ပြောပြနေတယ်။
ကျနော်ကတော့ 42 Tower ရဲ့ ၁၁-ထပ် ရုံးခန်းကနေ၊ အပြင်မှာ ကျလုဆဲဆဲ နေရောင်နဲ့ ဘန်ကောက်မြို့ပေါ်က မြူတွေကို
ငေးကြည့်နေမိတယ်။
အိမ်အပြန်တော့ အိမ်အပြန်ပါပဲ။ သက်မ ချမိတယ်။
ကျနော်ကတော့ 42 Tower ရဲ့ ၁၁-ထပ် ရုံးခန်းကနေ၊ အပြင်မှာ ကျလုဆဲဆဲ နေရောင်နဲ့ ဘန်ကောက်မြို့ပေါ်က မြူတွေကို
ငေးကြည့်နေမိတယ်။
No comments:
Post a Comment