အိမ်ပြန်အကြို
ပြန်ရောက်ပြီးသား၊ ဒေါက်တာတင်မောင်သန်း
(သင့်ဘဝ)၊ ကိုအောင်နိုင်ဦး (ယခု JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး
ကော်မီတီ) နဲ့ ကျနော်ပါတယ်။
မြန်မာပြည် ပြန်ကြမယ့်အကြောင်း သတင်းထုတ်ပြန်ချက်လုပ်တယ်။ ထိုင်းအခြေစိုက် မြန်မာသတင်းမီဒီယာတွေကလည်း ကျနော်တို့ကို မေးမြန်းကြတယ်။ ပြန်ကြမယ်ဆိုတော့
သတင်းထုတ်ပြန်ရေးအတွက်လည်းဖြစ်၊ တဖက်က အမှတ်တရလည်း ဖြစ်အောင် ဓာတ်ပုံရိုက်ကြတယ်။ ဓာတ်ပုံကိုတော့ ဗဟုအဖွဲ့က မန်နေဂျာ ထိုင်းအမျိုးသမီး နတ္ထဝတီက ရိုက်ပေးတယ်။
အရင် ABSDF အဖွဲ့တုန်းက နိုင်ငံခြားရေးတာဝန်ယူခဲ့သူ၊ အခုတော့ ဗဟုအဖွဲ့ ဒု-ဒါရိုက်တာ တာဝန်ယူနေတဲ့ ကိုအောင်နိုင်ဦး

ကတော့ "ခု ကိစ္စဟာ ဆန်းကြယ်တဲ့အိပ်မက်
စိတ်ကူးယဉ် (surreal) လိုပါပဲ" လို့ AFP သတင်းဌာနကို ပြောတယ်။ "အိမ်ပြန်
ရောက်ရင် ဘာများလုပ်ရမလဲဆိုတာ ဆုပ်မိကိုင်မိ မဖြစ်သေးဘူး၊ စဉ်းစားနေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်တို့ထွက်ခွာလာခဲ့တဲ့ ကမ္ဘာ (ထွက်လာခဲ့စဉ် အခြေအနေ) က မရှိတော့ဘူး" လို့ သူက ပြောတယ်။ သတင်းမီဒီယာ တွေကတော့ ဒါဟာ မြန်မာနိုင်ငံအတွက် အကောင်းဖက်သဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တခုပါပဲလို့ ရေးသားကြတယ်။ ပြည်ပကိုထွက်ပြေးနေကြရသူတွေ အိမ်ပြန်နိုင်ပြီ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲခဲ့ကြသူတွေအတွက် ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ရပ်တခုပါပဲလို့ ဖော်ပြ
ကြတယ်။
ကျနော်တို့ အမှန်တကယ် အိမ်ပြန်မရောက်ခဲ့ကြပေမယ့်၊ ကျနော်တို့ရဲ့ စိတ်ထဲမှာ တချိန်လုံး မြန်မာပြည်အကြောင်း စိုးမိုးထားခဲ့
ကြပါတယ်။ ကျနော်တို့တွေရဲ့ အိပ်မက်ထဲမှာ မြန်မာပြည် ရှိနေခဲ့တယ်။ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ် မြန်မာပြည် ပြုပြင် ပြောင်းလဲရေးနဲ့ပဲ အသက်ရှင်သန်လာခဲ့ကြတာ။ ကျနော်တို့ ပြည်ပရောက်တွေမှာ ပြန်ပြောပြရင် တူညီတဲ့ အိမ်မက်တွေရှိ နေတတ်တယ်။ ဥပမာအားဖြင့်- အိပ်မက်ထဲမှာ ကျနော်တို့ မြန်မာပြည် ပြန်ရောက်သွားတယ်။ အဲဒီအခါ တခုခု ဝယ်စားဖို့ ပိုက်ဆံထုတ်ပေးလိုက်တော့ ထိုင်းဘတ် ငွေဖြစ်နေတာ။ အဲဒီအခါမှာ ရဲက သတိထားမိပြီး ကိုယ်လွတ်ရုန်းပြေးကြရတာ။ ချွေးသံတွေနဲ့ အမောတကော ပြန်နိုးထလာကြရတာမျိုးပါ။ အိမ်ကိုပြန်ချင်ပေမယ့် ပြန်ဖို့ အန္တရာယ်မကင်းသေးတာလည်း ကျနော်တို့ အိပ်မက်ထဲမှာ သတိပေးနေတယ်။ ကျနော့်ကို AFP သတင်းကမေးတော့၊ "တရက်ကပဲ အိမ်ပြန်ရတော့မယ် ဆိုတာ အမေ့ကို ဖုန်းဆက်လိုက်တယ်။ အမေကတော့ ကျနော် အမှန်တကယ် အိမ်ပြန်လာမယ်ဆိုတာတောင် စိုးရိမ်နေတုန်းပဲ" ဆိုတာ ပြောပြမိတယ်။ ကြားကာလထဲမှာ အချို့အဆက်အသွယ်များနဲ့ ရန်ကုန်အိမ်ရဲ့ ဖုန်းနံပါတ်ကို ကျနော်ရတယ်။ ရှားရှားပါးပါး ကျနော့်အနေနဲ့ ကိစ္စအတော်နည်းနည်းမှာပဲ ဆက်သွယ်တယ်။ မြန်မာနိုင်ငံမှာ ပြောကြသလို၊ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ တခုခု ဖြစ်သွားတယ်ဆိုရင်တော့
ဒုက္ခရောက်ကြမှာ…။

ကျနော့်ကို ဧရာဝတီသတင်းဌာနကမေးတော့ "အခုခရီးစဉ်ဟာ ပြန်ပြီး အခြေအနေကို
ကြည့်တဲ့ သဘောပဲ။ မြန်မာနိုင်ငံမှာ ဗဟုအဖွဲ့ ရုံး ဖွင့်ဖို့ ဖြစ်နိုင်ခြေရှိ-မရှိ ပြန်စူးစမ်းကြတဲ့
သဘောလည်း ပါတယ်" လို့ ဖြေခဲ့တယ်။ ကိုအောင်နိုင်ဦး AFP သတင်း ဌာနကို ဖြေတာမှာတော့
နိုင်ငံရေးသဘောပိုဆန်လှတယ်။ "ဒေသတွင်း နိုင်ငံတွေကိုကြည့်လိုက်၊ သူတို့ဖြတ်သန်းခဲ့ရတဲ့
ပဋိပက္ခတွေကို တနည်းတဖုံနဲ့ ဖြေရှင်းနိုင်သွားကြတယ်။ နောက်အဆင့်ကို တက်လှမ်းနိုင်တယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် ယဉ်ကျေးမှုက လွှမ်းမိုးထားတုန်းပဲ။ ဒီလို အဆိုးကျော့သံသရာက
ရုန်းထွက်ဖို့ လိုတယ်လို့ သူပြောပါတယ်။ ဘယ်သူမှ လက်စားချေရေးကို အလိုမရှိပါဘူး။ ဘယ်သူမှလည်း
အရင်လမ်းဟောင်းကို ပြန်မသွားလိုကြပါဘူး" လို့ ပြောခဲ့တယ်။ သတင်းစာတွေက မေးကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့မှာလားပေါ့။ ကျနော်တို့ကပြောတယ်။ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့
တွေ့ဖို့ရှိသလို၊
အဆင်ပြေရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ချင်ပါတယ်လို့ ပြောခဲ့ကြတယ်။ ကိုအောင်နိုင်ဦးက လိုရမယ်ရ AFP သတင်းဌာနက သတင်းထောက်တယောက်ကိုလည်း ကျနော်တို့နဲ့အတူ လေယာဉ်တစီးထဲ ခေါ်လာခဲ့တယ်။ ဒီသတင်းထောက်ကလည်း အခု အပြန်ခရီးကို TV သတင်းလုပ်နိုင်ဖို့ လိုက်ပါလာခဲ့တယ်။ ဘန်ကောက်မှာ ရှိတဲ့ သံရုံးတွေကိုလည်း အကြောင်းကြားနှုတ်ဆက်ကြရတယ်။ ဘန်ကောက်မှာရှိတဲ့ နိုင်ငံခြားသတင်း ထောက်များကလပ် FCCT ရဲ့ ဥက္ကဋ္ဌ မာဝမ်ကတော့ နက်ဖြန်မနက် သူကိုယ်တိုင်လေဆိပ်ကို လိုက်ပို့မယ်ဆိုပြီး ပြောတယ်။

တကယ်တော့ အခု အပြန်ခရီးစဉ် မတိုင်ခင်ကတည်းက မြန်မာပြည်အပြောင်းအလဲအတွက် ကျနော်တို့ အတွင်းနဲ့အပြင် တိုင်ပင်
ကြံဆနေခဲ့တာ ကြာပြီ။ ၂၀၀၉ ကတည်းက စတယ်လို့ ဆိုနိုင်တယ်။ အပြင်မှာဆိုရင် ဗဟုဖွံ့ဖြိုးမှုအဖွဲ့၊ မြန်မာပြည်တွင်းက တော့ Egress (မြန်မာ အီးဂရက်) အဖွဲ့ဖွဲ့ပြီး၊ နိုင်ငံရေးဆန်ဆန် သင်တန်းပေးတာတွေ၊ အီးဂရက်စ် ခေါင်းဆောင်တွေက စစ်အစိုးရ

ခေါင်းဆောင်၊
ဝန်ကြီးအချို့ကို ချဉ်းကပ်တိုက်တွန်းနားချတာတွေ ရှိနေခဲ့တယ်။ ဆိုရရင် နာဂစ်မုန်တိုင်းက
အဆိုးထဲက
အကောင်းဖန်တီးပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ မေလဆန်းပိုင်းမှာ နာဂစ်မုန်တိုင်းက
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသတွေမှာ ဆိုးဆိုးရွားရွား ဖျက်ဆီးခဲ့ပါတယ်။ လူပေါင်း
၁၃၈,၀၀၀ ကျော် ပျက်စီးဆုံးရှုံးရတယ်လို့ ဆိုပါတယ်။ ရှာဖွေမတွေ့ဘဲ ပျောက်ဆုံးနေရတဲ့သူလည်း
၅၅,၀၀၀ လောက် ရှိနေခဲ့ပါတယ်။ ဒါတင်မက မုန်တိုင်းဖြတ်သန်းရာ ရန်ကုန်မြို့ကိုယ်၌မှာပင်
အပျက်အစီးအဆုံး
အရှုံးများစွာ ဖြစ်ခဲ့ရပါတယ်။ မုန်တိုင်းဖြစ်ပြီးတော့ အစိုးရက နိုင်ငံတကာ
ကယ်ဆယ်ရေးအဖွဲ့တွေ၊ အကူအညီတွေကို ပိတ်ပင်ထားတာလည်း ရှိပါသေးတယ်။ အစိုးရ ကယ်ဆယ်ရေးလုပ်ငန်းတွေက
နှောင့်နှေးနေတဲ့ကာလမှာ လူလုပ်ကပ်ဘေး နောက်တခု (မုန်တိုင်းနောက်ဆက်တွဲ သေကြေရမှု) တွေ
ဖြစ်လာမလားဆိုပြီး စိုးရိမ်နေခဲ့ကြရပါတယ်။ အဆိုးထဲက အကောင်းဖြစ်လာတာက မြန်မာနိုင်ငံ
အရပ်ရပ်က လူငယ်တွေက စေတနာ့ဝန်ထမ်းအဖွဲ့တွေ စုဖွဲ့ပြီး နာဂစ် ကယ်ဆယ်ကူညီရေး ဆောင်ရွက်ကြတာပါပဲ။
တတ်နိုင်သမျှ ငွေ၊ ပစ္စည်းစုဆောင်း လှူဒါန်းကြပါတယ်။ မြန်မာပြည် တောင်-မြောက် ဒေသမဟူက
ပစ္စည်း၊ ငွေသားပေးပို့ ကူညီခဲ့ကြပါတယ်။ နာဂစ်ပြီးတဲ့နောက်တော့ စုစည်းမိကြတဲ့ လူငယ်
တွေက စေတနာ့ဝန်ထမ်းအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့
အစည်းတွေအဖြစ် ဆက်လက်ကျန်ရစ်ပါတယ်။ အစိုးရကလည်း
နောက်ပိုင်းမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လျော့ပေါ့ဖြေလျော့ပေးတာတွေ
ဖြစ် လာခဲ့ရပါတယ်။
မြန်မာအီးဂရက်စ်အဖွဲ့က ၂၀၀၆ ခုနှစ်က စတင်တည်ထောင်ပြီး၊ နိုင်ငံတည်ဆောက်ရေး၊
အပြုသဘော ပြောင်းလဲဖြစ်ပေါ်ရေး
လုပ်ဆောင်နေတယ်ဆိုပေမယ့်၊ ၂၀၀၈ နာဂစ်အပြီးမှာ ပိုလို့
သက်ဝင်အင်အားကောင်းလာပါတယ်။ လူငယ်ထုတွေက လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းတွေမှာ ပိုလို့
စိတ်ဝင်စားလာကြတဲ့အပြင်၊ မြန်မာအီးဂရက်စ်က ပို့ချတဲ့ သင်တန်းတွေကလည်း ပိုလို့ စိတ်ဝင်စားမှု
ရလာကြပါတယ်။ တဖက်မှာလည်း ရှိနေတဲ့ သမားရိုးကျ ဒီမိုကရေစီအတိုက်အခံတွေအတွက် အငြင်း ထွက်စရာပါ။
မြန်မာအီးဂရက်စ် သင်တန်းတွေအပေါ်လည်း ဝေဖန်မှုအသံတွေ ကြားရပါတယ်။ အထူးသဖြင့်တော့ စစ်
အစိုးရကို မဆန့်ကျင်ဘူး၊ ပေးသလောက်ယူဖို့ စဉ်းစားနေတယ်။ ငြိမ်းချမ်းစွာ ပြောင်းလဲရေးဆိုပြီး
စစ်အစိုးရခင်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လမ်းကြောင်းအပေါ် လိုက်လျှောက်နေတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ကျုံးသွင်းနေတယ် ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေတာပါ။ လူအများ
စစ်အစိုးရအပေါ် ဝေဖန်ပြစ်တင်စရာ အချက်ကလည်း လူအသေအပျောက် ဆုံးရှုံးမှုကြီးလှတဲ့ နာဂစ်မုန်တိုင်းကြီးအပြီး
မကြာခင်မှာပဲ ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို အတည်ပြုလုပ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ဖို့ ဘယ်လိုမျိုး
စတင်စဉ်းစားမှုတွေ ဖြစ်ပေါ်လာပါသလဲ။
ဘယ်သူမှ သေချာရေရာ မသိပါဘူး။ အချို့သော ဝေဖန်သူတွေကတော့
၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၊ ဒါကို
အကြမ်းဖက်ဖြိုခွဲပြီးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ပြစ်တင်ဝေဖန်မှု၊ ဖိအား၊ စစ်ခေါင်းဆောင်တွေ အပေါ် တဦးချင်း ပစ်မှတ်ထား အရေးယူမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလောက်ဖိအားနဲ့ ပြောင်းလဲအလျှော့ပေးဖို့ ဆိုတာ ခက်လှပါတယ်။ အဲဒီကာလအရင် ၂၀၀၃ ခုနှစ်၊ ဒီပဲယင်း အကြမ်းဖက်အရေးအခင်းနဲ့ နောက်ပိုင်း ဖြစ်လာတဲ့ ဖိအားတွေလည်း ရင်ဆိုင်နေရပါသေးတယ်။ ဒါတွေကလည်း လက်လျှော့ပြောင်းလဲဖို့ မလုံလောက်သေးပါဘူး။ ဒီပဲယင်း နောက်ပိုင်း ဖြစ်လာတဲ့ အပြောင်းအလဲ

တွေကို ရင်ဆိုင်ဖို့၊ လိုက်လျောညီထွေ တုံ့ပြန်ဖို့
ဆိုင်းငံ့ထားတဲ့ အမျိုးသားညီလာခံ လုပ်ငန်းတွေ ပြန်စမယ်၊ ဒီမိုကရေစီ
ကူးပြောင်းရေး လမ်းပြမြေပုံ
(၇) ချက်ဆိုပြီး ကြေညာခဲ့ရတာတွေတော့ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေး လုပ်ငန်းစဉ်တခု
အဖြစ်
"အမျိုးသားညီလာခံ" ကို ၁၉၉၂ ခုနှစ်ကနေ စတင်ကျင်းပလာရာကနေ၊ NLD ပါတီ ကိုယ်စားလှယ်တွေက
၁၉၉၅ ခုနှစ်မှာ ညီလာခံကို ဆန့်ကျင်ထွက်ခွာ သွားခဲ့ပါတယ်။ ဒီအချိန်ကစလို့ ညီလာခံ ဆိုင်းငံ့ထားရာကနေ၊
အခု ၂၀၀၃ ဖြစ်ရပ်အပြီး ညီလာခံ ပြန်လည်စတင်မယ်ဆိုပြီး ဖြစ်လာခဲ့တာပါ။ နာဂစ်မုန်တိုင်းမှာ
ပျက်စီးရမှုတွေနဲ့ နိုင်ငံတကာကနေ ပြောလာတဲ့ "ဝင်ရောက်
စွက်ဖက် ကယ်တင်ရေး အယူအဆ
(Right to Protect) ဆို တာကရော စစ်ခေါင်းဆောင်များရဲ့ စဉ်းစားချက်အပေါ် နောက်ထပ် ဖြည့်ဆည်းမှုလေလား။
သိပ်တော့ မသေချာပါဘူး။ အမေရိကန်သမ္မတဘုရှ် ဦးဆောင်တဲ့ အစိုးရဖြုတ်ချပြောင်းလဲရေး အယူအဆ
(Regime change policy) ကလည်း မြန်မာ စစ်အစိုးရအပေါ် ဖိအားဖြစ်စေတာ မရှိလောက်ပါဘူး။
အဲဒီနောက်ပိုင်း ဖြစ်လာတဲ့ အာရပ်နွေဦး (Arab spring)၊ အာရပ် ကမ္ဘာမှာ ဒီမိုကရေစီအုံကြွမှုတွေက
၂၀၁၀ ခုနှစ်၊ မေလမှာ ဖြစ်ပေါ်လာပါတယ်။ မြန်မာ
နိုင်ငံ အထွေထွေရွေးကောက်ပွဲက ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ သိပ်မကြာခင်မှာ မရှေးမနှောင်း စတင်ဖြစ်ပေါ်လာပါတယ်။

ဒီလိုနဲ့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တဲ့ ဘန်ကောက်ကြိတ်ဝိုင်း ဆွေးနွေးပွဲတွေကို
ဗဟုနဲ့ မြန်မာအီးဂရက်စ်တို့က ပူးပေါင်းစီစဉ်ခဲ့ကြပါတယ်။ တရားဝင်တော့ (Stakeholders
consultation) အရေးပါတဲ့ အင်အားစုတွေရဲ့ ညှိနှိုင်းတိုင်ပင် အကြံရယူမှုလို့
ခေါ်ကြပါတယ်။ အမျာအားဖြင့်တော့ ဆွေးနွေးပွဲတွေက ၂ ရက် ကျင်းပပါတယ်။ ပထမတရက်က ကိုယ့် မြန်မာအင်အားစုတွေ

ကြားမှာချည်း
ဆွေးနွေးမှုတွေဖြစ်ပြီး၊ ဒုတိယရက်မှာတော့ နိုင်ငံတကာ သံရုံးက ကိုယ်စားလှယ်တွေ တက်ကြပါတယ်။
တိတ်တဆိတ်သဘော ကျင်းပရတဲ့ ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက လာခဲ့ကြသူတွေက အင်အား စု စုံပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ အချို့ အိုင်အဲန်ဂျီအိုမှာ လုပ်နေသူ အရာရှိတွေ၊ ဆရာကြီး ဒေါက်တာဦးမြင့်တို့လို ပညာရှင်တွေ.. စုံလှပါတယ်။ (ပါဝင်ခဲ့ကြသူတွေဆန္ဒမသိရတော့ နာမည်တွေ ဖော်ပြဖို့ မကောင်းလှပါဘူး။) ဒီအစည်းအဝေးတွေမှာ ဖြစ်နိုင်ခြေတွေ၊ အလားအလာတွေ ဦးဏှောက်မုန်တိုင်း ဆင်ကြပါတယ်။ ရွေးကောက်ပွဲက စစ်မှန်မှာလား၊ ညစ်မှာလား။ ရွေးကောက်ပွဲ ဝင်ရင်- ဆန့်ကျင်ရင် ဘာဖြစ်မလဲ။ NLD ပါတီက ရွေးကောက်ပွဲကို ဝင်မှာလား၊ သပိတ်

မှောက်မှာလား… စသည်ဖြင့် မေးခွန်းတွေနဲ့ [သိပ္ပံနည်းကျဆိုရလား] ကျိုးကြောင်းဆင်
ခြေထုတ် (Matrix) စဉ်းစားမှုတွေ လုပ်ခဲ့
ကြပါတယ်။ ဒီအစည်းအဝေးကို ရန်ကုန်က သံရုံးအရာရှိငယ်တွေလည်း
လာကြပါတယ်။ ကျနော်မှတ်မိတာက အမေရိကန်သံရုံး အရာရှိတွေက နှုတ်ဆိတ်လွန်းလှပါတယ်။ ဒါကလည်း နားလည်မှုပေးနိုင်ပါ
တယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ရပ်တည်ချက်ကို ထောက်ခံပေးမယ့် သဘော၊
တဖက်မှာလည်း ဝါရှင်တန်မှာရှိတဲ့ အစိုးရကိုယ်၌က မူဝါဒ မပြတ်သားလို့ ဖြစ်နိုင်ပါတယ်။
ဗြိတိန်သံရုံးက အရာရှိအမျိုးသမီးငယ်ကတော့ သံရုံးတွေဖက်က ဦးဆောင်ဆွေးနွေးတတ်ပါတယ်။
ကျနော်တို့ကတော့ ဒီကိစ္စကို "ရွှေ့တယ်" လို့ မြင်ကြပါတယ်။ "အရွေ့"တခုဖြစ်လာအောင်
ဝိုင်းပြီး "ရွှေ့"ကြရတာမျိုးပါ။ ဒီလို
ကြိတ်ဝိုင်းအစည်းအဝေးတွေကို စစ်အစိုးရက မသိဘူးလား။ သိနိုင်ပါတယ်။ မြန်မာအီးဂရက်စ် ခေါင်းဆောင်တွေကိုယ်၌က အချို့ ဆွေးနွေးချက်တွေကို ပြန်ပြောပြရကြောင်း ပြောပြခဲ့ကြပါတယ်။ အစောပိုင်းကာလမှာ မွေး/ရေဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်မှူးချုပ်မောင်မောင်သိန်းက ပျော့ပြောင်းတယ်၊ ချည်းကပ်စည်းရုံးရ လွယ်တယ်၊ နားထောင်တယ်ဆိုတဲ့ သဘောထား ရှိတယ်လို့ ကြားကြရပါတယ်။ ဒီလိုနဲ့ပဲ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဗမခ မောင်မောင်သိန်းကို ချည်းကပ်နားချပြီး ပို့ကုန်မြှင်တင်ရေး ကိစ္စတွေလုပ် နိုင်ခဲ့ပါတယ်။ ငါးလုပ်ငန်း အဖွဲ့ချုပ်က ဟောပြောပွဲ၊ ဝန်ကြီးနဲ့ လုပ်ငန်းရှင် တွေ့ဆုံပွဲတွေလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင် ရွက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ (အထူးသဖြင့် နာဂစ်မုန်တိုင်းပြီးကာလများမှာ) စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦး က နိုင်ငံတကာအကူအညီ လက်ခံရေးလုပ်ငန်းတွေမှာ ပျော့ပျော့ပြောင်းပြောင်းနဲ့ သတ္တိရှိရှိ ဖွင့်ပေးခဲ့ပါ တယ်။ ရွေးကောက် ပွဲနီးလာတဲ့အခါ ကြည်းရေလေ ညှိချုပ် ဗိုလ်ချုပ်ကြီးသူရရွှေမန်းကလည်း ပြင်ပလုပ်ငန်းရှင်၊ အင်အားစု တွေနဲ့ ထိစပ်မှုတွေ ရှိလာပါတယ်။ သူ့ရွေးကောက်ပွဲနဲ့ နောင်အနာဂတ် နိုင်ငံရေးရည်မှန်းချက်တွေကြောင့် ခုလို ထိစပ်ရ လွယ်ကူလာတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီကာလမှာ ဦးရွှေမန်း သမ္မတ ဖြစ်လာမယ်လို့ ထင်ကြေး ပေးနေကြတာတွေ လည်း ရှိပါတယ်။ ပြုပြင် ပြောင်းလဲရေး လုပ်ချင်သူတွေ ကျနော်တို့က စစ်အစိုးရကို တစုတစည်းတည်း (Monolith) လို့ မြင်ထားလို့ မရပါဘူး။ သူတို့ကြားထဲက ပြုပြင်ပြောင်းလဲ
ရေး လုပ်ဆောင်လိုသူ (reformists) တွေကို အမြဲ ဖော်ထုတ်နေဖို့လည်း လိုပါတယ်။ ချည်းကပ်ဖို့လည်း လိုပါတယ်။ ခုလို
ဘန်ကောက်အစည်းအဝေးတွေကို ဒီလိုစစ်အစိုးရ ခေါင်းဆောင်တွေက မသိချင် ယောင်ဆောင်ထားတာ၊ သို့မဟုတ် တဖက်လှည့်နဲ့ အားပေးတာလည်း ရှိနေနိုင်ခဲ့ပါတယ်။ ဒါတောင်မှ ကြားထဲမှာ မြန်မာ အီးဂရက်စ်ရုံးကို အထူး သတင်းတပ်ဖွဲ့ (SB) က ဝင်ရောက်စစ်ဆေး ရှာဖွေမှုတွေ ရှိခဲ့ပါသေး

တယ်။
အစည်းအဝေးတွေက ဘန်ကောက်၊ ဆိုကွန်ဗစ်လမ်း President ဟိုတယ်အစုမှာ ဖြစ်တာ
များပါတယ်။ အစည်းအဝေးပြီး လို့ ညနေဆိုရင် အဲသည်နားက ဘားတွေမှာ သတင်းဖလှယ်တတ်ကြပါတယ်။
ထူးခြားတိုက်ဆိုင်မှုကတော့ ကျနော်တို့ထိုင်နေကြ ဘားဆိုင်ရဲ့ မျက်နှာချင်းဆိုင်က "ဖက်ဒရယ်ဟိုတယ်"
ပါ။ ကိုအောင်နိုင်ဦးက ကျနော်တို့ အရင်ပြည်ပရောက်လူကြီးတွေဆီက
ကြားရတဲ့ ဇာတ်လမ်းတခုကို ပြန်ပြောပြပါတယ်။ အရင် ဦးနုတို့၊ ဗိုလ်မှူးအောင်တို့ ပြည်ချစ်အဖွဲ့အစည်းတွေကာလ စတည်းချ
တုန်းကလည်း ဒီ ဆိုကွန်ဗစ်-၁၁ လမ်းပဲ၊ သူတို့တည်းခိုကြတာကလည်း ဖက်ဒရယ်ဟိုတယ်ပဲ။ ဒါက အရင် CRDB ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့ဆီက ကျနော်တို့ကြားခဲ့ရဖူးတာ။ "အခုလည်း ဒီနေရာပဲ၊ နေရာပြောင်းကြရအောင်ဗျာ။ ဒါမှပဲ ကျနော်တို့ အရေးတော်ပုံ အောင်မြင်မှာ။ အခုက နေရာဟောင်းမှာပဲ ရှိသေးတယ်" လို့ ရယ်စရာအဖြစ် ပြောပြတယ်။ တိုက်လည်း တိုက်ဆိုင်တတ်ပါပေ့။

ပြန်ဖြစ်မယ်ဆိုတော့ သူတို့အရင် ပြန်သွားခဲ့ဖူးတဲ့ ကိုစိုးမြင့်ကို ဖုန်းဆက်မေးမိတယ်။
ဘယ်လိုတွေ့ကြုံခံစားမိသလဲ။ ဘာတွေကို
ကြိုတင်ပြင်ဆင်ထားရမလဲ။ ကိုစိုးမြင့်က သူတို့ ဘုရားသုံးဆူ
ABSDF စခန်းတုန်းက အတူတူ။ သူတို့ အစုက ဖောက်မယ် ခွဲမယ်တကဲကဲ၊ စစ်သွေးကြွလွန်းလို့
"တုန်လှုပ်ခြောက်ခြားရေးအဖွဲ့" လို့ ခေါ်တဲ့ အစုကသူ။ နောက်ပိုင်းမှာ စခန်းက
ထွက်သွားတယ်။
ပြီးတော့ ၁၉၉၀ ခုနှစ်ထဲမှာပဲ ထိုင်းလေကြောင်းက လေယာဉ်တစင်းကို အိန္ဒိယကို
ပြန်ပေးဆွဲသွားတဲ့ သတင်းကြားရတယ်။
နောက်ပိုင်းမှာ သူက အိန္ဒိယမှာ အချုပ်ကျ၊ တရားရင်ဆိုင်၊
ခုတော့ မြန်မာပြည်မှာ မဇ္ဈိမသတင်း မီဒီယာကို ဦးဆောင်နေတယ်။ အဲသည်အချိန် ၂၀၁၂ ကတော့
သူတို့ မဇ္ဈိမသတင်းဌာနက ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အခြေချ နေတုန်း။
ကိုစိုးမြင့်က ပြောတယ်။ "စိတ်ပူတယ်တော့ မဖြစ်ပါဘူး။ စိတ်က တခါမှမကြုံဖူးလောက်အောင်
တည်ငြိမ်အေး ချမ်းနေခဲ့ တယ်။ ဒါပေမယ့် လေယာဉ်ပျံကြီးက ပျံနေတုန်း၊ တနင်္သာရီရိုးမပေါ်ကနေ
တောတောင်၊ ပင်လယ်တွေကို မြင်ရတော့ ကျနော်တို့ အတိတ်က ဖြစ်စဉ်တွေဟာ အနှေးရုပ်ရှင်ပြချက်တွေလို
ပြန်ပေါ်လာတယ်။ ၈၈၈၈ အရေးတော်ပုံကစလို့၊ နယ်စပ်ကို ထွက်လာတာတွေ… ကျနော်တို့ ဖြတ်သန်းလာခဲ့ရတာတွေ
ပြန်ပေါ်လာနေခဲ့တယ်"။
No comments:
Post a Comment