Pages

Sunday, October 8, 2017

နောက်တကြိမ်၊ အစည်းအဝေးတခု (Again, a meeting)

နောက်တကြိမ် အစည်းအဝေးတခု၊ ဆူညံ၊ သေကောင်ပေါင်းလဲ၊  
တဝက်တပျက် အရပ်သုံးဗန်းစကားတွေနဲ့
တဝက်တပျက် ပူးပေါင်းလိမ်ညာမှုနဲ့။

နာခံတတ်တဲ့ လက်များ
မဲပေးဖို့ မြှောက်ခဲ့ကြ၊
မင်းလည်ချောင်းထဲမှာ
ခံစားချက်နဲ့ ငိုရှိုက်မှု မရှိလေဘူးလား။  
ကားပေါ်က
ခွဲခွာရမယ့် မိတ်ဆွေများနဲ့
ကျေနပ်ဖွယ် သဘောတူညီမှုတခု
လုပ်ကြရတဲ့အခါ။

ရိုးရိုးသားသား ရပ်တည်ခဲ့တဲ့
လူနည်းစုက ဘယ်လိုမျိုးလဲ၊
လက် နှစ်ခုပဲ၊
လက်နှစ်ခုသာပဲ။
လူနည်းစုတခုက သတ္တိရှိတယ်၊
လူများစုက မနှစ်မြို့ဖွယ် ကျူးကျော်တယ်
သူတို့က ဘော်လ်ရှီဗစ်တွေ မဟုတ်ဘူး၊
ကျွဲချေး-ဘူးရှစ်ဗစ် (bullshitviks) တွေပဲ။
သူတို့က တော်လှန်ရေး
စစ်သားတွေ မဟုတ်ဘူး။
ဆုံးဖြတ်ချက်ရဲ့
စစ်သားတွေပဲ။
မင်း၊ ငါ့မိတ်ဆွေများက
ကျိုးကြောင်းဆင်ခြင်မှုနဲ့ တိတ်ဆိတ်နေ။
သတ္တိကြောင်ပြီး တိတ်ဆိတ်နေတာလည်း
သစ္စာဖောက်မှု ပါပဲ။
အို… လူများစုတို့၊ လူများစုတို့။
ဖန်ဆင်းသူတို့၊ လိမ်ညာမှုရဲ့ သားကောင်တို့၊
အကြိမ်ဘယ်မျှ သင်တို့
နှိပ်စက်ညှဉ်းပမ်းခဲ့၊ ဖောက်ပြားခဲ့ကြ၊
သင်တို့က ငါတို့ရဲ့
ဘုရားသခင်ဖြစ်ဖို့ အခွင့်မရှိပေဘူး။
အုပ်ချုပ်သူမဟုတ်တဲ့ လူနည်းစုတို့က
ဘာ အာဏာမှ မရှိဘူး။
ငါမြင်နေတဲ့ လူကြောက်အများက
မမြင်နိုင်တဲ့ သက်ကယ်အင်္ကျီတခုပဲ။
အာဏာဘယ်မျှ မဲ့နေတယ်ဆိုတာက၊ လူများစုရဲ့

မရိုးစင်းတဲ့ ခွင့်ပြုမှုပဲ။
ပြီး၊ ဘယ်မျှ အာဏာရှိနေတယ်ဆိုတာက
လူနည်းစုရဲ့ ရိုးသားတဲ့ ဆန္ဒပြမှုတွေပဲ။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၅၇ ခုနှစ်။
Translated by Albert C. Todd with the author 

No comments:

Recent Comments