သူတို့ပေးခဲ့တဲ့ ဒီခန္ဓာနဲ့ ဘာလုပ်ရမှာလဲ
အများကြီးက ငါ့ပိုင်ဆိုင်မှုပဲ၊ ငါနဲ့ နီးနီးကပ်ကပ်၊
ရှင်သန်နေရတာအတွက်၊ တည်ငြိမ်တဲ့ အသက်ရှူခွင့်ရတဲ့ ပျော်ရွှင်မှုအတွက်
ပြောစမ်းပ၊ ငါ ဘယ်သူ့ကို ကောင်းချီးပေးရမှာလဲ။
ငါက ပန်းပွင့်ပါ၊ ပြီး ဥယျာဉ်မှူးလည်း ဖြစ်သမို့
ကမ္ဘာမြေရဲ့ အကျဉ်းခန်းမှာ၊ ငါက အထီးတည်းလည်း မဟုတ်ဘူး။
ငါရဲ့ ရှင်သန်တဲ့နွေးထွေးမှု၊ အသက်ရှူရှိုက်တာ၊ မင်းမြင်နိုင်ပါတယ်
ထာဝရဖြစ်မှုရဲ့ ကြည်လင်တဲ့ မှန်ချပ်ပေါ်မှာ။
ပုံစံတခု ချထားသလား၊ ခုချိန်ထိ

ငါ မသိ။
အသက်ရှူမှုများ ခြေရာကောက်စရာမရှိအောင် အငွေ့ပျံသွား
ဒါပေမယ့် ဘယ်သူမှ အလှမဖျက်နိုင်တဲ့ ပုံစံပဲ။

အိုဆစ်ပ် မန်ဒဲစတမ်း (Osip Emilevich Mandelstam)
No comments:
Post a Comment