Pages

Saturday, September 30, 2017

စတာလင်ရဲ့ ဟာသစာတိုပေစ (The Stalin Epigram)

ငါတို့ဘဝက သူတို့အောက်က မြေမှာ ဆက်ခံစားစရာ မရှိပြီ၊
ခြေဆယ်လှမ်းမှာ ငါတို့စကားလုံးတွေကို မင်းကြားနိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမယ့် စကားစိုးစဉ်း ပြောမိတာနဲ့
ကရင်မလင်ရဲ့ တောင်ပေါ်သားတွေဆီ ရောက်သွားမှာပဲ။

တီကောင်လို ထူထဲ သူ့လက်ချောင်း ဆယ်ခု
သူ့စကားလုံးများက အလေးချိန် တိုင်းတာမှုများလို။

သူ့နှုတ်ခမ်းအပေါ်မှာ ရယ်မောနေတဲ့ ပိုးဟပ်ကြီးများ
သူ့ဖိနပ်ရှည် အနားသားက ပြောင်ပြောင်လက်လက်၊

ကြက်လည်ပင်း [မွေးကျွတ်နီရဲ] လူကြီးတွေ အလွှာနဲ့ ဝန်းရံထား
သူက တဝက်တပျက် [လူမဆန်] လူသားတွေရဲ့ ချီးမြှောက်မှုနဲ့ ဆော့ကစားတယ်

ပထမ ဝီစီသံများ၊ နောက်တော့ ကြောင်အော်သံများ၊ တတိယ တရှုပ်ရှုပ်ငိုသံများ
သူ့လက်ချောင်းကို သူတောက်ထုတ်လိုက်၊ ပြီး သူတယောက်တည်း ပေါက်ကွဲ၊

မြင်းခွာများ တန်းစီသလို အမိန့်များကို သူမိတ္တူထုတ်တယ်
တခုက ဖင်မှာ၊ တခုက နဖူးမှာ၊ ဘုရားကျောင်း၊ မျက်လုံး၊

သူက ကွပ်မျက်မှုတွေကို လျှာဖျားမှာ ဘယ်ရီသီးလို လှိမ့်နေတယ်
အိမ်က သူငယ်ချင်းအရင်းကြီးတွေလို သူက ဖက်လှဲတကင်း လုပ်ချင်သေးတယ်။ 

အိုဆစ်ပ် မန်ဒဲစတမ်း (Osip Emilevich Mandelstam)

No comments:

Recent Comments