ငါတို့ ပိုတွန့်တိုဖို့ လိုတယ်
အသက်ရှူသွင်း ရှုထုတ်
ပြီး၊ ဖြစ်နိုင်ရင် မော်ကွန်းကဗျာရှည်က
ပြီး၊ ဖြစ်နိုင်ရင် မော်ကွန်းကဗျာရှည်က
သေသပ်တဲ့ လေးကြောင်းတစ်ပိုဒ်ကဗျာများ (quatrains) မှာ လဲလျောင်းတယ်။
ငါတို့ ပိုစိတ်ကောင်းစေတနာပြဖို့ လိုတယ်
'ငါ့နောက်လိုက်ခဲ့ကြ' လို့ အော်ဟစ်သလို ကျယ်ကျယ်လောင်လောင်
သန်စွမ်း၊ ပိုကြမ်းထော်
မြေကမ္ဘာဂြိုဟ်ရဲ့ ကြမ်းထော်တဲ့ ကမ္ဘာလုံးနဲ့၊
ငါက စကားလုံးအလွှာတွေနဲ့ ဖိသိပ်ထားတဲ့
ငါတို့ ပိုစိတ်ကောင်းစေတနာပြဖို့ လိုတယ်
'ငါ့နောက်လိုက်ခဲ့ကြ' လို့ အော်ဟစ်သလို ကျယ်ကျယ်လောင်လောင်
သန်စွမ်း၊ ပိုကြမ်းထော်
မြေကမ္ဘာဂြိုဟ်ရဲ့ ကြမ်းထော်တဲ့ ကမ္ဘာလုံးနဲ့၊
ငါက စကားလုံးအလွှာတွေနဲ့ ဖိသိပ်ထားတဲ့
ပလာနယ် (အာကာသ) ရဲ့ ရုပ်ကြွင်းတွေကို မနာလိုဝန်တိုတယ်
ဒါက ပလာကျင်းမှုထဲက ခုန်ကြွထွက်လာတဲ့အခါ
ဒါက ပလာကျင်းမှုထဲက ခုန်ကြွထွက်လာတဲ့အခါ
ကျစ်လစ်မှုဟာ မကျွမ်းကျင်မလိမ္မာမှုရဲ့ ညီအစ်မများပဲ။
ကျစ်လစ်တိကျမှု အားလုံးက တန်ဖိုးမဖြတ်နိုင်တာ မဟုတ်ဘူး။
နဘေထပ်ထားတဲ့ ဆီကိတ်မုန့်က မာကျော၊ ကျွတ်ဆတ်နေတယ်
ပြီး တစုံတယောက်ခြံထဲက ကောက်ရိုးဆိုရင်
ငါက မြင်းဖြစ်ရင်တောင် စားမှာ မဟုတ်ဘူး။
ငါက ကောက်ရိုးတပွေ့ကို ကြိုက်တယ်
နှင်းရည်တွေ ခုတိုင် မခြောက်သေးတဲ့ဟာ
အနီရောင် ဘယ်ရီသီးစုံများနဲ့ မှိုတို့ရဲ့ အဖုံးများ
တံစဉ်နဲ့ ရိပ်လှီးခဲ့။
ပုံစံကျတဲ့ စိတ်ကူးယဉ်လွန်ကဲမှု အားလုံးက ပွယောင်းယောင်းနိုင်တာပဲ
တခေတ်ဆန်းဖို့ဆို ရစ်သမ်နရီထဲ ပစ်ပေါက်လိုက်၊
စိတ်ပျက်စွာနဲ့ ယုတ္တိမဆန်ရင် ဆုတ်ဖြဲလိုက်
အကွက်ကျား သူ့သင်္ဘောသား အင်္ကျီကို ဆုတ်ဖြဲလိုက်။
တခြား ဖက်ရှင်ဟောင်း အစုတ်အပြတ်တွေကြားမှာ

အမျိုးသမီးတွေ ဦးထုပ်နဲ့ ဝတ်စုံတွေ ထားသင့်သလား၊
ငါတို့က ဘဝလို့ခေါ်တဲ့
ငါတို့က ဘဝလို့ခေါ်တဲ့
ကောင်းကင်ဘုံက အစုတ်အပြဲများလား။
လက်မှုပစ္စည်းတွေ အရသာက အနုပညာ မဟုတ်ဘူး။
စာဖတ်နာသူက
စတိုင်ကင်းမဲ့မှုရဲ့ နှစ်လိုဖွယ်ကိုရော၊
ငြီးငွေ့ဖွယ်စာကြောင်းရှည် ရဲ့ ထည်ဝါမှုကိုရော ဖမ်းဆုပ်နိုင်ပေလိမ့်မယ်။
လက်မှုပစ္စည်းတွေ အရသာက အနုပညာ မဟုတ်ဘူး။
စာဖတ်နာသူက
စတိုင်ကင်းမဲ့မှုရဲ့ နှစ်လိုဖွယ်ကိုရော၊
ငြီးငွေ့ဖွယ်စာကြောင်းရှည် ရဲ့ ထည်ဝါမှုကိုရော ဖမ်းဆုပ်နိုင်ပေလိမ့်မယ်။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၈၆ ခုနှစ်။
Translated by Albert C. Todd
No comments:
Post a Comment