Pages

Thursday, September 28, 2017

ကန့်၊ နောက်ဆုံးနေ့ (Kant. Last day)

ကြီးကြယ်မြင့်မြတ်တဲ့ ဝိဉာဉ်ဆိုတာ သက်သေအထောက်အထား မရှိပါဘူး။
အို… သဘာဝတရား…
အကယ်၍ သင်က စိတ်ထားမမြင့်မြတ်ခဲ့ရင်
သင်က လုံးဝမတည်ရှိဘူး ဖြစ်ကောင်းဖြစ်နိုင်တယ်။                             

သူ့ကို ချက်ချင်းသေအောင် မင်းကတကယ်မပြုစုခဲ့နိုင်ဘူးဆိုရင်
ဖယောင်းတိုင် ငြိမ်းမလို တဖျစ်ဖျစ်လောင်တာမျိုး၊
ဆံပင်တု ကျွတ်ကျသွားသလိုမျိုး၊
ချောမွေ့တဲ့ စားပွဲထိပ်က လက်စွပ်ကွင်းရဲ့
ချာလည်လှည့်ကာ ခရီးတိုလိုမျိုး၊
နောက်ဆုံးရပ်တည်မှုဟာ ပိုးတောင်မာရဲ့ ငြိမ်သက်မှုမျိုး၊
မှတ်ဉာဏ်မဲ့မဲ့
လူအိုတယောက်နဲ့
ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ကစားပွဲ ဘာကြောင့်ဖြစ်ရတာလဲ
ငြီးငွေ့ဖွယ် နိုးထနေမှု
ညခင်း ကြောက်လန့်မှုများ
သူပြောသလို "ခြောက်အိပ်မက်များက သတိထားပါ" လို
ဖြစ်မနေဘူးလား။
သူ့ခေါင်းပေါ်မှာ မီးခိုးရောင်ရေခဲမြစ်ရှိနေ
သူ့အိပ်ဆောင်နာရီ ရှိသင့်တဲ့နေရာမှာ မီးတောင်တလုံး။

လူတယောက်ကို စီရင်ချက်ချဖို့ဆိုတာ
ကြောက်လန့်ဖွယ် အရသာပါပဲ
သေဆုံးသူရုပ်သွင်တွေ အပေးအယူကို
လေ့လာရတာ
ချက်ချင်း တစ္ဆေတကောင်
ဖြစ်သွားခဲ့။

ဘစ်နျူး ဟားဘတ် (Zbigniew Herbert)

Immanuel Kant အီမန်နျူယယ် ကန့် (၁၇၂၄-၁၈၀၄) က ဂျာမန်အတွေးအခေါ် ပညာရှင်ပါ။ ခေတ်သစ်အတွေးအခေါ် ပညာအတွက် အရေးပါသူဖြစ်ပါတယ်။ ကန့်က လူတွေရဲ့စိတ် (mind) က လူသားအတွေ့အကြုံကို ဖန်တီးတယ်လို့ ဆိုပါတယ်။ ကျိုးကြောင်းဆင်ခြေ (reason) တွေက ကျင့်ဝတ်ပိုင်းဆိုင်ရာ အမြင် (morality) ဖြစ်လာစေတယ်၊ သုခုမ ရသ ပညာ (aesthetics) က စိတ်ဝင်စားမှုမရှိတဲ့ ဆင်ခြင်တုံတရား (judgement) ကလာတယ်၊ အချိန်နဲ့ နေရာ (space and time) က ကျနော်တို့ရဲ့ ရသခံစားနိုင်စွမ်း (sensibility) ပုံစံများ ဖြစ်ပြီး၊ ကမ္ဘာကိုယ်၌က ကျနော်တို့ရဲ့ ထင်မြင်ယူဆချက် များနဲ့ သီးခြားလွတ်လပ်စွာ တည်ရှိနေတယ်… စသည်ဖြင့် ဆွေးနွေးထားသူပါ။ metaphysics  epistemology  ethics  political theory နဲ့ aesthetics စတဲ့ ပညာရပ်များရဲ့ စဦးဖခင်ကြီးလို့ ဆိုနိုင်ပါတယ်။

Les Derniers Jours D'Emmanuel Kant (The Last Days of Immanuel Kant) ကန့်ရဲ့ နောက်ဆုံးရက်များဆိုတဲ့ ပြင်သစ်စကားပြော ရုပ်ရှင်ကားရှိတယ်။ သူ့ဘဝ တစိတ်တပိုင်း၊ သူ အသက် ၈၀ (၁၈၀၄ မှာ မသေခင်) နောက်ဆုံး ရက်အချို့ကို စိတ်ကူးယဉ်ဇာတ်လမ်းဆင် ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ကျနော်မကြည့်ဖူးသေးပါ။ အခုကဗျာက ဒါကိုခံစားရေးဖွဲ့ တာ ဖြစ်နိုင်ပါတယ်။


No comments:

Recent Comments