Pages

Wednesday, September 27, 2017

ဖျာပေါ်ထိုင်နေတဲ့ ကြောင်၊ စာမတတ်မြောက်မှုအပေါ် ခုခံကာကွယ်ခြင်း (A Cat sat on the mat. In defense of iliteracy)

ဖျာပေါ်ထိုင်နေတဲ့ ကြောင်ဆီက
သူလေ့လာရသမျှ
မစ္စတာ ကိုဂီတိုက
ချဲ့ကား နိဂုံးချုပ်မှုတွေ လုပ်တယ်။

ကျောင်းတွေရဲ့ ကောင်းတဲ့ အရသာကို တွေ့ရှိဖို့
ဝါကျတကြောင်းကို အောင်မြင် ခွင့်ပြုနိုင်ဖို့
ဒီအရည်အချင်း ဒါကြောင့် လိုအပ်တာလား။
လူသားတွေရဲ့ ပြန်လည်တည်ဆောက်ရေး
စီမံချက်အတွက် ထင်မြင်ချက်တွေ ဖော်ပြဖို့
Auguste comte* ရဲ့ ကာတွန်းဆန်တဲ့  
ဥပမာများ နောက်မှာပေါ့။

ဒီလိုဈေးပေါတဲ့
ဗဟုသုတတွေကို
စွန့်ပစ်လိုက်တာက
ပိုမကောင်းပေဘူးလား။
ပြီးတော့ တောင်တန်းပေါ်က ကျေးလက်လူအိုတွေရဲ့
အသိဉာဏ်ပညာကို
ကိုင်စွဲထားရုံပ။
အစစ်အမှန် တိုးတက်မှုကို
ရှောင်ရှားလို့။

ဆိုလိုတာက
အလုပ်လက်မဲ့ မြင့်မားလာတယ်ဆိုတာ
အလုပ်တခု မရှိတဲ့ မျက်နှာတွေ
အရေအတွက် များလာတာလား

ရှင်းလင်းပြတ်သားတဲ့ ဗဟုသုတတွေ
အဘိဓမ္မာအားလုံးက
မလိုလားအပ်ပါဘူး
အန္တရာယ်တောင် ရှိပါတယ်။


ဘစ်နျူး ဟားဘတ် (Zbigniew Herbert)

* Isidore Marie Auguste François Xavier Comte (၁၇၉၈-၁၈၅၇) သည် ပြင်သစ်တွေးခေါ်ပညာရှင်တဦး ဖြစ်ပြီး၊ praxeology  (လူသားတို့၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် ဆင်ခြင်ထုတ်ယူနည်း) ပညာရပ်နယ်ပယ်ကို စတင်တည်ထောင် သူ ဖြစ်သည်။ ယင်းကို ယထာဘူတဝါဒ (positivism) ဟုလည်း ခေါ်ဆိုကြသည်။ သူ့ကို သိပ္ပံဆိုင်ရာ တွေးခေါ်မှုအမြင် (philosopher of science) ပထမဦးဆုံး တွေးခေါ်ပညာရှင်ဟုလည်း သတ်မှတ်ကြသည်။ 

No comments:

Recent Comments