ငါ့အစ်ကို စစ်ပွဲက
ပြန်လာတော့
သူ့နဖူးမှာ ငွေရောင်ကြယ်ကလေး ပါခဲ့တယ်
အဲဒီကြယ်ပွင့်အောက်မှာ
သူ့အမာရွတ်။
သူ့နဖူးမှာ ငွေရောင်ကြယ်ကလေး ပါခဲ့တယ်
အဲဒီကြယ်ပွင့်အောက်မှာ
သူ့အမာရွတ်။
ဗုံးစတွေနဲ့
ဗာဒွန် (Verdun) မှာ
ဒါမှမဟုတ် ဂရုန်ဝေါ (Grünwald) မှာ ထိခဲ့တယ်။
(အတိအကျ သူမေ့လျော့နေခဲ့ပြီ)
ဗာဒွန် (Verdun) မှာ
ဒါမှမဟုတ် ဂရုန်ဝေါ (Grünwald) မှာ ထိခဲ့တယ်။
(အတိအကျ သူမေ့လျော့နေခဲ့ပြီ)
သူက ဘာသာပေါင်းစုံနဲ့
သိပ်စကားများတဲ့သူ
ဒါပေမယ့် သူအားလုံးထဲ အနှစ်သက်ဆုံးက
သမိုင်းဆိုင်ရာ စကားတွေ၊
သိပ်စကားများတဲ့သူ
ဒါပေမယ့် သူအားလုံးထဲ အနှစ်သက်ဆုံးက
သမိုင်းဆိုင်ရာ စကားတွေ၊
သူ အသက်ရှူမှားလောက်အောင်
ကျသွားတဲ့ သူ့ရဲဘော်တွေကို ထွက်ပြေးဖို့ အမိန့်ပေးခဲ့တယ်
ရိုလန် (Roland)၊ ကိုဝါဆကီ (Kowaski)၊ ဟန်နီဘော (Hannibal)၊
ကျသွားတဲ့ သူ့ရဲဘော်တွေကို ထွက်ပြေးဖို့ အမိန့်ပေးခဲ့တယ်
ရိုလန် (Roland)၊ ကိုဝါဆကီ (Kowaski)၊ ဟန်နီဘော (Hannibal)၊
သူအော်တယ်
ဒါဟာ နောက်ဆုံး ကရူဆိတ် စစ်ပွဲပဲ
ကာသေ့ (Carthage) က မကြာခင် ကျမှာပဲ
နောက်တော့ သူက ရှိုက်သံတွေနဲ့ ဝန်ခံတယ်
နပိုလီယံက သူ့ကို မကြိုက်လှဘူးတဲ့။
ဒါဟာ နောက်ဆုံး ကရူဆိတ် စစ်ပွဲပဲ
ကာသေ့ (Carthage) က မကြာခင် ကျမှာပဲ
နောက်တော့ သူက ရှိုက်သံတွေနဲ့ ဝန်ခံတယ်
နပိုလီယံက သူ့ကို မကြိုက်လှဘူးတဲ့။
ငါတို့ သူ့ကို ကြည့်ရတာ
ပိုပြီး ဖြူဖျော့လာ
အသိဉာဏ်တွေ တဖြည်းဖြည်း ပျောက်ကုန်လို့
ဖြည်းဖြည်းချင်း ရုပ်ထုတခုလို ဖြစ်လာနေတယ်။
ပိုပြီး ဖြူဖျော့လာ
အသိဉာဏ်တွေ တဖြည်းဖြည်း ပျောက်ကုန်လို့
ဖြည်းဖြည်းချင်း ရုပ်ထုတခုလို ဖြစ်လာနေတယ်။
နားများထဲ ဗုံးသီးများရဲ့ ဂီတသံ
ကျောက်စိုင် သစ်တောထဲ ဝင်လို့
ပြီးတော့ သူ့မျက်နှာ အရေပြားက
ကြယ်သီးလို မြူတိမ်ကွယ် ချောက်သွေ့ မျက်လုံးများကို
ကာရံထားရုံ။
ကျောက်စိုင် သစ်တောထဲ ဝင်လို့
ပြီးတော့ သူ့မျက်နှာ အရေပြားက
ကြယ်သီးလို မြူတိမ်ကွယ် ချောက်သွေ့ မျက်လုံးများကို
ကာရံထားရုံ။
သူ့မှာ ဘာမှ မကျန်တော့ဘူး
ဒါပေမယ့် လက်နဲ့ပဲ စမ်းတော့တယ်။
သူလက်တွေနဲ့ ပြောတဲ့ ပုံပြင်ဇာတ်လမ်းတွေ
ညာဖက်မှာ သူ့မှာ အချစ်ဇာတ်လမ်းတွေ ရှိခဲ့တယ်
ဘယ်ဖက်မှာ စစ်သားမှတ်ဉာဏ်တွေနဲ့။
ဒါပေမယ့် လက်နဲ့ပဲ စမ်းတော့တယ်။
သူလက်တွေနဲ့ ပြောတဲ့ ပုံပြင်ဇာတ်လမ်းတွေ
ညာဖက်မှာ သူ့မှာ အချစ်ဇာတ်လမ်းတွေ ရှိခဲ့တယ်
ဘယ်ဖက်မှာ စစ်သားမှတ်ဉာဏ်တွေနဲ့။
သူတို့က ငါ့အစ်ကိုကို ခေါ်ပြီး
မြို့အပြင်ကို ခေါ်သွားကြတယ်
သူ ဆောင်းတွင်းတိုင်း ပြန်လာတော့
ပိန်ချုံး၊ အလွန်အမင်း တိတ်ဆိတ်
သူက ပြန်မလာချင်တော့ဘူး
သူက ပြူတင်းကိုခေါက်ပြီးပဲ ငါ့ကိုခေါ်တော့တယ်။
မြို့အပြင်ကို ခေါ်သွားကြတယ်
သူ ဆောင်းတွင်းတိုင်း ပြန်လာတော့
ပိန်ချုံး၊ အလွန်အမင်း တိတ်ဆိတ်
သူက ပြန်မလာချင်တော့ဘူး
သူက ပြူတင်းကိုခေါက်ပြီးပဲ ငါ့ကိုခေါ်တော့တယ်။
ငါတို့ လမ်းများပေါ် အတူတူလျှောက်သွားကြ
မဖြစ်နိုင်တဲ့ ပုံပြင်များကို
သူက ထပ်ခါထပ်ခါပြောပြ
ငါ့မျက်နှာကို စမ်းလို့
မိုးရေတွေနဲ့ သူ့လက်ချောင်းတွေ ကန်းလို့။
မဖြစ်နိုင်တဲ့ ပုံပြင်များကို
သူက ထပ်ခါထပ်ခါပြောပြ
ငါ့မျက်နှာကို စမ်းလို့
မိုးရေတွေနဲ့ သူ့လက်ချောင်းတွေ ကန်းလို့။
TRANSLATED BY CZESLAW MILOSZ
No comments:
Post a Comment