ချည်ခင်တလုံးလိုပဲ သူမရဲ့ ဒူးများဆီက ပြုတ်ကျလာတယ်
အဆောတလျင်ပေမယ့် ဒဏ်ရာအနာတရမရှိ၊ မမြင်မကန်း သူပြေးတယ်။
ဘဝရဲ့ အစပိုင်းကိုတော့ သူမက ထိန်းချုပ်ထားလို့။ ကွင်းတခုလို သူ့လက်တွေမှာ
ရစ်ပတ်ဖို့။ သူမက သူ့ကို ကာကွယ်စောင့်ရှောက်ထားချင်တာပေါ့။
သူက မတ်စောက်ချောက် တွေအတိုင်း လှိမ့်ဆင်းလာတယ်။ တခါတလေ
သူ အထက်ပြန်တက်ခဲ့။ သူ အရှုပ်အထွေးတွေ တွယ်ညိပြန်လာ၊ သူ..
တိတ်ဆိတ်နေ။
သူမ ဒူးခေါင်းများဆီက ချိုမြိန်တဲ့ ထီးနန်းများဆီတော့ ဘယ်တော့မှ သူပြန်လိမ့်မှာ
မဟုတ်။
ဆန့်တန်းထားတဲ့ လက်များက မြို့ဟောင်းတခုလို
အမှောင်များထဲ တောက်လောင်လို့။
အမှောင်များထဲ တောက်လောင်လို့။
ဘစ်နျူး ဟားဘတ် (Zbigniew Harbert)
No comments:
Post a Comment