Pages

Sunday, September 17, 2017

ဇာတ်လမ်းဖြစ်ရပ် (Episode)

ပင်လယ်ကမ်းခြေမှာ ငါတို့လျှောက်သွားရင်း
လက်တွေကို တင်းတင်းဆုပ်လို့ 
ဂန္ဓဝင်မြောက် ဆွေးနွေးမှုရဲ့ အစွန်းနှစ်ဖက်မှာ
— မင်းငါ့ကို ချစ်ရဲ့လား
— ငါ မင်းကိုချစ်တယ်။
ထယ်ကြောင်းထင်နေတဲ့ မျက်ခုံးတွေကိုညှစ်
သမ္မာကျမ်း နှစ်ခုထဲက
ငါ့ ဉာဏ်ပညာအားလုံးကို အနှစ်ချုပ်တယ်
နက္ခတ်ဗေဒင်ဆရာများ ရှေ့ဖြစ်ဟောသူများ
ဥယျာဉ်များရဲ့ အတွေးအခေါ်ပညာရှင်များ
ပြီးတော့ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ အတွေးအခေါ်ပညာရှင်များ။
ပြီးတော့ ဒီလိုမျိုးအသံပြု
— မငိုပါနဲ့ကွယ်
— ရဲရင့်စမ်းပါ
— တခြားလူတွေကို ကြည့်စမ်းပ။
မင်းက နှုတ်ခမ်းကိုစူပြီး ပြောတယ်
— မင်းက ဘုန်းကြီး ဖြစ်ခဲ့သင့်တာ
ပြီးတော့ စိတ်ပျက် ထွက်ခွာသွားတယ်
ဘုရားဖြစ်မယ့် အုတ်ခဲတွေကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။
ပင်လယ်သေ ခပ်ငယ်ငယ် ကမ်းခြေမှာ
ငါ ဘာပြန်ပြောရပါ့။
ရေများက တဖြည်းဖြည်း တက်လာ
ခြေရာတွေကို ပျက်သွားစေခဲ့တယ်။
ဘစ်နျူး ဟားဘတ် (ZBIGNIEW HERBERT)
TRANSLATED BY CZESLAW MILOSZ

No comments:

Recent Comments