Pages

Sunday, September 17, 2017

အိမ် (Home)

နှစ်ရဲ့ ရာသီများအထက်က အိမ်တလုံး 
ကလေးများ၊ တိရိစ္ဆာန်များ၊ ပန်းသီးများရဲ့ အိမ်
ကြယ်ကင်းမဲ့တဲ့ အောက်မှာ
ပလာကျင်းတဲ့ နေရာလပ်အကွက်။

အိမ်က ကလေးဘဝရဲ့ အဝေးကြည့်မှန်ပြောင်း
ခံစားမှုရဲ့ အရေပြား
နှမရဲ့ ပါးပြင်
သစ်ပင်တပင်ရဲ့ ကိုင်းခက်

မီးတောက်ကြောင့် ပါးပြင် မီးငြိမ်းခဲ့
ကျည်သီးတခုကြောင့် ကိုင်းခက်တွေ
သိုက်မြုံရဲ့ ပြာစမှုန်များအပေါ် ကြက်ခြေခတ်တယ်။
အိုးအိမ်မဲ့ ခြေလျင်တပ်ဖွဲ့တခုရဲ့ တေးသံတပုဒ်။

အိမ်က ခံစားမှုတို့ သေဆုံးရာ
အိမ်က ကလေးဘဝရဲ့ သေတ္တာပုံး
လောင်မြိုက်တဲ့ နှမတဦးရဲ့ တောင်ပံများ
သေဆုံးသွားတဲ့ သစ်တပင်ရဲ့ အရွက်။

ဘစ်နျူး ဟားဘတ် (Zbigniew Herbert)


No comments:

Recent Comments