ဘယ်သူမှ အလေးမထားပဲ
လမ်းထဲ ငါဆော့နေခဲ့
ငါက သဲတွေနဲ့ ပုံစံတွေထုတ်လို့
ငါ့အသက်ရှူသံအောက်မှာ ရမ်းဘောက် (Rimbaud) ကို ရေရွတ်လို့။
လူအို လူကြီးလူကောင်းတယောက်က ကြားမိတော့
—
ကောင်လေး…
မင်းက ကဗျာဆရာပဲ
အခု မင်းက အောက်ခြေလူထုတွေ စာပေပွဲကို
စီစဉ်နေတာပဲပေါ့။
ညစ်ပေနေတဲ့ ငါ့ခေါင်းကို သူက ပုတ်တယ်
ငုံဖို့သကြားလုံးပေးတယ်
ငါ့ လူငယ်ဘဝကို အကာအကွယ်ဖြစ်စေဖို့
ဝတ်စုံတွေတောင် ဝယ်ပေးခဲ့တယ်။
ငါ့မှာ ပထမဆုံး ဘာသာရေးပွဲကတည်းက
ဒီလောက်ခမ်းနားတဲ့ ကုတ်အင်္ကျီမျိုး
မရှိခဲ့ဖူးဘူး
ဘောင်းဘီတိုနဲ့ ကော်လာကျယ်ကျယ်
သင်္ဘောသား အင်္ကျီမျိုးနဲ့
တံဆိပ်ကောင်းနဲ့ ဖိနပ်ကွင်းတခုနဲ့
အနက်ရောင် သားရေဖိနပ်
ဒူးလောက်ရှည်တဲ့ ခြေအိပ်ဖြူ
လူအို လူကြီးလူကောင်းက ငါ့လက်ကိုဆွဲလို့
ကပွဲခမ်းမထဲ ဝင်သွားတယ်။
အဲဒီမှာ ဘောင်းဘီတိုအဖြူနဲ့
တခြားကလေးတွေ
သေချာ ရိပ်သင်ထားတဲ့
သူတို့ခြေထောက်တွေ မကြွတကြွလှမ်းလို့။
—
ကောင်းပြီ၊
ကောင်ကလေးတို့ စ, ကစားကြဖို့ အချိန်ပဲ
ဘာလို့ ချောင်ကပ်နေကြတာလဲ
လူအို လူကြီးလူကောင်းက မေးတယ်
—
လက်တွေတွဲ
စက်ဝိုင်းပုံ ဝိုင်းလိုက်ကြ။
ဒါပေမယ့် တို့တွေက နာမည်ကပ်ပြားတွေ
မလိုဘူး
ဒါမှမဟုတ် မျက်စေ့စည်း ကစားပွဲလည်း
မလိုဘူး
လူအို လူကြီးလူကောင်းရှိတာနဲ့တင်
လုံလောက်နေပြီ
တို့အားလုံး အလွန်ဆာနေကြပြီ။
စားပွဲကြီးဘေး
ငါတို့ ချက်ချင်းထိုင်လိုက်ကြ
သံပုရာရည်နဲ့
ကိတ်မုန့်ကို ချပေးတယ်။
အသံသြသြနဲ့
လူပျိုတွေလို အခု ဟန်ဆောင်ကြ
သူတို့ ငါတို့ကို ချီးမြှောက်ကြတော့
လူငယ်လေးတွေ ထပေးကြတယ်
ဒါမှမဟုတ် တို့လက်ဝါးချင်း ရိုက်ကြ၊
ငါတို့ ဘာသံမှ မကြားဘူး
ငါတို့ ဘာမှ မခံစားရဘူး
ကိတ်မုန့်တွေကို
မျက်လုံးကျယ်ကြီးတွေနဲ့ ငေးလို့
ငါတို့ ပူနွေးနေတဲ့လက်ထဲ
အဲဒါတွေ အရည်ပျော်ကျ
ဒီလို ချိုမြိန်မှုမျိုးက ငါတို့ဘဝမှာ
ပထမဦးဆုံးအကြိမ်ပဲ
နက်မှောင်တဲ့ ငါတို့ အင်္ကျီလက်ခေါက်တွေကြား
ပျောက်ကွယ်သွားကြတယ်။
ဘစ်နျူး ဟားဘတ် (ZBIGNIEW HERBERT)
TRANSLATED BY JOHN CARPENTER
—for perfidious protectors
No comments:
Post a Comment