Pages

Thursday, September 14, 2017

အရောင်များ (Colors)

ငါ့ရဲ့ ကျိုးကြေနေတဲ့ ဘဝပေါ်
မင်းမျက်နှာ မြင့်တက်လာတဲ့အခါ
ပထမဦးဆုံး တခုတည်း ငါနားလည်တာကတော့
ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံး ဘယ်လောက်နည်းပါးနေတာကိုပေါ့။

မင်းရဲ့မျက်နှာက သစ်တောများ၊ ပင်လယ်များ၊ မြစ်များအပေါ်မှာ
ထူးခြား တောက်ပမှုတွေ အရောင်ထိုးလို့။
ငါအစမပျိုးရတဲ့
ကမ္ဘာရဲ့အရောင်များ အစပြုပြိုးလက်။

ငါ သိပ်စိုးရိမ်နေမိ။ ငါ သိပ်စိုးရိမ်နေမိ။
မမျှော်လင့်တဲ့ အရုဏ်ဦးများနဲ့ အဆုံးသတ်ရမှာ
တွေ့ရှိမှုသစ်များ၊ မျက်ရည်များနဲ့ သဘောထားကွဲမှုများနဲ့ အဆုံးသတ်ရာမှာကို
ဒါပေမယ့် ဒီလိုစိုးရွံ့မှုတွေကို ဖယ်ရှားလိုက်ဖို့ ငါငြင်းပယ်နေ။

ငါ့နားလည်တဲ့ ဒီစိုးရွံ့မှုက
အချစ်ကိုယ်၌ပဲပေါ့။ ငါ ဒီစိုးရွံ့မှုကို ဘယ်လိုချစ်မြတ်နိုးရမှန်း မသိဘဲ
ချစ်မြတ်နိုးနေလို့
ငါ… ငါ့အချစ်ကို ဂရုမစိုက်တတ်တဲ့ စောင့်ရှောက်အုပ်ထိန်းသူမျိုးပေါ့။

ဒီစိုးရွံ့မှုတွေကို ငါ့ကိုတင်းတင်းကျပ်ကျပ် ပတ်ရစ်
ဒီအခိုက်များဟာ သိပ်တိုတောင်းတာ ငါသိပါတယ်
ငါ့အတွက်တော့ မင့်မျက်နှာက တည်ပြီးတဲ့အခါ

အရောင်တွေက ပျောက်ကွယ်သွားတော့မှာ…။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by George Reavey

No comments:

Recent Comments