Pages

Thursday, September 14, 2017

ငါအလိုချင်ဆုံး အရာ (This is what I most want)

မကြိုးပမ်းရဘဲ
ငါအလိုချင်ဆုံးအရာ၊ တကိုယ်တည်း
ငါ့ရဲ့အဝေးဆုံး အလင်းများတိုင်
ရောက်တဲ့အထိ။

အဲဒီမှာ မင်းတောက်ပဖို့
အခြားပျော်ရွှင်မှုများ မလိုဘဲ
ကြယ်အလင်းတွေဆီက
သူတို့ရဲ့မီးတောက်က ဘာဆိုလိုသလဲဆိုတာ
လေ့လာသင်ယူဖို့။

ကြယ်တလုံးက ကြယ်တလုံးလိုလောင်ကျွမ်း
အလင်းတွေက အလင်းဖြစ်လာ၊
ငါတို့ရဲ့ တီးတိုးရေရွတ်သံတွေကြောင့်
ငါတို့ကို သန်စွမ်းစေ၊ ပြီးတော့ ညကိုနွေးထွေးစေတယ်။

မင်းကို ငါပြောချင်တယ်၊
ငါ့ရဲ့ အချစ်လေး၊ တီးတိုးနဲ့
ငါ … မင်းကို အလင်းတွေအထိသာ မြှင့်တင်ပေးနိုင်ပါရဲ့
အဓိပ္ပါယ်မဲ့ စကားတွေ တတွတ်တွတ်ပြောရင်းနဲ့ပေါ့။

အိုဆစ်ပ် မင်ဒဲစတန်း (Osip Mandelstam)
မှတ်ချက်။   ။ သူ၏ဇနီး နာဒီဇာ (Nadezhda) အတွက် ရေးဖွဲ့သည်။

No comments:

Recent Comments