Pages

Tuesday, July 18, 2017

No Title

လိပ်ပြာရောင်စုံလေးတွေ
အကောင်ပေါက်မလာခဲ့ဘူး
ဘောက်ဖတ်လေးတွေလောက်နဲ့
ကျေနပ်ခဲ့ရ။

အိမ်ခေါင်မိုးတကာလည်ပြီးတဲ့အခါ
ကြောင်ကလေးလို
သူ့ဝေါလ် (wall) မှာ ဝပ်တယ်။
ခရီးညောင်းနေ မိုးစွေငှက်ကလေးလို
သူ့ပြုတင်းမှာ လာလာ အမောခိုတယ်။

မနက်မနက်ဆို လက်ချောင်းတွေက
ကြက်ကလေးလို ယက်တယ်
ပို့စ် (Post) တွေကို ထက်အောက် ဖြဲယဲရှာလိပ်ပြာရောင်စုံလေးတွေ
အကောင်ပေါက်မလာခဲ့ဘူး
ဘောက်ဖတ်လေးတွေလောက်နဲ့
ကျေနပ်ခဲ့ရ။

အိမ်ခေါင်မိုးတကာလည်ပြီးတဲ့အခါ
ကြောင်ကလေးလို
သူ့ဝေါလ် (wall) မှာ ဝပ်တယ်။
ခရီးညောင်းနေ မိုးစွေငှက်ကလေးလို
သူ့ပြုတင်းမှာ လာလာ အမောခိုတယ်။

မနက်မနက်ဆို လက်ချောင်းတွေက
ကြက်ကလေးလို ယက်တယ်
ပို့စ် (Post) တွေကို ထက်အောက် ဖြဲယဲရှာ
သံယောဇဉ်တွေ နတ်ဝှက်ဖုံးကာ ထားသလားပေါ့။ 

စိတ်လိုလက်ရ အပြုံးတွေ မြင်ရတဲ့အခါ ငါမှာ သောမနဿ
သူ့ရုပ်ဆိုးဆိုးပုံကြီးကိုကျတော့ 'ဟားဟား' ရယ်လိုက်ရ
လက်မလေး တချက်တောင် မလှုပ်ရဘဲ
စိတ်နဲ့ပဲ Like လုပ်လိုက်တယ်
ငါ့တမ်းတမှုတွေက ခြေသံ လုံလုံခြုံခြုံ 
စာတကြောင်း မရေးခဲ့လည်း
မိုင်ထောင်သောင်းဝေးလည်း
နွေးထွေး လုံလောက်နေခဲ့တယ်။

ယောဟန်အောင်
ဇူလိုင် ၁၈၊ ၂၀၁၇
သံယောဇဉ်တွေ နတ်ဝှက်ဖုံးကာ ထားသလားပေါ့။ 

စိတ်လိုလက်ရ အပြုံးတွေ မြင်ရတဲ့အခါ ငါမှာ သောမနဿ
သူ့ရုပ်ဆိုးဆိုးပုံကြီးကိုကျတော့ 'ဟားဟား' ရယ်လိုက်ရ
လက်မလေး တချက်တောင် မလှုပ်ရဘဲ
စိတ်နဲ့ပဲ Like လုပ်လိုက်တယ်
ငါ့တမ်းတမှုတွေက ခြေသံ လုံလုံခြုံခြုံ 
စာတကြောင်း မရေးခဲ့လည်း
မိုင်ထောင်သောင်းဝေးလည်း
နွေးထွေး လုံလောက်နေခဲ့တယ်။

ယောဟန်အောင်
ဇူလိုင် ၁၈၊ ၂၀၁၇

No comments:

Recent Comments