Pages

Sunday, December 25, 2011

ကောလာဟလတွေနဲ့ ပျော်ချင်တဲ့ကောင်

ရေသန့်ဗူးမှာ
စွယ်တော်ဓာတ်ကူးတယ်ဆိုတော့လည်း
ဖူးလိုက်ရတာအမော။

အာရပ်နွေဦးဆိုတော့လည်း
စိတ်ကူး မီးတောက် ကတောင်ချောက်ချား
ဗျာများနတ်ပူး တုန်ရီရီ။

အမေရိကန် စီးပွားရေးနာလံထပါပြီ
ဥရောပ နာလံထပါပြီ..
မြန်မာပြည်လည်း နှင်းခဲတွေပျော်နေဆိုတာ လှည့်ဖွေရှာမိ
မိခင်မျက်ရည်တွေ ပေါင်းပင်မြက်ရိုင်းထဲ သည်းနေဆဲလေ..
ဒါပေမယ့်လည်း .. သူက.. ယုံချင်ချင်။

ပြည်ပြေးတွေ အိမ်ပြန်နိုင်ကြပါပြီ ဆိုလား..
သံယောဇဉ်တန်းလန်းနဲ့
သူက လမ်းတွေရှာ..

သူတို့ လွတ်တော့မှာပါ..
သူတို့ လွတ်တော့မှာပါ..
ငှက်ကလေးတွေလို လွတ်လွတ်လပ်လပ်
အိပ်မက်ဆိုးက ဖြတ်ကနဲနိုးထ
ကောင်းကင် ဆုံချက်တခုထံ ပျံကြတော့မှာပါ။

ငြိမ်းချမ်းသောကမ္ဘာ
၃ နှစ်အတွင်း ဖြစ်လာတဲ့အခါ
စစ်ပွဲတွေလည်း မရှိ၊ စပါးကျီတွေပြည့်လို့
အတီအတေ ရန်ကြွေးတွေငြိမ်း၊ ရောဂါခပ်သိမ်း ကင်းပ
ဆင်းရဲမှုလည်း မရှိကြ
သမူဟ သီချင်းကို ဆိုကြမယ်တဲ့။

အလိုတော်ရှင်...
သူဖန်ဆင်းလိုက်မှာကို မယုံရဲရဲ
ကောလာဟလတွေနဲ့ပဲ ပျော်နေရတဲ့ကောင်..


ယောဟန်အောင်
ဒီဇင်ဘာ ၂၅၊ ၂၀၁၁။ (ခရစ္စမတ်နေ့)

8 comments:

နောင်တော်လွမ်း said...

အဲဒီ့ အလုပ်မျိုးတွေပဲ လုပ်တာ ကောင်းမြတ်တယ်

Anonymous said...

ကိုယော...

ကျေးဇူး...စောင့်ဖတ်နေတာကြာပြီ

မိသားစုတွေပျော်ရွှင်ကြပါစေ..

ကျော်နိုင်

Ngu Wah said...

ဆရာ...
ကဗျာလေးဖတ်လိုက်ရတာ မဲ့နေတဲ့သူ ထိုင်ငိုမိပါတယ်။
ကျေးဇူးတင်ပါတယ်...။
နှစ်သစ်မှာပျော်ရွှင်ပါစေ။
ငုဝါ

Anonymous said...

facebook မှာ share ခွင့်ပြုပါနော်

မိုးစဲနေ said...

ယုံအောင်ပုံ၍ ယုန်ရုပ်ရေးမပြသော်လဲ ယုံလိုက်ပါ..တော့ ဆရာယော...

Hmoo said...

ကောလဟာလတွေနဲ့မနီးမဝေးမှာ၊
မေတ္တာအတု၊ဘာသာရေးအတ
ုခေါင်းဆောင်အတုနဲ့တိုင်းပြည်အတုကြီးကလဲပြုံးပြုံး
ကြီးဟန်ဆောင်နေလေရဲ့... :)

Hmoo said...

Happy & Great New Year 2 U & family....2012 love u... :)

Thet + Hmoo said...

we love ur poem... :)

Recent Comments