Pages

Saturday, December 31, 2011

ရေနစ်နေတဲ့နတ်








ဘုရင့်ကို မုန်းလို့သာ
ပန်းပဲမောင်တင့်တယ် နတ် ဘုန်းကြီးခဲ့ရ..
တကယ်သာ မောင်တင့်တယ် 'မင်း' ဖြစ်ခဲ့တယ်ဆိုပါစို့။
သူတို့ပဲ ပြန်ဆွဲချကြမှာ...
အဲဒီ ကိုးကွယ်နေတဲ့ လူတွေပဲပေါ့။

ရပ်နိုင်ပေ့... ရပ်နိုင်ပေ့နဲ့
ကြီးခဲ့တဲ့ကောင်လေး
မြှောက်ပေးရင် ကြိုက်တဲ့သူ
ကြီးတော့လည်း သူတို့အကြိုက်တွေချည်း လုပ်ပြပါ
ချီးယားလီဒါတွေနဲ့ပဲ တွေ့ခဲ့ရ။

သူတို့က လက်ဖက်ရည်ဆိုင်မှာ
လေထန်နေတုန်း
ငါက တောင်ကုန်းတွေပေါ်
ခြေထန် ချွေးထန်ခဲ့ရ
မောလွန်းလို့ ခဏနားပါတယ်
ဓါးအိမ်ထဲ ဓါးထည့်မိရုံ ရှိသေး
ထွက်ပြေးတော့မယ့်ကောင်..
အတွေးအခေါ်အရ ခပ်ကြောင်ကြောင်
လက်နက်ချတော့မယ့်မောင် ပြောလို့နေ။

သူတို့က ငွေရှာ အိမ်ပြန်ပို့
သံရုံးကိုဖို့ အခွန်ဆောင်နေချိန်မှာ
ငါတို့ကိုတော့ ပရောဂျက်စား
တိုင်းတပါးမှာ ဇိမ်ကျ
စားခွက်လုနေကြပြီး
ဖောက်ပြန်ဝဖီး နေသတဲ့။

ငါတို့က ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေအတွက်
နတ်တွေ မွေးကြစို့ရဲ့
သူများ ရင်ပတ်တွေငှား ကြစို့ရဲ့
ငကြောက်တွေက လူတချို့ကို သူရဲကောင်းတင်ပြီး ရေထဲကန်ချ
ငါတို့က အနူကုဆရာဝန်ကို နူခိုင်းကြစို့။

"ဒါလေး ပြောလိုက်ပါလားကွာ
ဒီလို လုပ်လိုက်ပါလား၊
ဒီကောင်တွေက လူ့အန္ဓတွေ၊
ဟိုဖက်နဲ့ ဘာမှမထူးဘူး
ငမူး ငရူး
လောက်တွင်း လူးလူးလိမ့်လိမ့်ကောင်တွေ..."

သူတို့က အာသာပြေ 'စစ်' တွေတိုက်တယ်
လေတွေနဲ့ ဒုံးပျံတွေလွှတ်တယ်
ရဲရဲတောက် အီး-မေးလ်တွေရေးတယ်
ဖေ့ဘုတ်ထဲ ဗုံးတွေခွဲတယ်။

အဲသည်လူတွေကပဲ
မပြောမဆို ..
ငါ့သမိုင်းကိုလှောင်ပြောင် ငါ့ဖောင်ကို ဝိုင်းဖျက်လိုက်ကြတယ်။
အဲဒီလိုနဲ့
ရေနစ်နေတဲ့သူဟာ
အဲသည်ရေကိုပဲ 'ဂလု' 'ဂလု' နဲ့ ထပ်သောက်နေရတယ်
အနှစ် ၂၀...။

ယောဟန်အောင်
၈ မေ၊ ၂၀၀၈ ခုနှစ်။

5 comments:

Hmoo said...

မောမှာစိုးလို့ရေချပေးတာ၊..
Happy & Great New Year 2012....
Cheers !

ငြိမ်းဝေ said...

ကိုယော
အခုတလော
ကဗျာတွေ ဟောတပုဒ် ဟောတပုဒ်
လုပ်လှချည့်လား
မဟုတ်မှ လွဲရော
ခင်ဗျား
ထမိန်မှန်းသိပေမယ့်
ချမ်းလွန်းတော့ ခြုံမိတာပေါ့ဆိုတဲ့
ဇော်(ပျဉ်းမနား)ရဲ့စာသား
ဆ ဝါး ကြည့်နေရပြီလား
အားကျတယ်
ကဗျာတွေ တကယ် ရသ ပြည့်တယ်။

ဘုန်းကျော် said...

ကောင်းလိုက်တဲ့ ကဗျာ။ ကျနော့်ကို တည့်တည့်ပြောသလိုပဲ ကိုအောင်သူငြိမ်း။ ဘာသာပြန်တွေပဲ မလုပ်ပဲ ရင်ဘတ်ထဲက စကားလုံးတွေ ခံစားချက်တွေကို ဖွင့်ပြပေးပါအုံးဗျာ။ အကိုကြီး စာဖတ်သူ။

Unknown said...

ဓားတောင်သံချောင်းကိုငတ်တယ် :-)

Unknown said...

ဓားတောင်သံချောင်းကို ငတ်တယ်

Recent Comments