ဒေသနာကို ရှာတယ်
နိပါတ်ထဲက ဇာတ်တော်တွေထဲမှာ ရွာလည်
လွတ်မြောက်လမ်းကို ရှာတယ်
တောရမ်းမယ်ဖွဲ့ ကမ်ပိန်းတွေထဲ သာယာနေတယ်
သစ္စာကို ရှာတယ်
အတ္တခြေရာထဲမှာ ၀ဲဝဲလည်...
ကဗျာရေးပါတယ်ဆိုမှ
စကားလုံး မျက်လှည့်ပွဲထဲ ခြေဆွဲနေသူ..
တိုက်ပွဲတွေ တခုပြီးတခု လိုက်တယ်
စစ်ပွဲကြီး သိုက်မြေပုံကတော့ ကျပျောက်နေခဲ့ပြီ။
ဘ၀ကို စက္ကူဖြူတရွက်မှာ ရေးသလို
ပြန်စချင်တာပေါ့
ဒါပေမယ့် ရှိနေတာက ဖျက်ရာခြစ်ရာတွေရယ်..
အိပ်မက်နဲ့ ရည်မှန်းချက်
ချစ်လျက်နဲ့ လေပြင်းထဲ တောတောင်ခြား
ကွဲခဲ့တဲ့ ကျေးနှစ်ကောင်လေလား။
ယောဟန်အောင်
သြဂုတ် ၂၃၊ ၂၀၁၀။
3 comments:
မပူနဲ့မုန်တိုင်းဆိုတာတခါထဲမဟုတ်ပါဘူး၊မုန်တိုင်းကို
ဘဲပြန်စောင့်ပြီးအားကိုးကြမယ်လေ၊....
နောက်တခါဆို...ပြန်ဆုံတာဖြစ်ဖြစ်၊ဒါမှမဟုတ်အဲဒီကျေးနှစ်ကောင်နေရာလဲတာဖြစ်ဖြစ်ပေါ့ :) :)
ကဖျာက.....ရင်ကိုပြစ်တယ်ဆရာယောရေ၊
တနှစ်တခါကဖျာကောင်းတွေဖတ်ရလို့၊
အစိမ်းရောင်မပေးသူတွေကိုဘဲကျေးဇူးတင်ရမလား? :)
:) :)
လမ်းလို့ ဆိုလိုက်ရင် ကျနော်ကတော့ Robert Frost ရဲ့ The Road Not Taken ကိုပဲ သတိရနေတော့တာပဲ။ လမ်းဆုံတခုခုမှာတော့ ရွေးစရာတွေက ပေါ်လာရင် မလွဲမသွေ တချို့လမ်းတွေကို ထားခဲ့ရတာ။ တခါတခါကျတော့ ကိုယ်တကယ်လျှောက်ချင်တဲ့ လမ်းနဲ့ ဝေးသထက်ဝေးလာပြီး ပြန်သွားလို့မရ ဖြစ်တတ်တာပါပဲ။ ရွေးချယ်မှုတွေရော တွန်းပို့လိုက်တာတွေရောပေါ့။
ကောင်းလိုက်တာ အကို။ နိဂုံးလည်း အရမ်းကြိုက်တယ်။
Post a Comment