Pages

Thursday, November 12, 2009

ဘာလင်တံတိုင်း

ဘာလင်တံတိုင်း
သမိုင်းဖြစ်ခဲ့ပြီတဲ့လား ..
ငါတို့တွေ စိတ်က
ကိုယ့်ဘာသာ မဟာတံတိုင်းနဲ့
ပိုင်းခြားကာရံထားဆဲပေါ့။

လွတ်လပ်မှုရဲ့ တံခါးဝ
သူတို့ ဖြိုချ ဖွင့်လှစ်ခဲ့ကြပြီလား
ငါတို့ကတော့
နားတွေစွင့်
ကိုယ့်ကိုယ်ကို သော့ဖွင့်ဖို့ လိုနေသေးတယ်
ကိုယ့်ကိုယ်ကို မေးခွန်းတွေ ထုတ်ဆင့်ဖို့ လိုပါသေးရဲ့။

ယောဟန်အောင်

နို ၁၂၊ ၂၀၀၉။

2 comments:

Anonymous said...

Man Is A Tool. History Is A Fool. ဆိုတာ Pink Floyd ရဲ့ စာသားတခုထဲကပါ။ တခါတရံမှာ ရာဇ၀င်ဟာ တောက်ထုပ် လွှင့်ပစ်လိုက်ဖို့ ကောင်းတဲ့ စီးကရက်တိုလိုပါပဲ၊ မီးလောင်ပြာကျအငွေ့ ပျံသွားတဲ့ လူ့ အဓိပ္ပါယ်ကို ဘယ်စကြ၀ဠာနံရံမှာ သွားပြန်ဖမ်းမလဲ။

Hmoo said...

Cool....Sa Ya Yaw

Recent Comments