ရေခဲတုံးတွေက အရည်ပျော်နေပြီဆို
အမုန်းနှင်းခဲတွေက မပျော်သေးဘူးလား...
ဝေါစထရိက အရည်ပျော်နေပြီဆို
ရမက်လောဘတွေက မတော်ကြသေးဘူးလား...
ဗြဟ္မာကြီး ဦးခေါင်းလက်လွှဲပြောင်းမယ်ဆို
မနက်ဖြန်က ကောင်းကောင်း လင်းတော့မှာလား...
ဒါလီရဲ့ နာရီက ပျော်ကျနေတယ်
နိုင်ငံရေးကို လူတွေက ရိုမင်းတစ်ဆန်ဆန် တွေးတုန်းလား ...
ယောဟန်အောင်
အတွေးခေါင်နေတယ်
ရေခဲတုံးကို လက်ဖျားနဲ့ထောက်
ခွက်နံရံတလျောက်မှာ ၀ဲဝှေ့နေရင်း
သင်္ကြန် အပျင်းကြောရှည်ရှည်မှာ...
ဝိရောဓိတွေ သူအဖြေရှာနေချိန်။
၁၃ ဧပြီ ၂၀၀၉။
3 comments:
ဆရာယောခင်ဗျား...
အမုန်းဟာ အရည်ပျော်လွယ်မယ့် နှင်းခဲမဟုတ်ဘူး
နှစ်ကာလရဲ့ အမြုတေ ကျောက်ဆောင်ပါ။
ဝေါစထရိကလည်း ဖြစ်ပျက်
ရမ္မက်လောဘတွေကလည်း ဖြစ်ပျက်
ဗြဟ္မာကြီးဦးခေါင်းကတော့ လက်လွှဲပြောင်းလို့မရ
ထိုက်တန်သူတွေအတွက်သာ ဆုလာဘ်ပါ။
မနက်ခင်းတိုင်း လင်းပါတယ်
မလင်းနိုင်တာက လူတဦးချင်းရဲ့အတ္တပါ။
ဒါလီရဲ့နာရီက ကင်းဘတ်စပေါ်မှာ အရည်ပျော်မယ်..
ရိုမင်းတစ်ပဲ ဆန်ဆန် အနုပညာပဲမဲ့မဲ့
ဘ၀တွေကို အရည်ဖျော်နေတဲ့ ၀ဲသြဂထဲမှာ
နိုင်ငံရေးသမားအတွက် တတိယ ထိုင်ခုံမရှိပါ။
ဆရာယောရေ သိပ်လည်း ပျင်းပျင်းနဲ့ ရေခဲတုန်းထဲ လက်ထည့်မွှေမနေစေချင်ဘူး။
တော်ကြာ ကဗျာရေးတဲ့လက်တွေ သွေးလှည့်ပတ်မှု ရပ်လို့ လက်ရေခဲချောင်းကလေးတွေ ဖြစ်ကုန်ပါဦးမယ်...
ခင်တဲ့ ...
အရည်ပျော်တာပဲဗျာ... ပျော်ချိန်တန် ပျော်လာမှာပေါ့...း)
နိုင်ငံရေးကို လူတွေက ရိုမင်းတစ်ဆန်ဆန် တွေးတုန်းလား ...
ယောဟန်အောင်
အတွေးခေါင်နေတယ်
ရေခဲတုံးကို လက်ဖျားနဲ့ထောက်
ခွက်နံရံတလျောက်မှာ ၀ဲဝှေ့နေရင်း
သင်္ကြန် အပျင်းကြောရှည်ရှည်မှာ...
ဝိရောဓိတွေ သူအဖြေရှာနေချိန်။
ကောင်းလိုက်တဲ့ အတွေးကဗျာ
အနုပညာရသ မြောက်ပါ့ပေ့
Post a Comment