Pages

Thursday, February 12, 2009

မိမိကိုယ်ကို တန်ဖိုးချနေသူများအတွက် အားပေးစကား

သားရဲလင်းယုန်တွေက သူတို့မှာ အမှားမရှိပါဘူးတဲ့။
ကျားသစ်နက်တွေအတွက်ကလည်း လွဲမှားခြင်းဆိုတာ သူစိမ်းပြင်ပြင်ကိစ္စဖြစ်တယ်။
(Piranhas) သားစားငါးတွေက သူတို့လုပ်ရပ် မှန်-မှားဆိုတာ သံသယရှိမနေကြပါဘူး။
မြီးခြောက်မြွေတွေကတော့ ချွင်းချက်မရှိ သူတို့အစွမ်းကိုပြ အတည်ပြုကြတယ်။

မိမိကိုယ်ကို ဝေဖန်ရေးလုပ်နေတဲ့ မြေခွေးဆိုတာ မရှိနိုင်ပေဘူး။
နှံကောင်၊ မိကျောင်း၊ သံကောင်၊ ယင်မမဲတွေကလည်း
သူတို့ဘ၀မှာ သူတို့နေတယ်။ သူတို့ဘ၀မှာ သူတို့ပျော်တယ်။

သားစားငါးမန်းတွေရဲ့ နှလုံးသားက ကီလို ၁၀၀ ကျော်လေးရဲ့
ဒါပေမယ့် တချို့လူက သေးပေါ့တယ်ထင်။

နေစကြာရဲ့ တတိယမြောက်ဂြိုဟ်ကမ္ဘာမှာ နေကြတဲ့
ရှင်းပြတ်သားတဲ့ အသိဉာဏ်လောက်
ဘယ်အရာကမှ တိရိစ္ဆာန်မဆန်ကြပေဘူး။ ။

ပိုလန်ကဗျာဆရာ Wislawa Szymborska (မွေး ဇူလိုင် ၂၊ ၁၉၂၃ - )
ရဲ့ The Praise of self-depreciation ကို ပြန်ဆိုသည်။

6 comments:

MANORHARY said...

နေစကြာရဲ့ တတိယမြောက်ဂြိုဟ်ကမ္ဘာမှာ နေကြတဲ့
ရှင်းပြတ်သားတဲ့ အသိဉာဏ်လောက်
ဘယ်အရာကမှ တိရိစ္ဆာန်မဆန်ကြပေဘူး။ ။..
တဲ့လား....
...............
ကောင်းလိုက်တာ..

ဆောင်းယွန်းလ said...

သားစားငါးမန်းတွေရဲ့ နှလုံးသားက ကီလို ၁၀၀ ကျော်လေးရဲ့
ဒါပေမယ့် တချို့လူက သေးပေါ့တယ်ထင်။

နေစကြာရဲ့ တတိယမြောက်ဂြိုဟ်ကမ္ဘာမှာ နေကြတဲ့
ရှင်းပြတ်သားတဲ့ အသိဉာဏ်လောက်
ဘယ်အရာကမှ တိရိစ္ဆာန်မဆန်ကြပေဘူး။ ။
သေသေချာချာဖတ်သွားပါတယ် ဆြာယောရေ..
ကောင်းမှ ကောင်း...

kay said...

တွေးစရာပဲ..တိရိစ္ဆန်ထက် ဆိုးတဲ့..တတိယ ဂြိုဟ်သားတွေ လည်း ရှိတတ်သလားလို့..

ATN said...

ဘာသာပြန်ဆိုတော့ .......

Anonymous said...

လူတွေ အများစု က တော့ ကိုယ့်အတွေးနဲ့ ကိုယ်
ဟုတ်နေကြတာချည်း ပါပဲ..
ပြီးတော့..ကိုယ်လုပ်တာ အမှန်လို့ ထင်တတ်ကြတယ်..
အမှားကို ၀န်ခံ ရဲသူတွေ ရှိပေမဲ့..
နည်းနေတာ တော့..အမှန်...

မမသီရိ

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ။

Recent Comments