Pages

Sunday, October 12, 2008

တောက်မယ့်မီးခဲ တရဲရဲ

ကျနော်က ကိုယ့်ကိုယ်ကို ဓါတ်ပုံရိုက် သိပ်မဆိုးဖူးလို့ ထင်သား။ ဒါနဲ့ မိတ်ဆွေတေကို ဓါတ်ပုံတွေပြပြကြွားပြီး "ကြည့်လေ.. တောက်မယ့် မီးခဲ တရဲရဲ" လို့ ကြွားရတယ်။ ဒါပေမယ့် သူတို့က အားပေးကြပါတယ်။ ဒီအသက်ဒီအရွယ်တောင် မတောက် သေးဖူးဆိုတော့ တောက်တော့မှာ မဟုတ်ပါဘူးတဲ့။ တချို့ကလည်း ပုံ တသောင်းရိုက်တာ တပုံတလေတော့ ကောင်းမှာပေါ့ တဲ့။ အားပေးပုံ ပြောပါတယ်။ ဒါပေမယ့် ကျနော်ရိုက်ထားတဲ့ပုံကလေး တချို့ကို ဝေငှလိုက်ပါတယ်။ ကိုယ်ကတော့ ထူးခြား တယ် ထင်တာပေါ့လေ။

ဘုန်းကြီးများ

ဒီပုံရိုက်တော့ ကင်မရာက လှုပ်သွားလို့ ဒီပုံမျိုး ထွက်လာတယ်။ နည်းနည်းတော့ effect ပြင်ထားတယ်။



ထီးများ




ထိုင်းနိုင်ငံ ချာအမ်း (Cha-Am) ကမ်းခြေမှာ ရိုက်ထားတာ။ ပင်လယ်ကမ်းခြေ အပန်းဖြေတဲ့ နေရာမှာ စီထားတဲ့ ထီးတွေကို ကြည့်ရတာ ကဗျာဆန်လာတာနဲ့ ရိုက်ထားပါတယ်။



အိမ်ကြိုအိမ်ကြား

ဒီပုံကတော့ ဘန်ကောက်မှာ တည်းခိုခန်းတခုကနေ မြင်ရတဲ့ထောင့်ချိုးတွေ၊ အထပ်တွေ၊ ရေပိုက်တွေကို ရိုက်ထားတာပါ။ effect နည်းနည်း ပြင်ထားပါတယ်။





မြက်ရေ
မျက်ရည် မဟုတ်ပါဘူး။ မြက်ဖျားကလေးပေါ်မှာ နံနက်အေးအေးသီးနေတဲ့ မြက်ရေတွေကို တွေ့တော့ ရိုက်ထားမိတယ်။


မြို့ကလေး

သည်မြို့က ထိုင်းနိုင်ငံက သုမ်ဖာဖုံလို့ခေါ်တဲ့ မြို့ကလေးပါ။ သည်ဓါတ်ပုံကို ကျနော်သဘောကျတာက တပုံထဲမှာ အကုန်ပါ သလိုဖြစ်နေတယ်။ ဆိုင်းပုတ်တွေ၊ ဈေး၊ ရဲကား၊ ဘုရား၊ တောင်၊ လမ်း... စသဖြင့်ပေါ့။


မြို့ကြီး

သည်ပုံက ချင်းမိုင်မြို့မှာ ရိုက်ထားတယ်။ မြို့ကြီးကို တည်နေတုန်း၊ တိုးတက်မှုလို့ ပြောရင်ရသလို၊ ကားကြော်ငြာပုံက မိုးပေါ်ပျံ လို့။ ကြည့်လိုက်ရင် သာယာတဲ့ တောင်နောက်ခံမှာတောင် ဆောက်လက်စ သံတိုင်တွေက အရိုးပြိုင်းပြိုင်း။ သည်လိုနဲ့လည်း သည်ပုံကို ကျနော် သဘောကျမိတယ်။


ရှိသေးတာပေါ့။ ကျန်တဲ့ပုံတွေလေ.. တောက်မဲ့မီးခဲ တရဲရဲဟာကို..။

ယောဟန်အောင်

9 comments:

Moe Cho Thinn said...

ကြည့်သေးတာပေါ့..တကယ်တောက် မတောက်ဆိုတာ။
ခုပုံတွေကတော့ မတောက်တတောက်ပဲ :))

pandora said...

မဆိုးပါဘူး။ ကျနော့်ပုံတွေနီးပါး ကောင်းရှာပါတယ်။ (ဒါကလည်း အားပေးနည်း တမျိုးပေါ့)

Anonymous said...

မီးတောက်မတောက်တော့ မသိဘူး ကျနော် ချင်းမိုင်မှာ ရှိတုန်းက အဲလိုပုံတွေ ဓါတ်ပုံ မရိုက်လိုက်ခဲ့ရဘူး ။ တောက်----

အောင်သာငယ်

ကလူသစ် said...

အင်း........သူငယ်ချင်းတွေပြောတာလဲ မမှားပါဘူး။ :)

Kaung Kin Ko said...

ဓာတ်ပုံတွေ ခံစားသွားတယ်ဗျ။ ပန်းချီဆန်တဲ့ ပထမဆုံး ငါးပုံကို အရမ်းကြိုက်တယ်။

Nyein Chan Aung said...

ပုံတွေကို ကြိုက်တယ်ဗျာ... အားလုံးပဲ...

Yaw Han Aung said...

လာအားပေးသူတွေအားလုံး ကျေးဇူးတင်ပါတယ်။
တချို့ကလည်း အားပေးပါသေးတယ်။
ကျနော်တို့ ငယ်ငယ်က နာမည်ကြီးဓါတ်ပုံ ဆရာ "ခွာနီး" ဆိုတာ ရှိပါတယ်။
သူက ပြောတယ်... ခင်ဗျားက အသက်နည်းနည်း ကြီးပြီဆိုတော့ ခွာနီးတော့ မဖြစ်နိုင်။ "ခွာကြီး"တော့ ဖြစ်နိုင်ရဲ့တဲ့။ ကောင်းရော။

Moe Cho Thinn said...

ခွာနီး လောက် နီးနီး ကောင်းတဲ့ ကိုခွာကြီးရေ.. ထပ်လာကြည့်သွားပါတယ်။ အားရင်တော့ အသစ်လေး လုပ်ပါဗျာ..မျှော်နေပါတယ်။

မေငြိမ်း said...

တောက်ပါတယ်ဗျာ..တကယ်ပါ (သူငယ်ချင်းချင်း ဒီလောက်တော့ ပြောရမှာပေါ့ :P)

Recent Comments