ဘလော့ဂို ပိုးဝက်
ယောဟန်အောင်
၁။
ဂူတင်ဘတ် စာပုံနှိပ်စက်ထွင်ပြီးကတည်းက၊ ဘလော့ဟာ အသစ်ဆန်းဆုံးနောက်ထပ် ရှာဖွေတွေ့ရှိမှု ဖြစ်ပါလိမ့်မယ်။
အကြောင်းကတော့ ဘလော့တွေက၊ တနေ့တခြား ပို ပို တိုးပွားလာနေပြီး၊ ဒီမီဒီယံကလည်း လူတွေအချင်း ချင်းကြားထဲမှာ အကောင်းဆုံးဆက်သွယ်ရေးနည်းနာ တစ်ခုဖြစ်လာလို့ပါပဲ။ တနေရာမှာ ဖတ်ရပါတယ်။ တက္ကနို ခရက်တီဆိုတဲ့ ဘလော့တွေကို ဆက်သွယ်မှတ်တမ်းပြု၊ ရှာစက်လုပ်ပေးနေတဲ့ နေရာက မှတ်တမ်းတွေအရ၊ ဒီနေ့ ဘလော့ဂါ သန်းပေါင်း (၆၀) ကျော် ရှိနေပြီ ပြောပါတယ်။ စက္ကန့်နဲ့အမျှ ဘလော့ဂါ တွေက တိုးပွားလာနေပါတယ်။ တစ်လကို ဘလော့ (၁၇၅,၀၀၀) ကျော်တိုးနေတယ်လို့ ဆိုပါတယ်။ စက်မှု နည်းပညာလေ့လာသုံးသပ်နေသူ ဂါ့တ်နာ (Gartner) ရဲ့ ခန့်မှန်းဖော်ပြချက်အရ၊ နောက်လာမယ့်နှစ် (၂၀၀၇) မှာ ဘလော့ရေးကြမယ့် သူတွေဟာ အများဆုံးအနေအထားအထိ၊ (peak of blogging phenomena) ဖြစ် လာမယ်လို့ သူက (ဘီဘီစီ) သတင်း ဌာနမှာ ပြောခဲ့ပါသေးတယ်။ သူခန့်မှန်းတာက၊ ဘလော့အရေအတွက် ဟာ နောင်နှစ်၊ နှစ်လယ်ပိုင်းလောက်မှာ သန်း (၁၀၀) လောက် ရှိလာမယ်ဆိုပါတယ်။ ဒါပေမယ့်လည်း၊ မရေးတော့လို့ သေသွားတဲ့ ဘလော့တွေလည်း၊ သန်း (၂၀၀) လောက်ရှိတယ် ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က နဲနဲကြိုပြီးခေတ်မီနေတယ်လို့တော့ ပြောနိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့ကဗျာတွေကို ဘလော့တင်နေပြီကိုး။
(၂)
တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ကဗျာစာအုပ်ထုတ်တာ အမှတ်ရသေးတယ်။ ကျနော်တို့ သူငယ်ချင်း တသိုက်ပေါင်းပြီး၊ “မိုးဦးရွက်နု” ဆိုပြီး၊ ကဗျာထုတ်ကြတယ်။ အဲသည်တုန်းက ဆေးတက္ကသိုလ် (၂) သူငယ် ချင်းတွေ၊ ပေါင်းပြီးထုတ်ကြတယ်။ မကြောက်မရွံ့ စာအုပ်ကို ဂတ်စ်တာနာလှိမ့်ဖို့ (၃၆) လမ်းတစ်လျှောက်၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်မေးကြ။ နောက်ဆုံး အဆင်ပြေတဲ့ ဆိုင်တစ်ဆိုင်က ခိုးလှိမ့်ပေးတယ်။ အဲသည်တုန်းက (၁၉၈၀) နှောင်းပိုင်းကာလတွေ။ ပြီးတော့ တင်ရောင်းတော့ ဆေးတက္ကသိုလ် (၂) ကင်တဲန်း က၊ လေတပ်ထောက်လှမ်းရေးက ဖွင့်ထားတဲ့ဆိုင်မှာ။ ၀ယ်တဲ့သူတော့ မရှိပါဘူး။ နောက်တော့ သူငယ်ချင်း တွေကို အတင်းအကျပ်ရောင်းကြတယ်။
အခုလို ဘလော့တွေ ပေါ်လာတော့၊ ဒီလိုလုပ်စရာ ဘယ်လိုတော့မလဲနော့။ ကိုယ့်ဘာသာ ဘလော့ဖွင့်၊ ရေးရုံပါပဲ။
(၃)
ဆရာကိုကျော်ဝင်းကတော့၊ ဆောင်းပါးတစ်ပုဒ် (ဘလော့၊ ဘလော့ဂါ၊ ဘလော့ဂင်း) မှာ ရေးထားဖူးပါတယ်။ မိုးပေါ်မှာ စာရေးသူတဲ့။ နောက်ပိုင်းမှာ အင်တာနက်ဂျာနယ်လစ်လို့လဲ ခေါ်ကြတယ် ပြောပါတယ်။ တနည်း အားဖြင့်၊ ကီးဘုတ်၊ ဆဲလ်ဖုန်းကို နှိပ်ပြီး စာစီဖော်ပြနေသူတွေပေါ့။ ဒီဆောင်းပါးကို မြန်မာအိုင်အက်စ်ပီ အင်တာနက်စာမျက်နှာမှာလည်း အကျယ်ဖတ်လို့ရပါတယ်။
ဘလော့က စတုန်းက အင်တာနက်ဒိုင်ယာရီ သဘောပါ။ ကွန်ပြူတာ ကျွမ်းကျင်ကြသူအချင်းချင်း၊ ကုဒ်တွေနဲ့ သတင်း၊ ပညာဖလှယ်ကြတဲ့ လုပ်ငန်းပါ။ နောက်တော့ နည်းပညာက လူအများသုံးရအောင် ပိုလွယ်လာတယ်။ ချိတ်ဆက်မှုက ပိုကောင်းလာတယ်။ ဘလော့တွေကို ရှာနိုင်တဲ့ တက္ကနိုခရက်တီလိုမျိုး ဆိုဒ်တွေလည်း ပေါ်လာ တယ်။ ပိုလို့တိုးတက်လာတာက၊ လူတွေရဲ့ ခံစားမှု၊ ရသ၊ ဘ၀တွေနဲ့ ပိုဆက်စပ်လာတာပါပဲ။ အရင်လို လူမသိ၊ နားမလည်နိုင်တဲ့ ကွန်ပြူတာကုဒ်ဒင်းတွေချည်း မဟုတ်တော့ဘူး။ သရုပ်ဖော်ပုံတွေ၊ ကဗျာတွေ၊ စာတိုတွေ၊ သတင်းဦး-သတင်းထူးတွေ၊ ကွဲလွဲတဲ့ အမြင်တွေ ဖြစ်လာတယ်။ ဒိုင်ကြောင်တွေလည်း ပါတာပေါ့ဗျာ။ အခုတော့ သူက ပိုလွတ်လပ်၊ ပို ပုဂ္ဂလိက သဘောဆောင်တော့၊ ပင်မ သတင်းစာနယ်ဇင်း မီဒီယာ (mainstream media) တွေကတောင် သူ့နောက်ကို လိုက်နေကြရပါပြီ။
ဆက်ရေးပါဦးမယ်။
3 comments:
Hi Ko Yaw Han Aung,
Can you do me a favor? I want to read the Kyaw Win article about the blogs. I have been looking for it in myanmarisp now. If possible, I would like you to describe the exact link to his article. He is my favorite writer.
Thanks..
Thank you for your link, brother. I have just found it..
Post a Comment