Pages

Sunday, March 4, 2007

An Inconvenient Truth

မကြာသေးခင်က ယခင်သမတလောင်းအဖြစ်ဝင်ပြိုင်ဖူးခဲ့တဲ့ အယ်လ်ဂိုး ရုပ်ရှင်ကားလေးတစ်ခုထွက်တယ်။
An Inconvenient Truth တဲ့။ သက်တောင့်သက်သာမဖြစ်စေနိုင်တဲ့ အမှန်တရားလို့ ဘာသာပြန်လို့ရမှာပေါ့။

ဒီမှတ်တမ်းကားလေးက အော်စကာရသွားခဲ့တယ်။ တကယ်တော့ ဒီရုပ်ရှင်လေးက အယ်လ်ဂိုးဟောကြားထားတဲ့ လက်ချာပါပဲ။ သူက ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်း ပြောထားတာ။ ကျနော်တို့ ဒီအတိုင်းလောင်စာတွေဆက် သုံး၊ ကာဘွန်တွေဆက်ထုတ်နေကြရင် ဒုက္ခပဲ။ နောက် သက္ကရာဇ် (၂၀၅၀) လောက်မှာ အတော်ကြီးဆိုးရွားသွား နိုင်တဲ့ အခြေအနေရှိတယ်။ သူ့ရုပ်ရှင်လေးကို ကြည့်ဖို့တော့ တိုက်တွန်းပါရစေ။ သူရဲ့ ရုပ်ရှင်ကားလေးအကြောင်း ကို ဒီ အင်တာနက်စာမျက်နှာတွေမှာ ဖတ်လို့ ရပါတယ်။

Climate Crisis








No comments:

Recent Comments