Pages

Friday, March 2, 2007

င၀န်ချောင်းဖျားမှာ ကပ်ကြီးဘေးကြီး ဆိုက်တဲ့ခါ

င၀န်ချောင်းဖျားမှာ
ကပ်ကြီး ဘေးကြီးဆိုက်တဲ့ခါ


တို့မိတို့ဖများ ပြောသံကြားရ
ကပ်ကြီးဘေးကြီးဆိုက်ခဲ့ရ
မိုက်တဲ့ညတွေ ကြုံတဲ့ခါ။

င၀န်ချောင်းဖျားမှာ
ကပ်ကြီးဘေးကြီးဆိုက်တဲ့ခါ။
အရပ်လေးမျက်နှာ
မှုန်မှိုင်းပြာရီ
မုန်တိုင်းရာသီလို
အမိတွေငို
ကလေးတွေငို
တို့အစ်ကို တို့အဖတွေသတ်ခံရ
စစ်ဆင်ရေးတဲ့ ကြမ်းတဲ့ည
ကမ်းရိုးတန်းလုံး မီးလောင်ဖို။

လုံးချေပြီး ပစ်ခံရတဲ့စက္ကူစုတ်များလို
ရွာတွေလဲ ပွစာကြဲ
သိက္ခာတကွဲ၊ လူတကွဲ
ကောက်ပင်တွေလဲ၊ ပိုက်တွေပြဲ
စစ်မုန်တိုင်းကြီး သည်းလေရာ
စစ်ဖိနပ်ရာ ခြေရာတွေလည်း
အနှံ့အပြား၊ များစားမား။

တ၀ပင်ပန်းတယ်။
လမ်းမယူတဲ့နေ့၊ လမ်းမရှိတဲ့ညတွေ၊
မကြုံဖူးရ
အိုဖြူတို့ရွာ ပြာကျသွားတယ်
နောင်မဲတို့ရွာ
ဘာမကျန်ရ၊
လုယက်သယ်ဆောင်ကြလေပြီး။

ချောင်းဖျားမှာ မိသားတစ်စုကို တွေ့တယ်။
ငါက ဘယ်သွားမှာလဲလို့ မေးတဲ့အခါ
ဘယ်မှာ အခြေချရပါလိမ့်တဲ့။
ဖောင်တစ်စီးနဲ့ ဆက်မျောသွားရဲ့။
ကြွေခဲ့တဲ့ သစ်ရွက်များလို။

သူတို့ကို
ထမင်းစားပြီးပြီလားလို့
ငါ မမေးလိုရလေ။
ဖောင်ပေါ်မှာတူးလာတဲ့ ကြွေဥပိန်းဥ ဒေငယ်
သားဂန်းကို အမိရိုက်တယ်။
ဗိုက်ဆာတဲ့ ငိုသံကြောင့်
တောထောင့်တိုင်းမှာ ပဲ့တင်ပြန်။ ။

ယောဟန်အောင်
၁၉၉၇ ကမ်းရိုးတန်းတိုင်းစစ်ဆင်ရေးအတွင်း တနင်္သာရီမြို့နယ်မှ ဖျက်ဆီးပြောင်းရွှေ့ခံရသော ရွာသားများသို့ ....

No comments:

Recent Comments