Pages

Sunday, February 18, 2007

ခွဲခွါချိန်

ခွဲခွါချိန်

ငါထွက်ခွါလာတော့
သူမဟာ
ငါ့ကျောပြင်ကို ကြည့်နေမှာဆိုတာ သိနေခဲ့
ငါ ပြန်လှည့်ကြည့်လိုက်တော့
သူမဟာ
ကောင်းကင်ကို မော့ကြည့်လိုက်ရဲ့။

သူ့ကို ကွယ်ထားတဲ့
ခန်းဆီးဆွဲလွဲတွေက
ဆည်းလည်းသံ မြည်လို့နေ။

ညရဲ့ကြယ်တွေ
စုံညီနေပေမယ့်
ကြယ်တစ်လုံးတော့ လျော့နေရဲ့။
ဒီတစ်ညတော့
မူးမှာပဲကွဲ့
ပိုင်သူဦးတဲ့ ပန်းလေးရေ။

နောက်ဆံတင်းသူတို့
ခြေလှမ်းပြင်းပြင်းနဲ့ ထွက်တယ်၊
သက်ပြင်းချခြင်းအတတ်
ရှေးကဇာတ်လိုက်တွေလို
ငါရှာဖွေ တွေ့ရှိသွားလေရဲ့။

ယောဟန်အောင်
၁၉၉၆ မတ် ၁၆။
..

No comments:

Recent Comments