Pages

Sunday, February 18, 2007

ပက်လက်လန်တဲ့ နေ့တွေ

ပက်လက်လန်တဲ့နေ့တွေ

ငါ့စိတ်ကူးထဲမှာ
ဘုရားခဏခဏ ပွင့်ရဲ့၊
ဒီလူတွေကို သူပဲကယ်နိုင်တော့မှာကိုး။

ငါ့စိတ်ကူးထဲမှာ
မိုးကြိုးခဏခဏထစ်ရဲ့
အပြစ်သားတွေလည်း တရားရအောင်ပေါ့။

ငါ့စိတ်ကူးထဲမှာ
ထီခဏခဏပေါက်ရဲ့
လိုအပ်တာတွေကလည်း များတယ်မဟုတ်လား။

ငါ့စိတ်ကူးထဲမှာ
ပြဒါးခဏခဏသေရဲ့
နိုင်ငံထောင်ဖို့ ဆိုတာကလည်း
ဒီလိုမှ ဖြစ်တော့မှာကိုး။

ငါ့စိတ်ကူးထဲမှာ
တော်လှန်ရေးခဏခဏ အောင်ရဲ့
ဒေါ်အောင်ဆန်းစုကြည်လည်း သနားပါတယ်၊
ဒို့လူထုလည်း သနားပါတယ်၊
အမေရိကန်တပ်ကြီးပဲ ကျူးကျော်လိုက်ပါတော့။

ယောဟန်အောင်
နို ၁၈၊ ၂၀၀၃။

ဒီကဗျာကို ဖတ်ရတဲ့မိတ်ဆွေတယောက်ကတော့ ပြောတယ်၊ ကျနော် တော်တော်စိတ်ဓါတ်ကျနေပုံရတယ် ပြောတယ်၊ ဟုတ်သလားတော့ မသိဘူး။
အချို့ကတော့ အမေရိကန်တပ်ကြီးကျူးကျော်အောင်ဖိတ်လို့ နိုင်ငံရေးနဲလိုက်လေလို့ ပြောသံကြားရသေးတယ်။
တကယ်တော့ ဘုရားဆိုတာ ခဏခဏဘယ်မှာပွင့်လို့တုန်း။ ဖြစ်နိုင်ခဲသားလား။ ...

No comments:

Recent Comments