Sunday, February 18, 2007
ဘိုဆာခီးတောင်
ဘိုဆာခီးတောင်
ငါဖြတ်ကျော်လေတဲ့
တောင်တွေစဉ်ကြည့်ပြီး
နည်းနည်းဘ၀င်မြင့်လာတယ်။
ကြည့်စမ်း။
ငါ့အောက်ခြေမှာ
တွန့်ခေါက်နာကျင်နေတဲ့
နဂါးစိမ်းကြီးလေ
အမြီးတွေဝှက်လို့။
ကြည့်စမ်း၊
တိမ်ဆိုင်တွေကိုလည်း
ငါဆုပ်ကိုင်နိုင်တယ်။
ကြည့်စမ်း၊
လေတွေဖြတ်ပြေး
ငါ့ကို သြဘာပေးလို့၊
ငါအဝေးဆုံးကို မြင်နိုင်ပြီလေ။
သေနတ်လွယ်ထားတဲ့
သူပုန်လူငယ်ကလေးဟာ
အောင်ပွဲတေးကို အားလုံးကြားအောင်
ဟစ်ကြွေးနိုင်ပြီလေ။
ငါဖြတ်ခဲ့ရာမှာ
ရာသီပြောင်းလဲ
သစ်ပင်ပြောင်းလဲ
လူတွေပြောင်းလဲ
သူတို့က ငါ့ကို သင်ကြားပြောင်းလဲ
နက်နဲတဲ့ တောအကြောင်းလည်း
နည်းနည်း သဘောပေါက်လာပေါ့။
တောရဲ့တရား
ရှင်သန်ခြင်းခရီးသွားတွေ
တိုက်ပွဲရှည်မှာ
ကိုယ့်ကိုကိုယ် ကာကွယ်နည်းနဲ့
ကြီးထွားခြင်းကို
ဘိုဆာခီးက သင်ခဲ့တယ်။
ယောဟန်အောင်
ဒေါင်းအိုးဝေ၊ အတွဲ (၃)၊ အမှတ် (၃)၊ ၁၉၉၂ ဇွန်-ဇူလိုင်
ဘိုဆာခီးတောင်ဆိုတာက၊ ကေအဲန်ယူ တပ်မဟာ (၂) နဲ့ (၃) ကြား၊ တောင်ငူ-သံတောင်ဖက်က တောင်ကျောပါ။ အတော်မြင့်တယ်။ လျှာထွက်ရတယ်။ ကဗျာရေးတုန်းက ကျနော်ကငယ်တယ်။ တော်လှန်ရေးအဆိပ်တက်နေတုန်း၊ တက်ကြွကောင်းနေတုန်းပဲ။ လူငယ် ဆိုတာ ဒီလိုပါပဲ။ ဒီလိုနဲ့ ဒီကဗျာရေးဖြစ်တယ်။
...
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
1 comment:
Good post.
Post a Comment