Pages

Wednesday, August 9, 2017

မင်းကြောင့်

မင်းက ငါ့ရဲ့သင်္ကေတစာလို 
ဖတ်ရ လွန်ခက်ခဲ။
မစ္စတာ ဝက်ဘ်စတာ (Mr. Webster) ကိုတောင် ကျေးဇူးမတင်နိုင်တော့ဘူး
မင်းကို အတိအကျ ဖော်ပြနိုင်တဲ့စကားလုံး ရှာမတွေ့လို့။

တခါတလေ မင်းက 'အိုကေ'
တခါတလေ မဟုတ်ချေဘူး
ရင်းနှီးဖော်ရွေ အချိန်တွေရှိ
ဒါပေမယ့် ကိန်းကြီးခန်းကြီးအချိန်များလည်းရှိ။

မင်းလုပ်နေတာကို ဘာကြောင့်လုပ်နေမှန်း ငါက နားမလည်နိုင်
ဒါကြောင့်မို့ မင်းကိုချစ်မိနေတာလည်း ဖြစ်နိုင်။
မင်းလုပ်သမျှအရာအားလုံးကို ငါက စပ်စုချင်
မင်းက ငါ့ကိုတွေးခေါ်စေ၊ ဟုတ်တယ်၊ ဒါကို မင်းလုပ်နေတာပ။

မင်းကို ငါက လုံးဝ အာရုံကျနေရ
ဒါပေမယ့် မင်းက မတုံ့ပြန်တာ ဝမ်းနည်းပ
မင်းကိုနေ့စဉ် ကြည့်နေရုံကလွဲလို့ မတတ်နိုင်
ငါ အဲသလို စိတ်ခံစားနေရတာကိုက မင်းရဲ့ အမှားပဲပေါ့။


Jheigh Sunga (ဂျီး ဆန်ဂါ) 
ဖိလစ်ပိုင်

မူပိုင် ©: 2016

No comments:

Recent Comments