Pages

Saturday, August 12, 2017

ဘန်ကောက်မြို့လယ်က ဘာလင်တံတိုင်း (The Berlin Wall in downtown Bangkok)

သံဆူးတံတိုင်းတွေနဲ့ ကွန်ကရစ်နံရံတွေ 
ဘာလင်မြို့လယ်မှာ ပေါ်ထွန်းလာ
ဂျာမဏီက လေပြည်နဲ့ နေရောင်တွေကို ပိုင်းခြားလို့
၂၀ ရာစု နေရောင်နဲ့ လေပြည်တွေကို ပိုင်းခြားလို့
တကယ့်ကို ကွန်ကရစ် စစ်စစ်
လူတယောက်ကို ဖမ်းချုပ်၊ နှစ်ပိုင်းခွဲခြမ်းလို့
ဂုဏ်ကြွနေတဲ့ ကွန်မြူနစ်အစိုးရက
ရူးဆိုး (Rousseau) အဆိုကို ကောင်းကောင်းအသုံးချလို့
လူတိုင်းဟာ လွတ်လပ်စွာမွေးဖွားလာကြပေမယ့်
နေရာတိုင်းမှာ သူ့အတွက် သံကြိုးတည်းနှောင်ထားတာချည်း
တိမ်ခိုးနဲ့ ပန်းများကို
ရာဇဝတ်သင့်စေသော နေ့အိပ်မက်များအဖြစ် ပြောင်းပစ်
စိတ်ကူးဝါဒ နဲ့ လူတန်းစား သိမြင်မှုတွေက
အမြင့်မြတ်ဆုံး အမှန်တရားများ ဖြစ်လာ။
နိုင်ငံသား ဆိုတာက တားမြစ်ထားတဲ့ ကျမ်းစာစာသားများဖြစ်လာ
(ဒီအပေါ်) ဘုရားသခင်တောင်မှ လာရှုပ်လို့မရတော့ဘူး။
လူသားတိုင်းဟာ နှောင်ကြိုးနဲ့ မွေးဖွားလာကြ
ဒါကြောင့် ကမ္ဘာကြီးက လွတ်လပ်မှုကို ရှာဖွေနေ
ဒါကြောင့် အချို့အုပ်စုများက ပန်းပင်များစိုက်ကြ
ကင်းမျှော်စင်ပေါ်က စောင့်ကြည့်နေသူများထံ ရောင်းချကြ
ဘုရားသခင်ဆန် မြင့်မြတ်တဲ့ စည်းကြပ်သူ၊ စောင့်ကြည့်သူ အားလုံးကို ပူဇော်ကြ
သူတို့အတွက် ဒုက္ခမရောက်စေဖို့
သူတို့အတွက် အမြင့်ကမကျစေဖို့
ပန်းစိုက်တဲ့အတွက် သာမန်လူများကို ကျိန်စာသင့်စေလို့
တိမ်ခိုးများနဲ့ ပန်းများ
၂၀ ရာစုရဲ့ ရာဇဝတ်မှုဆန်တဲ့ နေ့အိပ်မက်များ
ဂျာမဏီက ဘာလင်တံတိုင်းကို 
အစိတ်စိတ် ထုဖြိုချလိုက်တော့
ကမ္ဘာကြီးက တစ်ဖက်ခြမ်းရဲ့ အမှန်တရားကို တွေ့ကြရတယ်
စိတ်ကူးဝါဒနဲ့ လူတန်းစား သိမြင်မှု
အမြင့်မြတ်ဆုံး အမှန်တရားများအတွက် အိပ်မက်များက 
ပိုပြီး နေ့အိပ်မက်တခုဆန်လာ
ဘန်ကောက်မြို့လယ်မှာလည်း တဖြည်းဖြည်း
၂၁-ရာစု ဘာလံတံတိုင်း ပုံပေါ်လာ
ကျောက်ဖရာမြစ်ဝှမ်းရဲ့ နေရောင်နဲ့ လေပြည်တွေကို ပိုင်းခြားလို့
ကျနော်တို့ရဲ့ နှလုံးသားတွေထဲက အမှောင်နဲ့ အလင်းကို ပိုင်းခြားလို့
လူတယောက်၊ အုတ်တချပ်စီနဲ့
အမုန်းတရား အုတ်မြစ်က မြင့်တက်လာခဲ့တယ်
လူတယောက်၊ အုတ်တချပ်စီနဲ့
ရူးသွပ်မှုက မြင့်တက်လာခဲ့တယ်
လူတန်းစားတွေကို ဖယ်ရှားဖို့
တံတိုင်းတခုလိုတယ်ဆိုပြီးကတည်းက ဘယ်သူမှ မမေးကြတော့ဘူး
လူတိုင်းသိကြပြီး၊ ပြောင်ကျကျ မြင်နိုင်ပြီး
လူတွေက လှည့်မွှေ့မောင်းနှင်တဲ့ အာဏာတွေ ထိန်းသိမ်းထားဖို့ သဘောတူကြတယ်
လူတွေက အမှားတွေဆက်လုပ်ဖို့ သဘောတူကြတယ်
သူ့သမိုင်းကိုယ်တိုင်ရေးဖို့
တံတိုင်းကို ဖြိုချခဲ့ချိန်
ဆက်ဖြစ်နေတယ်ဆိုတာ သူသိပေမယ့်
အမှန်တရားရဲ့ တစ်ဘက်ကမ်းက တို့ကို စောင့်ကြည့်နေခဲ့တယ်။*

* ဟာရိုး ပင်တာ (Harold Pinter) ၏ အဆို၊ စာရေးဆရာတဦး၏ တာဝန်သည် မှန်များကို ရိုက်ခွဲရန်ပင် ဖြစ်သည်ဟူသော စာသားကို မှီငြိမ်းသည်။

အရှေ့တောင်အာရှ စာရေးဆရာဆုရှင်၊ ဆီရီဝုန် ကဲယောက်ကန် (Siriworn Kaewkan)၊ ထိုင်းကဗျာ

No comments:

Recent Comments