Pages

Sunday, August 13, 2017

ဘန်ကောက်မြို့လယ်က ဘာလင်တံတိုင်း-၂ (The Berlin Wall in downtown Bangkok 2)

ကောင်းတာက 
ကျနော်တို့ နေစရာနောက်တနှစ် ရှိသေးတယ်။
လူအများက ဒီမိနစ်ကို စုဆောင်းထားဖို့တောင် မရှိတာ သိပ်ဆိုးတာပေါ့
ဘဝဟာ တစုံတရာတော့ ကြီးမြတ်ပါတယ်
အချစ်က ဒီထက်ပိုတာပေါ့။

ကောင်းတာက
ကျနော်တို့ နေစရာနောက်တနှစ် ရှိသေးတယ်။
လူအများက ဒီမိနစ်ကို စုဆောင်းထားဖို့တောင် မရှိတာ သိပ်ဆိုးတာပေါ့
အိပ်မက်နေတာက တစုံတရာ ကြီးမြတ်ပါတယ်
လက်တွေ့ဘဝက ဒီထက် ပိုတာပေါ့။

ကျနော်တို့ နေစရာနောက်တနှစ် ရှိသေးတယ်
ဆိုးတာက ကျနော်တို့က အလင်းရောင်နဲ့ အရိပ်တွေမှာ
ရယ်စရာကောင်းလောက်အောင် သိမ်းကြုံးယူငင်နေကြတယ် 
ပိုပြီး စစ်မှန်တဲ့ အမှန်တရားကို မျှော်လင့်ရင်းနဲ့

ကောင်းတာက
ကျနော်တို့ နေစရာနောက်တနှစ် ရှိသေးတယ်။
ဘာလင်တံတိုင်းကို သေစေခဲ့တာ ဘယ်လောက်ရှက်စရာ ကောင်းသလဲ
ဘန်ကောက်မြို့လယ်ရဲ့
မီးခိုးများ၊ မီးတောက်များက ပြန်ပေါက်ဖွားလာခဲ့ပြီ။

အရှေ့တောင်အာရှ စာရေးဆရာဆုရှင်၊ ဆီရီဝုန် ကဲယောက်ကန် (Siriworn Kaewkan)၊ ထိုင်းကဗျာ

No comments:

Recent Comments